
Salman Khan ပါဝင်သရုပ်ဆောင်ထားသော Radhe အက်ရှင်ဇာတ်ကားကို နိုင်ငံတကာရုပ်ရှင်ရုံများတွင် ရုံတင်ပြသမှုမှ ဝင်ငွေဒေါ်လာသုံးသိန်းကျော်ရရှိခဲ့ကြောင်း သိရသည်။
ဟိန္ဒီဘာသာစကားပြော အိန္ဒိယအက်ရှင်ဇာတ်ကား Radhe ကို ဒါရိုက်တာ Prabhu Deva ကရိုက်ကူးထားပြီး Salman Khan နှင့် Zee Studios တို့က ထုတ်ဝေပေးထားသည်။
Radhe ဇာတ်ကားကို ၂၀၂၀ ပြည့်နှစ် မေ ၂၂ ရက်တွင် ထုတ်ဝေဖြန့်ချိရန် ကနဦးစီစဉ်ထားသော်လည်း COVID-19 ကူးစက်ဖြစ်ပွားမှုများကြောင့် ပြသမည့်ရက်ကို ရွှေ့ဆိုင်းခဲ့ရကာ ၂၀၂၁ ခုနှစ် မေ ၁၃ ရက်တွင်မှ ရုံတင်ပြသခဲ့ခြင်းဖြစ်သည်။
သို့သော် လတ်တလောတွင် အိန္ဒိယ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေပြီး နိုင်ငံတွင်းရှိ ရုပ်ရှင်ရုံအားလုံးနီးပါးကို ပိတ်ထားခြင်းကြောင့် အခြားသောပြည်ပနိုင်ငံများရှိ ရုပ်ရှင်ရုံများ၌သာ ပြသခဲ့ရသောကြောင့် ရုံဝင်ငွေမှာ ခန့်မှန်းထားသည့်ပမာဏသို့ မရောက်ရှိခဲ့ပေ။
အိန္ဒိယတွင် မူးယစ်ရာဇဝတ်ဂိုဏ်းများ တဖြည်းဖြည်းများပြားလာသည်နှင့်အမျှ လူငယ်လူရွယ်အများအပြားမှာ မူးယစ်ဆေးစွဲကုန်ကြပြီး အသက်ဆုံးရှုံးကုန်ကြသည်။ ထိုအဖြစ်ကို ဟန့်တားရန်နှင့် မွမ်ဘိုင်းမြို့ကို မူးယစ်ကင်းစင်နယ်မြေ ဖြစ်လာစေရန်အတွက် မွမ်ဘိုင်းရဲတပ်ဖွဲ့က ရာထူးတာဝန်မှ ယာယီဆိုင်းငံ့ထားသည့် ရဲအရာရှိ Radhe ကို ပြန်လည်တာဝန်ထမ်းဆောင်ခိုင်းခဲ့သည်။
မွမ်ဘိုင်းမြို့အတွင်း မူးယစ်ဆေးရောင်းဝယ်သည့် လုပ်ငန်းများကို နှိမ်နင်းတိုက်ဖျက်နိုင်ရန်အတွက် Radhe သည် နှစ်ဖက်ပြိုင်ဘက်များဖြစ်သော Dagdu Dada နှင့် Dilwar ၏အဖွဲ့များကို ပူးပေါင်းအောင် လုပ်ဆောင်ခဲ့ပြီး မွမ်ဘိုင်းမြို့တွင်း မူးယစ်ဆေးကင်းစင်ရေးအတွက် ၎င်းတို့၏အကူအညီကို ယူခဲ့သည်။
မွမ်ဘိုင်းတွင် ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းကို လျှို့ဝှက်ဖွဲ့စည်းပြီး ထိုအဖွဲ့ဖြင့်မြို့တွင်း၌ မူးယစ်ဆေးဖြန့်ဖြူးရောင်းချရန် ကြိုးပမ်းနေသော သူဌေး Rana ကို ဖမ်းဆီးနိုင်ရန် ကြိုးပမ်းရာမှ Radhe တစ်ယောက် တွေ့ကြုံ ရင်ဆိုင်လာရသည့် အန္တရာယ်များ၊ အခက်အခဲများ၊ အဖြစ်အပျက်များကို Radhe အက်ရှင်ဇာတ်ကားတွင် စိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ပေးထားသည်။
Radhe အက်ရှင်ဇာတ်ကားတွင် Salman Khan က Radhe ဇာတ်ကောင်နေရာ၌ လည်းကောင်း၊ Randeep Hooda က Rana ဇာတ်ကောင်နေရာ၌လည်းကောင်း၊ Disha Patani က Diya Abhyankar ဇာတ်ကောင် နေရာ၌ လည်းကောင်း ပါဝင်သရုပ်ဆောင်ထားသည်။
အဆိုပါရုပ်ရှင်ဇာတ်ကားကို အိန္ဒိယရုပ်သံလိုင်းများဖြစ်သော Zee Plus နှင့် ZEE5 မှတစ်ဆင့်ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။
ထို့ပြင် နိုင်ငံပေါင်း ၆၄ နိုင်ငံကျော်တွင် ကြည့်ရှုနိုင်သော Apple TV ရုပ်သံလိုင်းမှလည်း ထုတ်လွှင့်မည်ဖြစ်ရာ ယင်းဇာတ်ကားသည် Apple TV ရုပ်သံလိုင်းတွင် ပထမဆုံးထုတ်လွှင့်သော ဘောလိဝုဒ်ရုပ်ရှင် ဖြစ်လာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်