
တန်ဖိုးကြီးသည့် လက်ဝတ်ရတနာများ စုဆောင်းမှုတို့အပါအဝင် ခမ်းနားထည်ဝါသည့် နေထိုင်မှုပုံစံအပြင် အမျိုးသား ခုနစ်ဦး နှင့် လက်ထပ်ခဲ့ပြီး မင်္ဂလာပွဲရှစ်ကြိမ်ကျင်းပခဲ့သည့် မင်းသမီးတစ်ဦးအဖြစ် နိုင်ငံတကာတွင် ထင်ရှားခဲ့သည့် အလိဇဘတ်တေလာ၏ အသုံးအဆောင်ပစ္စည်းများကို လေလံတင် ရောင်းချမည်ဖြစ်သည်။
ကွယ်လွန်သူ ဟောလိဝုဒ်အကျော်အမော်သရုပ်ဆောင် အလိဇဘတ်တေလာ ပိုင်ဆိုင်သည့် ပစ္စည်းများထဲမှ ရွှေရောင်ကွင်း ဆက်ခါးပတ်၊ ခမ်းနားသည့်ပိုးအကျႌ၊ ဘော်ကြယ်စီခြယ်ထားသည့် အနက်ရောင် Versace သားရေဂျာကင်အကျႌတို့ကို အတ္တလန္တိတ်တစ်ဝန်းကို ဖြတ်သန်းမည့် နာမည်ကျော် Queen Mary 2 ပင်လယ်ကူးသင်္ဘောပေါ်တွင် ပြသမည်ဖြစ်ရာ သင်္ဘောပေါ်တွင် လိုက်ပါမည့် ခရီးသည်များသည် ဦးစွာမြင် တွေ့ခွင့်ရမည်ဖြစ်သည်။
အတ္တလန္တိတ်တစ်ဝန်း ဖြတ်သန်းပြီး နောက် ယင်းပစ္စည်းများကို အိုင်ယာလန်နိုင်ငံရှိ Newbridge Silverware ၏ Museum of Style Icons တွင် ပြသမည်ဖြစ်သည်။ ယင်းမှတစ်ဆင့် ကယ်လီဖိုးနီးယားသို့ သယ်ဆောင်လာပြီး ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်အထိ အွန်လိုင်းလေလံပွဲနှင့် ဘီဗာလီဟေးပြပွဲတို့တွင် လေလံတင်မည်ဖြစ်သည်။
လေလံတင်ရောင်းချရာတွင် ရွှေရောင်ခါးပတ်သည် ဒေါ်လာ ၁,၀၀၀ နှင့် ဒေါ်လာ ၂,၀၀၀ အကြားရရှိနိုင်ပြီး Johnny Carson ၏ Talk Show အစီအစဉ်တွင် ဝတ်ဆင်ခဲ့သည့် အနက်ရောင် Versace ဂျာကင်အကျႌ သည် ဒေါ်လာ ၄,၀၀၀ နှင့် ဒေါ်လာ ၆,၀၀၀ အကြား ရရှိနိုင်သည်ဟု Julien’s လေလံလုပ်ငန်းက ခန့်မှန်းခဲ့သည်။
အလိဇဘတ်တေလာသည် ကာလကြာ နာမကျန်းဖြစ်ပြီး အသက် ၇၉ နှစ်အရွယ် ၂၀၁၁ ခုနှစ် မတ် ၂၃ ရက်တွင် ကွယ်လွန်ခဲ့ သည်။ အလိဇဘတ်တေလာကွယ်လွန်ခဲ့ပြီးနောက် ၎င်း၏တန်ဖိုးကြီးအဝတ်အစားများ၊ လက်ဝတ်ရတနာများနှင့် အနုပညာပစ္စည်းများကို Christie’s လေလံလုပ်ငန်းက နယူးယောက်တွင် လေလံတင်ခဲ့ရာ ဒေါ်လာ ၁၅၆ သန်း ရရှိခဲ့သည်။
Butterfield 8 ၊ Who’s Afraid of Virginia Woolf? ဇာတ်ကားတို့ဖြင့် အော်စကာအမျိုးသမီးသရုပ်ဆောင် ရရှိခဲ့သည့် အဲလိဇဘတ်တေလာသည် ကိုယ်ပိုင်အမည်ဖြင့် ရေမွှေးစတင်ထုတ်ခဲ့သည့် ပထမဆုံးအနု ပညာရှင်တစ်ဦးဖြစ်သည်။
တေလာသည် HIV/AIDS တက်ကြွ လှုပ်ရှားမှုတွင် ပထမဆုံးပါဝင်ခဲ့သည့် အနုပညာရှင်များထဲမှ တစ်ဦးလည်းဖြစ်သည်။ တေလာသည် ၁၉၈၅ ခုနှစ်တွင် AIDS သုတေသနဆိုင်ရာ အမေရိကန်ဖောင်ဒေး ရှင်း (Am FAR) ကို ပူးတွဲတည်ထောင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်