ယူကရိန်းတွင် ရုရှား၏ ကျူးကျော်စစ်ကြောင့် ဓာတ်ငွေ့ထောက်ပံ့မှုများလျော့ပါးခြင်းနှင့် ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းတို့ကြောင့် လာမည့်နှစ်တွင် ဆိုဗီယက်ယူနီယံ အဖွဲ့ဝင်ဟောင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေလိမ့်မည်ဟု ဥရောပ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (EBRD) က စက်တင်ဘာ ၂၈ ရက်တွင် ခန့်မှန်းပြောကြားခဲ့သည်။
ယူကရိန်းသည် ပြန်လည်နာလန်ထူမှုကို မျှော်မှန်းထားသည်ထက် ပိုမိုအားနည်းနေမှုနှင့် ရင်ဆိုင်နေရခြင်းနှင့်အတူ EBRD က ၎င်း၏ ၂၀၂၃ ခုနှစ်အတွက် ဖွံ့ဖြိုးတိုးတက်မှု လမ်းညွှန်ချက်ကို လျှော့ချခဲ့သည်။
ယင်းဘဏ်၏ ရင်းနှီးမြှုပ်နှံမှုဇုန်သည် လာမည့်နှစ်တွင် ဖွံ့ဖြိုးတိုးတက်မှု ၃ ရာခိုင်နှုန်း သတ်မှတ်ခဲ့သည်။ သို့သော်လည်း အယ်ဘေးနီးယားမှ ပိုလန်နှင့် မော်ရိုကိုအထိလွှမ်း ခြုံပါဝင်သည့် ၎င်းဒေသအတွက် ယခင်ခန့်မှန်းချက်မှာ ၄.၇ ရာခိုင်နှုန်းဖြစ်သည်။
ဆိုဗီယက်အဖွဲ့ဝင်ဟောင်းနိုင်ငံများကို လွတ်လပ်သည့် စျေးကွက်စီးပွားရေးစနစ် ကူးပြောင်းရေးကို ကူညီပေးရန် ၁၉၉၁ ခုနှစ်က တည်ထောင်ခဲ့သည့် EBRD ဘဏ်သည် ၎င်း၏ လက်လှမ်းမှီမှုကို အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကနိုင်ငံများအထိရောက်ရှိရန် ချဲ့ထွင်ခဲ့သည်။
လောင်စာစျေးနှုန်းများမြင့်တက်မှု၊ ယူကရိန်းစစ်ပွဲ၊ ငွေကြေးဖောင်းပွမှုနှင့် အနောက်ဥရောပတွင် မျှော်မှန်းထားပြီးဖြစ်သည့် စီးပွားရေးလျော့ကျမှုတို့နှင့်ဆက်နွှယ်နေသည့် အပျက်သဘောဆောင်သည့် အချက်များသည် လာမည့်နှစ်အတွက် ဖွဲ့ဖြို့တိုးတက်ရေးအလားအလာကို အားရဖွယ်မရှိသည့်အခြေအနေ ဖြစ်စေခဲ့သည်ဟု စီပွားရေးပညာရှင် ဘီယာတာ ဂျာဗော်ကစ်က အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ယင်းဒေသတွင် ၂၀၂၂ ခုနှစ်က ခန့်မှန်းမှုဖြစ်သည့် ဖွံ့ဖြိုးတိုးတက်မှုမှာ ၂.၃ ရာခိုင်နှုန်းအထိ ရှိခဲ့သော်လည်း ယင်းအခြေအနေမှာ ကပ်ရောဂါအလွန် စားသုံးသူများ၏ ခိုင်မာသည့် သုံးစွဲမှုများကြောင့် ယာယီမြင့်တက်ခြင်းသာ ဖြစ်ခဲ့သည်။
လက်ရှိအချိန်အထိ EBRD နိုင်ငံအများစုသည် ၎င်းတို့၏ စွမ်းအင်လိုအပ်ချက်များအတွက် ဓာတ်ငွေ့အပေါ် အလွန်မှီခိုအားထားနေရသည်ဟု ဂျာဗော်ကစ်က ပြောကြားခဲ့သည်။
“ဒါတွေဟာ EBRD ဒေသတွေနဲ့ တိုးတက်တဲ့ စီးပွားရေးနိုင်ငံအများစုအတွက် အရမ်းစိုးရိမ်စရာကောင်းတဲ့ အချိန်တွေဖြစ်ပါတယ်။ အခုလို ဆောင်းဝင်တော့မယ့်အချိန်မှာ ယူကရိန်းကို ဆန့်ကျင်တဲ့ ရုရှားစစ်ပွဲရဲ့ စီးပွားရေးအရ ကုန်ကျမှုဟာ တစ်ရက်ပြီးတစ်ရက် ပိုမိုထင်ရှားလာပါတယ်”ဟု ဂျာဗော်ကစ်က ထပ်လောင်းပြောကြားခဲ့သည်။
ယခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ငွေ ကြေးဖောင်းပွမှုမှာလည်း မြင့်တက်ခဲ့ပြီး အထူးသဖြင့် ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီလပြီးနောက် ရေနံ၊ ဓာတ်ငွေ့နှင့် အစားအစာစျေးနှုန်းများ မြင့်တက်လာခဲ့သည်။
EBRD ဇုန်တွင် ဇူလိုင်လအတွင်းက ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၆.၅ ရာခိုင်နှုန်းရှိခဲ့ပြီး ယင်းအခြေအနေသည် ၁၉၉၈ ခုနှစ် နောက်ပိုင်း ငွေကြေးဖောင်းပွမှုအမြင့်ဆုံးအခြေအနေဖြစ်ခဲ့သည်။
-
ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၀ ကျော် အသုံးပြုနေသည့် ဥရုတံတား၏ ကမ်းကပ်ခုံမှာ ဥရုမြစ်ရေတိုက်စားမှုကြောင့် ပျက်စီးနိုင်သည့်အတွက် ကမ်းထိန်းနံရံ အမြန်ဆုံး တည်ဆောက်ပေးရန် စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးမြန်း
-
လင်းခေးခရိုင်အတွင်းရှိ သုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်
-
တာမွေမြို့နယ် NLD ပါတီက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ အသုံးပြုမဲဆွယ်ခြင်းသည် ပြည်သူ့ဝန်ထမ်း အကူအညီ ရယူရာရောက်သည်ဟုဆိုကာ ကန့်ကွက်ထားမှုအပေါ် ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင
-
နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်
-
မြန်မာနိုင်ငံတွင် LNG Terminal တည်ဆောက်ပြီး ရရှိလာမည့် သဘာဝဓာတ်ငွေ့ကို မျှဝေသုံးစွဲနိုင်ရေး အပါအဝင် အခြားကိစ္စရပ်များ မြန်မာ-တရုတ် ဆွေးနွေး