
ရှန်ဟိုင်း Fashion Week Hugo Boss Show တွင် မြန်မာ မော်ဒယ်လ် အောန်ဆိုင်းသည် Runway Model အဖြစ် ပါဝင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ မော်ဒယ်လ် အောန်ဆိုင်းသည် အဆိုပါ ဖက်ရှင်ရှိုးတွင် ပါဝင်ရန်အတွက် ရှန်ဟိုင်းသို့ ရောက်ရှိလျက်ရှိကာ ရီဟာဇယ်များနှင့် Photo Shoot များ၌ ပါဝင်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ထိပ်တန်းမော်ဒယ်လ်တစ်ဦးဖြစ်သူ အောန်ဆိုင်းသည် နိုင်ငံတကာမှ ထိပ်တန်းမော်ဒယ်လ်များနှင့်အတူ ရှန်ဟိုင်းတွင်ပြုလုပ်မည့် ရှန်ဟိုင်း Fashion Week တွင် ပါဝင်လျှောက်လှမ်းခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
“မော်ဒယ်လ်လောကထဲကို အောန်ဆိုင်း စဝင်ကတည်းက မက်ခဲ့တဲ့အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့ပါပြီ။ ရှန်ဟိုင်း Fashion Week မှာ ပါဝင်ဖို့အတွက် Hugo Boss က Runway Model အနေနဲ့ ဖိတ်ကြားပေးတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ အရမ်းလည်း စိတ်လှုပ်ရှားနေပါတယ်။ အကောင်းဆုံးလည်း ကြိုးစားပြင်ဆင်သွားမှာပါ” ဟု မော်ဒယ်လ် အောန်ဆိုင်းက ပရိသတ်များထံ အသိပေးထားသည်။
မော်ဒယ်လ် အောန်ဆိုင်းသည် သရုပ်ဆောင်မော်ဒယ်လ်တစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်ကာ ထိပ်တန်းမော်ဒယ်လ်တစ်ဦးအဖြစ် ပရိသတ်များ လက်ခံအားပေးမှုရရှိထားသူ ဖြစ်သည်။ ရှန်ဟိုင်း Fashion Week Hugo Boss Show အား အောက်တိုဘာ ၁၈ ရက် ညနေ ၆ နာရီခွဲအချိန်တွင် ကျင်းပခဲ့ကာ မော်ဒယ်လ် အောန်ဆိုင်းက ပါဝင်လျှောက်လှမ်းခဲ့ခြင်း ဖြစ်သည်။ မော်ဒယ်လ် အောန်ဆိုင်းသည် လတ်တလောတွင် ပြည်တွင်း၌ပြုလုပ်သည့် ဖက်ရှင်ရှိုးများတွင် ပါဝင်လျက်ရှိသည့်အပြင် ယခုအခါ ပြည်ပဖက်ရှင်ရှိုးတွင် ပါဝင်လျှောက်လှမ်းလာခြင်း ဖြစ်သည်။ ပြည်တွင်းနှင့် နိုင်ငံတကာမှ ဖက်ရှင်ရှိုးများတွင် ထပ်မံပါဝင်နိုင်ရန်လည်း စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်