
General Hospital၊ American Housewife နှင့် အခြားရုပ်သံဇာတ်လမ်းတွဲများ၌ ၎င်း၏သရုပ်ဆောင်မှုများဖြင့် လူသိများသည့် အမေရိကန်သရုပ်ဆောင်မင်းသမီး လင်ဆေးအဲရင်ပီရယ်မန်းသည် လော့စ်အိန်ဂျလိစ်မြို့တွင် ပျောက်ဆုံးနေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် သေဆုံး နေသည်ကို တွေ့ရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
အသက် ၄၃ နှစ်အရွယ် ပီရယ်မန်းသည် နေအိမ်သို့ပြန်မရောက်လာဘဲ သတင်းအစအန မကြားရတော့သဖြင့် ဖေဖော်ဝါရီ ၁၆ ရက်က ပျောက်ဆုံးကြောင်း တိုင်ကြားစာရရှိခဲ့သည်ဟု အယ်လ်အေရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် “ပီရယ်မန်း၏ မိသားစုနှင့် မိတ်ဆွေများက သူ့ရဲ့ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြပါတယ်” ဟုလည်း ပါရှိသည်။
ပီရယ်မန်းကို ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်ပိုင်းအချိန်တွင် နောက်ဆုံးတွေ့ရှိခဲ့ပြီး ၎င်းအားရှာဖွေရန် စုံစမ်းစစ်ဆေးသူများက လူအများထံအကူအညီတောင်းခံခဲ့သည်ဟု ABC 7 သတင်းတွင် ဖော်ပြထားသည်။
ဟောလိဝုဒ်၏ လူနေရပ်ကွက်တစ်ခုမှ သေဆုံးမှုစုံစမ်းစစ်ဆေးရန် ဖုန်းခေါ်ဆိုမှုတစ်ခုကို တာဝန်ရှိသူများက လက်ခံရရှိခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းတွင် ပီရယ်မန်း၏အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု လော့စ်အိန်ဂျလိစ်ရဲဌာနက ပြောကြားခဲ့သည်။
အယ်လ်အေခရိုင်ရဲမှူးရုံးက နောက်ပိုင်းတွင် ယင်းအလောင်းအား ပီရယ်မန်း၏အလောင်းအဖြစ် အတည်ပြုခဲ့သည်ဟ ုဆိုသည်။
ပီရယ်မန်း သေဆုံးရသည့်အကြောင်းအရင်းနှင့် ၎င်းပျောက်ဆုံးမှုအခြေအနေကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။
ပီရယ်မန်းသည် The Purge နှင့် Chicago Justice ကဲ့သို့ ရုပ်ရှင်များတွင်လည်း ပါဝင်သရုပ်ဆောင်ထားပြီး ၎င်း၏မွေးရပ်မြေဖြစ်သည့် ချီကာဂိုမြို့မှ ပြဇာတ်များတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။
သူသည် ၉၀ ခုနှစ်ဝန်းကျင်က R&B သီချင်းများကို ကြိုက်နှစ်သက်သူဖြစ်ပြီး တိရစ္ဆာန်များနှင့် လူသားများအရေးအတွက် တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်သည်ဟု ၎င်း၏အတ္ထုပတ္တိတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်