
Disney ၏ ဇာတ်ကားသစ်ဖြစ်သော Maleficent: Mistress of Evil ဇာတ်ကားသည် ပွဲဦးထွက် ဝင်ငွေ ဒေါ်လာ ၃၆ သန်း ရရှိခဲ့ပြီး ယခုသီတင်းပတ်တွင် မြောက်အမေရိက၏ဝင်ငွေ အကောင်းဆုံးရုပ်ရှင် ဖြစ်လာခဲ့ကြောင်း လက်မှတ်ဝင်ငွေ လေ့လာရေးအဖွဲ့က အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့သော မူလ Maleficent ဇာတ်ကားသည် မြောက်အမေရိက၌ ပွဲဦးထွက် ဝင်ငွေ ဒေါ်လာ ၆၉.၄ သန်း ရရှိခဲ့ပြီး နိုင်ငံတကာတွင် ရုံတင်ပြသမှုမှ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၇၅၈ သန်းထိ ရရှိခဲ့သောဇာတ်ကား ဖြစ်သည်။
ပဥ္စလက်နယ်မြေတွင် နေထိုင်ကြသော ဒဏ္ဍာရီလာသတ္တဝါများကို သတ်ဖြတ်ရန် အကြံထုတ်နေသည့် ဘုရင်မ Ingrith နှင့် စွမ်းအားကြီးသော ဒဏ္ဍာရီလာ ဇာတ်ကောင် Maleficent တို့အကြား ဖြစ်ပွားသော ရင်ဆိုင်တိုက်ပွဲတွင် Maleficent သည် သမ္ဘာရင့် စစ်သည်များ၊ အပယ်ခံ သတ္တဝါများနှင့် ပူးပေါင်းကာ ကောက်ကျစ်သည့် ဘုရင်မ Ingrith နှင့် ၎င်း၏ အင်အားကြီးစစ်တပ်အား တိုက်ခိုက်အနိုင်ယူသည့် အကြောင်းကို ယင်းဇာတ်ကားထဲတွင် စိတ်ဝင်စားဖွယ် ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်သည်။
ယခင် Maleficent ဇာတ်ကား၏ နောက်ဆက်တွဲအဖြစ် ထွက်ရှိလာသော Maleficent: Mistress of Evil ဇာတ်ကားထဲတွင် Maleficent ဇာတ်ကောင်နေရာ၌ သရုပ်ဆောင် အန်ဂျလီနာဂျိုလီ ကပင် ပါဝင် သရုပ်ဆောင်ထားပြီး Sleeping Beauty မင်းသမီးဇာတ်ကောင်နေရာတွင် Elle Fanning ၊ ဘုရင်မ Ingrith ဇာတ်ကောင် နေရာတွင် Michaelle Pfeiffer တို့က ပါဝင်သရုပ်ဆောင်ထားသည်။
ယခင်သီတင်းပတ်၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင် ဖြစ်ခဲ့သော Joker ဇာတ်ကားသည် အောက်တိုဘာ ၁၈ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ ရုံတင်ပြသရာတွင် ဝင်ငွေ ဒေါ်လာ ၂၉ ဒသမ၂ သန်း ရရှိခဲ့ကာ ဝင်ငွေ အကောင်းဆုံးရုပ်ရှင်စာရင်း၏ နံပါတ်နှစ်နေရာသို့ ကျဆင်းသွားခဲ့သည်။
Sony မှဖန်တီးထုတ်လုပ်ထားသော တစ္ဆေကောင် ဟာသဇာတ်ကား Zombie-Iand: Double Tap သည် ပွဲဦးထွက်ဝင်ငွေ ဒေါ်လာ ၂၆ ဒသမ ၇ သန်းဖြင့် ဝင်ငွေ အကောင်းဆုံးရုပ်ရှင်စာရင်း၏ နံပါတ်သုံးနေရာတွင် ရပ်တည်နေပြီး The Addams Family အန်နီ မေးရှင်းဇာတ်ကားမှာ ဝင်ငွေဒေါ်လာ ၁၆ ဒသမ ၁ သန်းဖြင့် စာရင်း၏ နံပါတ်လေး နေရာတွင် ရှိနေသည်။ မင်းသားကြီး ဝီလ်စမစ် ပါဝင်သရုပ်ဆောင်ထားသော Gemini Man အက်ရှင် ဇာတ်ကားသည် ဝင်ငွေဒေါ်လာ ၈ ဒသမ ၅ သန်းဖြင့် မြောက်အမေရိက ဝင်ငွေ အကောင်းဆုံးရုပ်ရှင် စာရင်း၏ နံပါတ် ငါးနေရာတွင် ရပ်တည်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်