
အသစ်ထွက်လာသည့် ရုပ်ရှင်ကားနှစ်ကားနှင့် ယှဉ်ပြိုင်ရမှုများရှိကာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော်လည်း Suicide Squad ရုပ်ရှင်သည် ဝင်ငွေအများဆုံး ရုပ်ရှင် စာရင်း၏ ထိပ်ဆုံးတွင် သီတင်းနှစ်ပတ်ဆက်တိုက် ရပ်တည်ခဲ့သည်။
လျှို့ဝှက်တာဝန်ထမ်းဆောင်ရန် တာဝန်ပေးခံရသည့် အန္တရာယ်များသော ရာဇဝတ်ကောင်များအဖွဲ့ အကြောင်းရိုက်ကူးထားသော ထိုအက်ရှင်ရုပ်ရှင်သည် ပြသသည့် ဒုတိယမြောက် သီတင်းပတ်တွင် ဝင်ငွေ ဒေါ်လာ ၄၃ ဒသမ ၈ သန်းရရှိခဲ့သည်။
Suicide Squad သည် စာရင်း၏ ထိပ်ဆုံး၌ ဆက်လက် ရပ်တည်နေသော်လည်း စတင် ပြသသည့် ပထမသီတင်းပတ်အတွင်းက ဒေါ်လာ ၁၃၃ ဒသမ ၇ သန်းရရှိခဲ့ရာမှ ဝင်ငွေထိုးကျခဲ့ခြင်းဖြစ်သည်။
စာရင်း၏ ဒုတိယနေရာတွင် ရပ်တည်နေသည့် ဇာတ်ကားမှာ အရွယ်ရောက်ပြီးသူများသာ ကြည့်ရန်သင့်တော်သည့် အန်နီမေးရှင်းကား Sausage Party ဖြစ်သည်။ ထို ရုပ်ရှင်ထဲ၌ အဓိကဇာတ်ရုပ်၏ အသံသရုပ်ဆောင်မှာ ဆက်ရိုဂန်ဖြစ်သည်။
Sausage Partyသည် ပွဲဦးထွက်ပြသသည့် သီတင်းပတ်တွင် ဒေါ်လာ ၃၃ ဒသမ ၆ သန်းရရှိထားသည်။ နောက်ထပ် ရုပ်ရှင်ကားသစ်တစ်ကားဖြစ်သည့် Pete's Dragon သည် ဝင်ငွေဒေါ် လာ ၂၁ ဒသမ ၅ သန်းဖြင့် တတိယမြောက် ဝင်ငွေအများဆုံး ဇာတ်ကားအဖြစ် ရပ်တည်နေသည်။
မိဘမဲ့ ကောင်လေးတစ်ယောက်နှင့် (ကွန်ပျူတာအထူးပြုလုပ်ချက်သုံး၍ ဖန်တီးထားသော ) နဂါးတစ်ကောင်တို့ မိတ်ဆွေ ဖြစ်သည့်အကြောင်းကို ရိုက်ကူးထားသည့် Pete's Dragon သည် ၁၉၇၇ ခုနှစ်က ရုပ်ရှင်ကို ဒစ္စနေက ပြန်လည် ဆန်းသစ်ထားခြင်း ဖြစ်သည်။
မက်ဒေမွန် အဓိကပါဝင်သရုပ်ဆောင်ထားသော သူလျှိုဇာတ်လမ်းဖြစ် Jason Bourne သည် ဝင်ငွေဒေါ်လာ ၁၃ ဒသမ ၆ သန်းဖြင့် စတုတ္ထနေရာတွင် ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်