လေဒီဂါဂါနှင့် ခရစ်ရှန်ကာရီနိုတို့က စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်း
24htopnews | August 9, 2024 3:12 PM CST

ပေါ့ပ်အဆိုတော် လေဒီဂါဂါနှင့် talent agent ခရစ်ရှန်ကာရီနိုတို့က စေ့စပ်ကြောင်းလမ်းထားမှုကို ဖျက်သိမ်းလိုက်သည်ဟု လေဒီဂါဂါ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အတည်ပြုခဲ့သည်။ “သူတို့ရဲ့ ချစ်ဇာတ်လမ်းက အဆုံးသတ်သွားပါပြီ” ဟု အမည်မဖော်သည့် သတင်းရင်းမြစ်တစ်ဦးက People မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။
ဂါဂါသည် သရုပ်ဆောင် တေလာကင်နေနှင့် စေ့စပ်ထားမှုကို ဖျက်သိမ်းခဲ့ပြီး ခုနစ်လအကြာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီတွင် ကာရီနိုနှင့် တွဲခဲ့သည်။
အသက် ၃၂ နှစ်အရွယ်ရှိ ဂါဂါနှင့် အသက် ၄၉ နှစ်အရွယ်ရှိ ကာရီနိုတို့သည် လော့စ်အိန်ဂျလိစ်တွင် ဇန်နဝါရီက ကျင်းပခဲ့သည့် ရွှေကမ္ဘာလုံးဆုပေးပွဲနှင့် Screen Actors Guild ဆုပေးပွဲသို့ အတူတက်ရောက်ခဲ့ကြသည်။ ဖေဖော်ဝါရီ ၁၀ ရက်က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် ဂါဂါ၏လက်၌ စေ့စပ်လက်စွပ် မဝတ်ထားသည်ကို ပရိသတ်များက သတိပြုမိခဲ့ကြသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်