
အဆိုတော် ရီဟားနားနှင့် ချစ်သူအဖြစ် လက်တွဲနေပြီဖြစ်ကြောင်း အမေရိကန် ရက်ပ်အဆိုတော် ASAP Rocky က ပြောကြားခဲ့သည်။ GQ မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းမှုအတွင်း ASAP Rocky က ရီးဟားနားကို ၎င်းဘဝ၏ချစ်သူအဖြစ် ရည်ညွှန်းခဲ့သည်။
“ သူ (ရီဟားနား) က ကျွန်တော့်အတွက် တစ်ဦးတည်းသောသူပါ။ ကျွန်တော့်ရဲ့ တေးအယ်လ်ဘမ်သစ်မှာ သူ့အကြောင်းတွေပဲ လွှမ်းမိုးထားတာ” ဟု ၎င်းက ပြောကြားခဲ့သည်။
ရီဟားနား၏ Diamonds World Tour ကမ္ဘာလှည့်ဖျော်ဖြေပွဲတွင် ASAP Rocky ၏ ကူညီပေးမှုများရှိခဲ့သည့် ၂၀၁၃ ခုနှစ်ကတည်းက ၎င်းတို့နှစ်ဦး တွဲနေပြီဟူသော သတင်းများ စတင်ထွက်ရှိလာခဲ့သည်။ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့သော ASAP Rocky ၏ Fashion Killa တေးသီချင်းဗီဒီယိုတွင် ရီဟားနား ပါဝင်သီဆိုပေးထားသည်။
၂၀၁၉ ခုနှစ်တွင် စတော့ဟုမ်း၌ ဖြစ်ပွားသော ရန်ပွဲအတွင်း ကိုယ်ထိလက်ရောက်ကျူးလွန်မှုအတွက် ASAP Rocky မှာ ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရသည်။ နောက်ပိုင်းတွင် ယင်းအမှုနှင့်ပတ်သက်၍ ASAP Rocky သည် မတရားသဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်း သတင်းထွက်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်