Top News

အစီရင်ခံစာများက ထောက်ပြထားသည့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာအခြေအနေ
24htopnews | November 11, 2024 8:12 PM CST

မြန်မာ့စိုက်ပျိုးရေးသည် အခက်အခဲ များစွာနှင့် ရင်ဆိုင်နေရသည်။ လယ်ယာလုပ်ငန်းသည် ခန့်မှန်းရခက်သည့် ကုန်စျေး နှုန်းများနှင့် ဝယ်လိုအား၊ ထုတ်လုပ်စရိတ် ကြီးမြင့်မှု၊ ရာသီဥတုဖောက်ပြန်မှုနှင့် ပဋိပက္ခ၊ လုံခြုံရေးအခြေအနေများ စသည်တို့ကြောင့် ပို၍ပို၍ စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲအခက်အခဲများ၊ သယ်ယူပို့ဆောင်ရေးစရိတ်များ ကြီးမြင့်လာခြင်းနှင့် ကဏ္ဍအလိုက် စွမ်းဆောင်ရည်ကျဆင်းလာခြင်းတို့က အစားအစာဖြန့်ဖြူးခြင်းကိုထိခိုက်စေပြီး အထူးသဖြင့်လယ်သမားများ၏ သက်မွေးဝမ်းကျောင်းမှု၊ အစားအစာရရှိနိုင်မှု၊ ဝယ်ယူစားသုံးနိုင်မှုတို့ကို ထိခိုက်စေသည်။

ကုန်စည်သယ်ယူပို့ဆောင်ရေး၊ ကမ္ဘာ့ စျေးကွက်နှုန်းထားနှင့် အပြောင်းအလဲမြန် သည့် မူဝါဒအခင်းအကျင်းတို့ကြောင့် မရေ ရာမှုများ ပိုမိုဆိုးရွားလာ၍ ပြည်ပပို့ကုန်ရငွေ အပေါ် သက်ရောက်မှုရှိရာမှသည် ကုန်သွယ် မှုကိုပါ ထိခိုက်စေသည်။

          ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်အတွင်း အစား အစာ ပြည်ပပို့ကုန် ကိုးရာခိုင်နှုန်းနှင့် သွင်း ကုန် ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ နိုင်ငံခြားဝယ်လိုအား ကောင်းနေခြင်းကြောင့် ပို့ကုန်ဦးစားပေး ကုန်ပစ္စည်းစျေးနှုန်းအ တွက် ကောင်းမွန်သောအခြေအနေတစ်ခု ဖြစ်စေသော်လည်း ပြည်တွင်းဝယ်လိုအား အခြေအနေ အပြောင်းအလဲက နိုင်ငံခြား စျေးကွက်ကို လှုပ်ခတ်စေသည်။ ထို့ပြင် ကျပ် ငွေတန်ဖိုး ဆက်လက်ကျဆင်းနေခြင်းက သွင်းကုန်အပေါ် ဖိအားဖြစ်စေသည်။

စားနပ်ရိက္ခာ ဖူလုံမှု

          မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာမလုံ လောက်မှုအခြေအနေ ဆက်လက်မြင့်မား နေခြင်းက စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ အစားအ စာလက်လီစျေးနှုန်းများက နှစ်အလိုက်စံချိန် တင် မြင့်တက်နေသကဲ့သို့ ဆက်လက်မြင့် တက်နေဆဲဖြစ်သည့်အတွက် အစားအစာ ရယူစားသုံးနိုင်မှုအပေါ် သက်ရောက်နေ ကြောင်းလည်း ကမ္ဘာ့ဘဏ်၏အစီရင်ခံစာ တွင် ဖော်ပြထားသည်။

          ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ် အစောပိုင်းကာ လများ၌ ကျန်းမာရေးနှင့်ညီညွတ်သည့်အ ခြေခံ စားသောက်ကုန်စျေးနှုန်းများ ၂၉ နှင့် ၃၇ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့သည်။ ပဋိပက္ခဖြစ်ပွားနေသည့် ရခိုင်၊ ချင်း၊ ကယား နှင့် ရှမ်းပြည်နယ်တို့တွင် ကုန်စျေးနှုန်းအမြင့် ဆုံးဖြစ်ခဲ့ကြောင်း တွေ့ရှိရသည်။

          ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ပဋိပက္ခ ပိုမိုဆိုးရွားလာခြင်းနှင့် ကုန်စည်သယ်ယူပို့ ဆောင်ရေး ပြတ်တောက်ခြင်းများကြောင့် ကုန်စျေးနှုန်းမြင့်တက်လာခြင်းနှင့် စားနပ်   ရိက္ခာမလုံလောက်မှုများ ဖြစ်စေသည်။ နိုင်ငံ တွင်း အဆင်းရဲဆုံးပြည်သူများသည် မြင့် တက်လာသည့် အစားအစာစျေးနှုန်းများနှင့် ဝင်ငွေမမျှတသည့်အခါ အထူးသဖြင့် မြို့ပြ ဒေသများတွင် ဆင်းရဲမွဲတေမှုအခြေအနေ မှာ ဆိုးရွားလာသည်ဟုလည်း ဖော်ပြထား သည်။

          အစားအစာ လက်လီစျေးနှုန်းသည် တစ်နှစ်ထက်တစ်နှစ် ၅၄-၇၈ ရာခိုင်နှုန်း           အထိမြင့်တက်လာခဲ့သည်။ ၂၀၂၂ ခုနှစ်က တည်းက မြန်မာနိုင်ငံတစ်ဝန်း အစားအစာ အမျိုးအမည် စုံလင်စွာ စားသုံးနိုင်မှုအခြေ အနေသည် ကျဆင်းလာခဲ့ပြီး ဒီဇင်ဘာလ ၂၀၂၃ ခုနှစ်တွင် အိမ်ထောင်စုများ၏ ရာခိုင် နှုန်း ၅၀ ကျော်သည် အစားအစာအမျိုး အစားစုံလင်စွာ စားသုံးနိုင်မှု ကျဆင်းလာ ကြောင်း တင်ပြခဲ့ကြသည်။ အိမ်ထောင်စုများ က ၂၀၂၁ ခုနှစ်ကနည်းတူ အစားအစာ ပုံမှန် ရရှိနိုင်မှုအတွက် စိုးရိမ်နေရဆဲဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

          “ကုန်စျေးနှုန်း တက်တဲ့အကြောင်းပြော ကိုမပြောချင်တော့ဘူး။ မနေ့က ဟင်းချက် စရာသွားဝယ်တာ ဗမာကြက် ၂၅၀၀ စျေး၊ ပုစွန်သေးသေးလေးတွေ တစ်ဆယ်သား ၃၀၀၀၊ ကြက်သားအာလူးချက်မယ်စိတ်ကူး တော့ အာလူးဝယ်တာတစ်ဆယ်သား ၉၀၀ စျေးတဲ့။ အာလူးနှစ်လုံး ၁၅ ကျပ်သားရှိတယ် ၁၃၀၀ ပေးခဲ့ရတယ်။ ရွှေဖရုံသီးစိတ်သေး သေးလေးရယ် ၅၀၀၊ ဘူးသီးတစ်စိတ် ၁၀၀၀၊   ကန်စွန်းရွက်တစ်စည်း ၁၂၀၀၊ ဂေါ်ဖီတစ် ထုပ် ၄၀၀၀၊ သုံးထုပ် ၁၀၀၀၀ တဲ့။ ခရမ်းချဉ် သီးတစ်ဆယ်သား ၁၀၀၀၊ အကုန်အတက် စျေးချည်းပဲ”ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မတစ်ဦးက ပြောကြားခဲ့ သည်။

 

ကုန်ထုတ်လုပ်မှု

          စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသော် လည်း ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ် မိုးရာသီတွင် စပါးအထွက်နှုန်းသည် ပျမ်းမျှခုနစ်ရာခိုင်နှုန်း အထိတိုးတက်လာသောကြောင့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ၏ ကြံ့ကြံခံနိုင်စွမ်း ကို ဖော်ပြနေသည်။ ကွန်ပေါင်းဓာတ်မြေသြ ဇာစျေးနှုန်းများ ၃၈ ရာခိုင်နှုန်းခန့်နှင့် ယူရီး ယားဓာတ်မြေသြဇာစျေးနှုန်း ရာခိုင်နှုန်း ၅၀ အထိ ကျဆင်းလာခဲ့သဖြင့် ဓာတ်မြေသြဇာ ရရှိနိုင်မှုကောင်းမွန်လာခဲ့သည်။ လယ်သမား များ ဓာတ်မြေသြဇာအသုံးပြုမှု ၂၀ ရာခိုင် နှုန်းအထိ မြင့်တက်လာခဲ့သဖြင့် ၂၀၂၀ ပြည့် နှစ်အခြေအနေသို့ ပြန်လည်ရောက်ရှိလာ သည်ဟုဆိုနိုင်ပြီး ကုန်ထုတ်လုပ်မှုကိုအ ထောက်အပံ့ဖြစ်စေခဲ့သည်။ ထိုသို့အပြုသ ဘောဆောင်သည့် အရိပ်လက္ခဏာများနှင့် အတူ ဒေသအလိုက် ကုန်ထုတ်လုပ်မှုရလဒ် ကွာခြားမှုကိုလည်း တွေ့ရှိရသည်။ မလုံခြုံ သည့်ဒေသများ၊ ရေကြီးနစ်မြုပ်သည့်နယ် မြေများတွင် နေထိုင်ရသည့်လယ်သမားများ မှာမူ ဓာတ်မြေသြဇာအပါအဝင် သွင်းအား စုများရရှိနိုင်ရန် အခက်အခဲတွေ့ကြရသည်။ လောင်စာဆီနှင့် လုပ်အားခများ မြင့်တက် လာသဖြင့် လယ်ယာကုန်ထုတ်လုပ်ငန်းကုန် ကျစရိတ် ကြီးမြင့်လာကာ ကုန်ထုတ်လုပ်မှု ကိုအတားအဆီးဖြစ်စေကြောင်း ကမ္ဘာ့ဘဏ် ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

          ပဋိပက္ခများကြောင့် ဘေးကင်းလုံခြုံမှု ဆိုင်ရာ စိုးရိမ်မှုများ၊ နေရပ်စွန့်ခွာရွှေ့ပြောင်း ရခြင်းများနှင့် သယ်ယူပို့ဆောင်ရေးပြတ် တောက်ခြင်းများကြောင့် လယ်သမားများ၏  လယ်ယာစိုက်ပျိုးနိုင်စွမ်းအပေါ် ထိခိုက်စေ သည်။ ပဋိပက္ခဒေသများမှ လယ်သမားများ က စိုက်ပျိုးရေးနှင့် ရိတ်သိမ်းရေးတို့တွင် ပိုမို အခက်အခဲတွေ့ကြရကြောင်း၊ ကယားနှင့် ရခိုင်ပြည်နယ်တို့ရှိ လယ်သမားများအနေ ဖြင့် အဆိုပါအခက်အခဲများ ဆိုးဆိုးရွားရွား ကြုံတွေ့ရမှု အမြင့်ဆုံးဖြစ်ကြောင်းတွေ့ရှိရ သည်။

          အခက်အခဲများ နှစ်အတန်ကြာဆက် တိုက်ကြုံတွေ့ရပြီးနောက် လာမည့်စိုက်ပျိုး ရာသီတွင်လည်း အခက်အခဲကြုံတွေ့ရနိုင် သည်ဟုမျှော်လင့်ထားသည့် လယ်သမား          အရေအတွက် နှစ်ဆရှိလာကြောင်း ဖော်ပြ ထားသည်။

          ၂၀၂၄ ခုနှစ် ဆောင်းရာသီအတောအ တွင်း ဆန်စပါးအထွက်နှုန်းသည် ယခင်နှစ်  ထက် ကျဆင်းခဲ့သည်။ ကုန်မြင့်ဒေသနှင့် ကမ်းရိုးတန်းဒေသများမှ လယ်သမားများ          (၂၅ ရာခိုင်နှုန်းနှင့် ၂၁ ရာခိုင်နှုန်း)က လုံခြုံ ရေးအခြေအနေ၊ ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ ပြောင်းမှုနှင့် သယ်ယူပို့ဆောင်ရေးအခက်အ ခဲများကို ထပ်ခါတလဲလဲတင်ပြခဲ့ကြကြောင်း နှင့် ပဋိပက္ခသည် လယ်သမားများ၏ ဆည် မြောင်းရေရရှိနိုင်မှု၊ ကုန်ထုတ်လုပ်ရေးဆိုင် ရာအရေးပါးသည့် သတင်းအချက်အလက် ရရှိနိုင်မှုတို့အပေါ် သိသိသာသာထိခိုက်စေ ကြောင်းလည်း ဖော်ပြထားသည်။

          စပါးလက်ကားစျေးမှာ တစ်နှစ်ထက် တစ်နှစ်မြင့်တက်လာနေခဲ့သဖြင့် လယ်သ မားများ၏ အမြတ်အစွန်းဖြစ်ထွန်းနိုင်မှုအ လားအလာ တိုးတက်လာသည်။ မရေရာမှု များရှိလင့်ကစား စျေးကောင်းရနိုင်ခြေရှိခြင်း ကြောင့် ၂၀၂၄ ခုနှစ် စပါးစိုက်ပျိုးထုတ်လုပ် နိုင်ခြေလည်း မြင့်တက်လာသည်။ ပြီးခဲ့သည့် မိုးရာသီနှင့်နှိုင်းယှဉ်ပါက အခြားသော မြန် မာ့အဓိကကောက်ပဲသီးနှံစျေးနှုန်းများ မြင့် မားကြောင်း၊ နိုင်ငံတကာစျေးကွက်တွင် ဓာတ်မြေသြဇာ စျေးနှုန်းကျဆင်းလာသဖြင့် ပြည်တွင်းဓာတ်မြေသြဇာစျေးနှုန်း ကျဆင်း လာကြောင်း၊ သို့သော် အခြားသောစိုက်ပျိုး သွင်းအားစုများမှာမူ ယခင်နှစ်ကထက်စျေး မြင့်တက်လာကြောင်း၊ ထွန်ယက်စိုက်ပျိုး            စရိတ်ရာခိုင်နှုန်း ၂၀၊ လုပ်အားခ (အမျိုးသား နှင့်အမျိုးသမီး) ၂၃ ရာခိုင်နှုန်း အသီးသီးမြင့် တက်သွားခဲ့ကြောင်း၊ စိုက်ပျိုးရေးသွင်းအားစု စျေးနှုန်းများသည် အထူးသဖြင့်လုံခြုံရေး  အခြေအနေဆိုးရွားသည့်ဒေသများတွင် ပိုမို ကြီးမြင့်ကြောင်း၊ ပဋိပက္ခကြောင့်ဖြစ်ပေါ် သည့် အတားအဆီးများနှင့် သယ်ယူပို့ဆောင် ရေးနှောင့်နှေးမှုများက အစားအစာစျေးနှုန်း နှင့် လယ်သမားများ၏ ရောင်းချနိုင်စွမ်း          အပေါ် သက်ရောက်ကြောင်းလည်း ဖော်ပြ ထားသည်။

          လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများသည် ကုန် ကျစရိတ်ကြီးမြင့်သည့် လောင်စာဆီသုံးစွမ်း အင်များအပေါ် ပိုမိုမှီခိုလာရသဖြင့်လုပ်ငန်း ကုန်ကျစရိတ်နှင့် အစားအစာစျေးနှုန်းမြင့် မားလာစေကြောင်း၊ ကြီးမြင့်သောလောင် စာဆီစျေးနှုန်းနှင့် လုပ်ငန်းလည်ပတ်စရိတ် များကြောင့် ကူးသန်းသွားလာရေးနှင့် ကုန် စည်ပို့ဆောင်ရေးအခက်အခဲများ တွေ့ကြုံ ရပြီး အစားအစာထုတ်လုပ်မှု ကုန်ကျစရိတ် ပိုမိုမြင့်မားစေကြောင်းလည်း ဖော်ပြထား သည်။

          ပဋိပက္ခကာလများအတွင်း မြန်မာနိုင်ငံ ရှိ ဆင်းရဲသောအိမ်ထောင်စုများ ရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲများလျော့ပါး သက်သာစေရေးတွင် ဖွံ့ဖြိုးရေးမိတ်ဖက်များ ၏ကဏ္ဍသည် အလွန်အရေးပါကြောင်း၊ ၎င်းင်းတို့အနေဖြင့် ထိခိုက်လွယ်အိမ်ထောင်စု များအား ကူညီထောက်ပံ့နိုင်မည့်နည်းလမ်း များဆိုင်ရာ အကြံပြုချက်များကိုလည်း ဖော် ပြထားသည်။

          “ဒေသ၏စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် စားနပ်ရိက္ခာဖူလုံရေး Food Security နှင့်ပတ်သက်ပြီး အနည်းငယ်ပြောကြားလို ကြောင်း၊ ကမ္ဘာ့လူဦးရေသည် ယခု ၈ ဒသမ ၃ ဘီလျံရှိပြီး ၂၀၃၀ တွင် ၈ ဒသမ ၆ ဘီလျံ၊ ၂၀၃၅ ၈ ဒသမ ၉ ဘီလျံရှိမည်ဟု ခန့်မှန်း ထားကြောင်း၊ ရိက္ခာဖူလုံမှုပြဿနာသည် ပို မိုကြီးမားလာဖွယ်ပင်ရှိကြောင်း၊ စားနပ်               ရိက္ခာထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဖြန့်ဖြူးမှု တို့သည် နိုင်ငံတစ်နိုင်ငံ၏နယ်နိမိတ်အတွင်း မှာသာ ဆောင်ရွက်နေရခြင်းမဟုတ်သည့် အတွက် စားနပ်ရိက္ခာဖူလုံမှုကို စဉ်းစားရင် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဗဟုသုတများမျှ ဝေခြင်း၊ဒေသတွင်းစားနပ်ရိက္ခာစျေးကွက် ဖော်ဆောင်ခြင်း၊ နည်းပညာလွှဲပြောင်းမှု            အပါအဝင် ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်ဆောင် ရွက်သွားကြရန် တိုက်တွန်းပြောကြားလို ကြောင်း တရုတ်နိုင်ငံ ကူမင်းမြို့တွင် နိုဝင် ဘာ ၇ ရက်ကကျင်းပသည့် အဋ္ဌမအကြိမ်          မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

          မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ခေတ်မီနည်း            စနစ်များအသုံးပြုပြီး ပြည်သူများ၏စားနပ် ရိက္ခာဖူလုံစေရန်အတွက် အလေးထားဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှုအများ ဆုံးနိုင်ငံများထဲတွင် အဆင့် (၈) ဖြစ်ပြီး ပဲတင်ပို့ မှုတွင် အဆင့် (၂) ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုသာမက ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်း ဆက် လက် ကြိုးပမ်းလျက်ရှိကြောင်းကို အသိပေး ပြောကြားလိုကြောင်း ၎င်းကဆိုသည်။


READ NEXT
Cancel OK