
ပြင်သစ်အော်စကာဆုပေးပွဲဟု ခေါ်ဆိုသည့် Cesar ဆုပေးပွဲတွင် အိမ်တွင်းအကြမ်းဖက်မှုနှင့် ကွာရှင်းထားသည့်စုံတွဲက သားဖြစ်သူကို ထိန်းသိမ်းစောင့်ရှောက်ခွင့်အတွက် အသေအလဲ ကြိုးစားကြသည့်အကြောင်း ရိုက်ကူးထားသည့် Custody ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု၊ အမျိုးသမီးသရုပ်ဆောင်ဆု၊ ဇာတ်ညွှန်းဆုနှင့် တည်းဖြတ်ဆုများကို ဆွတ်ခူးခဲ့သည်။
ပြင်သစ်တွင်Jusqa’s la garde အမည်ဖြင့် ဖြန့်ချိခဲ့သည့် ယင်းဇာတ်ကားသည် ဒါရိုက်တာ Xavier Legrand ၏ ပွဲဦးထွက် ဇာတ်ကားလည်း ဖြစ်သည်။ Lea Drucker နှင့် Denis Menochet တို့ အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ထားသည့် ယင်းဇာတ်ကားသည် (၇၄) ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင်လည်း ငွေခြင်္သေ့ဆု ဆွတ်ခူးခဲ့သည်။
“ဒီဇာတ်ကားရိုက်ကူးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ ပြင်သစ်မှာ အတူနေလက်တွဲဖော် (ဒါမှမဟုတ်) လမ်းခွဲခဲ့တဲ့ လက်တွဲဖော်တွေကြောင့် အမျိုးသမီး ၁၂၃ ဦး သေဆုံးခဲ့ရတယ်” ဟု Legrand က ပြောကြားခဲ့သည်။
Custody ဇာတ်ကားတွင် အိမ်ထောင်ရေးပြိုကွဲခဲ့ပြီးနောက် ပြန်လည်နာလန်ထူရန် ရုန်းကန်ခဲ့ရပြီး ညှဉ်းပန်းနှိပ်စက်သည့် ခင်ပွန်းဟောင်းထံမှ သားဖြစ်သူကို အုပ်ထိန်းခွင့်ရရန် ကြိုးစားခဲ့သည့် အမျိုးသမီး Miriam အဖြစ် သရုပ်ဆောင်ခဲ့သည့် Lea Drucker က အကောင်းဆုံး အမျိုးသမီးဇာတ်ကောင်ဆုကို ဆွတ်ခူးခဲ့သည်။
“ဒီဆုဟာ စိတ်ကူးယဉ်ဘဝလိုမဟုတ်ဘဲ လက်တွေ့မှာ ဝမ်းနည်းဖွယ်ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတွေအားလုံးနဲ့ သက်ဆိုင်ပါတယ်” ဟု Drucker က ဆုလက်ခံရယူစဉ် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၂ ရက်တွင် ပါရီ၌ကျင်းပခဲ့သည့် ယင်းဆုပေးပွဲတွင် ဒါရိုက်တာ Jacques Audiard က The Sisters Brothers (Les Freres Sisters) ဇာတ်ကားဖြင့် အကောင်းဆုံးဒါရိုက်တာဆုကို ဆွတ်ခူးခဲ့ပြီး Alex Lutz က Guy ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို ဆွတ်ခူးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်