လုံခြုံရေးအားနည်းတဲ့ရောဂါ
24htopnews | March 20, 2024 2:39 PM CST
ရေပူဖောင်းကို ရေအပြည့်ထည့်ပြီး
ဆူးလေတောထဲ ပစ်လှိမ့်လိုက်တယ်။
ဂျုံမုန့်ကို
ရေနဲ့လုံး၊ ပြား၊ ပါး ပါးလှီး။
အာလျတောမီး တုန့်နှေးသွားဖို့
ထိုးကျွေးလိုက်ရတဲ့ လောင်စာကအရင်းကြီးတယ်။
ရောဂါမျိုးစုံကို အကုန်ခံစားကြည့်ချင်တဲ့
စူးစမ်းမှုမျိုးလား။
အချိန်ကို ဆွဲမဆန့်နိုင်တော့
လျှာကို ခေါက်မထားနိုင်တော့
ဗိုက်ကို မှောက်မထားနိုင်တော့
လမ်းဘေးအစားအစာတွေခေါ်ဆောင်ရာ
လမ်းဘေးရောက်ကုန်တယ်။
လမ်းဘေးဆိုတာ
အိမ်ထဲလောက် မလုံခြုံဘူး
ခေတ်က အိမ်ထဲတောင် မလုံခြုံဘူးလေ။
မောင်ထိန်လင်း (မြို့သာ)
READ NEXT
-
ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ ဆန္ဒပြုပြီး မဲဆန္ဒနယ်ပြင်ပရောက် ပုံစံ (၁၅) ကြိုတင်မဲများ စာအိတ်ပွင့်လျက် ထပ်မံရောက်ရှိ
-
ရွေးကောက်ပွဲယှဉ်ပြိုင်သူအရေအတွက် လျှော့ချခဲ့သော်လည်း ကိုယ်စားလှယ်လောင်းအရည်အသွေးကို ဦးစားပေးထား၍ ယခင်ရွေးကောက်ပွဲထက် ပိုမိုအနိုင်ရရှိမည်ဟု SNLD ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား
-
ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူမှု ယခုနှစ် ကိုးလတာကာလအတွင်း တရုတ်ပြီးလျှင် မြန်မာနိုင်ငံက ဒုတိယနေရာတွင် ရှိနေ
-
ကချင်ပြည်နယ်တွင် တရုတ်-မြန်မာနယ်စပ်ဂိတ်ရှိသည့် ကန်ပိုင်တည်မြို့ကို KIA နှင့်ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်
-
အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ပရက်ဆော့ခွန်းအား ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်