
Arthdal Chronicles ရာဇဝင်ဇာတ်လမ်းတွဲ Season 2 ထွက်လာမည့်သတင်းမှာ အတည်ဖြစ်ပြီး ရိုက်ကူးမှုများကို ယခုနှစ်ထဲစတင်သွားမည်ဟု Studio Dragon ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ကြေညာခဲ့သည်။
ပြသမည့်ရုပ်သံလိုင်းနှင့် သရုပ်ဆောင်ရွေးချယ်မှုများကိုမူ ဆွေးနွေးနေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင်ပြသနိုင်ရန် မျှော်မှန်းထားသည်။ Season 1 မှဇာတ်ညွှန်းရေး ဆရာနှစ်ဦးက Season 2 တွင်ဆက်လက်ပါဝင်မည်ဖြစ်ပြီး Kim Kwang Shik က ညွှန်ကြားရိုက်ကူးသွားမည်ဖြစ်သည်။
Season 1 တွင် သုံးပိုင်းခွဲထားပြီး တစ်ပိုင်းစီတွင် အပိုင်းတွဲခြောက်ပိုင်းပါဝင်ကာ tvN ရုပ်သံနှင့် Netflix တို့မှ ၂၀၁၉ ခုနှစ်၊ ဇွန် ၁ ရက်မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်အထိ ပြသသွားသည်။ ရိုက်ကူးရေးအတွက် ကိုရီးယားဝမ်ဘီလျံနှင့်ချီကုန်ခဲ့သည်။
အဓိကသရုပ်ဆောင်များက Song Joong Ki၊ Kim Ji Won၊ Jang Dong Gun၊ Kim Ok Bin တို့ဖြစ်ပြီး Season 2 တွင် Jang Dong Gun လည်းပြန်ပါလာဖွယ်ရှိနေသည်။ မည်သည့်သရုပ်ဆောင်များပြန်ပါလာပြီး မည်သည့်သရုပ်ဆောင်သစ်များ ထပ်ဖြည့်မည်ကို ပရိသတ်များရင်ခုန်စောင့်မျှော်လျက်ရှိသည်။
Song Joong Ki က ယခုနှစ်ထဲအခြား ဇာတ်ကားများလည်း လက်ခံရိုက်ကူးထားပြီး The Youngest Son of a Conglomerate ဒရာမာဇာတ်လမ်းတွဲနှင့် Bogota: City of the Lost ဇာတ်ကားတို့ရိုက်ကူးထားသည်။
Jang Dong Gun က Arthdal Chronicles ဒရာမာ Season 1 အပြီး မည့်သည့်ဇာတ်လမ်းတွဲမှ ရိုက်ကူးမထားဘဲ မင်းသမီး Kim Ji Won က My Liberation Diary ဇာတ်လမ်းတွဲသစ်ရိုက်ကူးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်