
အမေရိကန်နှင့် တရုတ်စတူဒီယိုတို့ ပူးပေါင်းဖန်တီးခဲ့သည့် အန်နီမေးရှင်းဇာတ်ကား Abominable တွင် အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ကို တရုတ်ကပိုင်ဆိုင်သည်ဟု အခိုင်အမာပြောကြားမှုကို ထောက်ခံထားသည့် မြေပုံတစ်ခု ထည့်သွင်းဖော်ပြထားမှုကြောင့် ယင်းဇာတ်ကားကို ဗီယက်နမ်တွင် ပြသခွင့် ပိတ်ပင်ခဲ့သည်။
သဘာဝရင်းမြစ်ကြွယ်ဝသည့် တောင်တရုတ်ပင်လယ်ကို တရုတ်က ၎င်း၏ပိုင်နက်အဖြစ် မျဉ်းကိုးခုုဖြင့် ပိုင်းခြားသတ်မှတ်ထားသည့် မြေပုံတစ်ခုကို ယင်းဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခုတွင် ဖော်ပြခဲ့သည်။
Yi အမည်ရ တရုတ်ဆယ်ကျော်သက် မိန်းကလေးတစ်ဦးနှင့် သူငယ်ချင်းများက နှင်းလူတစ်ကောင်ကို ဟိမဝန္တာသို ့ပြန်လည်ပို့ဆောင်ပေးရန် ကြိုးစားခဲ့ရာမှ ကြုံတွေ့ခဲ့သည့် အဖြစ်အပျက်များကို ရိုက်ကူးထားသည့် ယင်း ဇာတ်ကားတွင် ကလိုရီဘန်းနက်၊ ဂျိုးဆက်အစ် ဇို၊ Tenzing Norgay Trainor ၊ Albert Tsai ၊ Eddie Izzard ၊ Sarah Paulson ၊ Tsai Chin နှင့် မီရှယ်ဝေါင်တို့က နောက်ခံအသံဖြင့် ပါဝင်သရုပ်ဆောင်ထားသည်။
Dream Works Animation နှင့် တရုတ် အခြေစိုက် Pearl Studio တို့ ပူးပေါင်းဖန်တီးသည့် ယင်းဇာတ်ကားကို ဗီယက်နမ်တွင် သီတင်းတစ်ပတ်ကြာပြသခဲ့ပြီးမှ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်ဟု အစိုးရပိုင် Tuoi Tre သတင်းစာတွင် ဖော်ပြခဲ့သည်။
ယင်းဇာတ်ကားနှင့် ဆက်စပ်သည့် ကြော်ငြာများနှင့် အခြားသတင်း အချက်အလက်များကိုလည်း ဗီယက်နမ်ဖြန့်ချိရေးကုမ္ပဏီများ၏ ဝက်ဘ်ဆိုက်များနှင့် လူမှုမီဒီယာအကောင့်များမှ ဖယ်ရှားခဲ့သည်။ ယင်းဇာတ်ဝင်ခန်းနှင့်ပတ်သက်ပြီး မေးမြန်းခဲ့မှုကို Dream works မှ တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့ခြင်း မရှိပေ။ အလားတူပင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယင်းအကြောင်းအရာအတွက် မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခဲ့ခြင်း မရှိပေ။
အဆိုပါ အငြင်းပွားဖွယ်ဇာတ်ဝင်ခန်းကို ဖြတ်တောက်ရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၁၆ ရက်တွင် Dream works စတူဒီယိုကို ပြောကြားခဲ့သည်။သမ္မတ ရိုဒရီဂိုဒူတာတေး၏ ပြောခွင့်ရပုဂ္ဂိုလ်ကမူ Abominable ဇာတ်ကားကို ဖိလစ်ပိုင်ရုပ်ရှင်ရုံများ၌ ပြသမှုအား ပိတ်ပင်မှုပြု၊ မပြုကို ရုပ်ရှင်ဆင်ဆာအဖွဲ့က ဆုံးဖြတ်သင့်သည်ဟု အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ဒေါ်လာ ၇၅ သန်း အကုန်ကျခံ ရိုက်ကူးခဲ့သည့် ယင်းဇာတ်ကားကို စက်တင်ဘာ ၁၇ ရက်တွင် ဖြန့်ချိခဲ့ရာ ကမ္ဘာတစ်ဝန်း လက်မှတ် ရောင်းချမှုဝင်ငွေ ဒေါ်လာ ၁၁၃ သန်းကျော် ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်