Top News

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်​ရောက်သူ မြန်မာလုပ်သား ၂၀ ​ကျော် ရ​နောင်းခရိုင်တွင်ဖမ်းဆီးခံရ
24htopnews | November 8, 2024 7:12 PM CST

ထိုင်းနိုင်ငံအတွင်းသို လူကယ်ရီပွဲစားများနှင့်ချိတ်ဆက်ကာ တရားမဝင်ဝင်ရောက်သူ မြန်မာနိုင်ငံသား ၂၀ ဦးနှင့် ကလေးငယ် ၃ ဦး ရနောင်းခရိုင်တွင်   ကားမောင်ပို့သူ တစ်ဦးနှင်အတူစက်တင်ဘာလ ၂၀ ရက်နေ့ ညက ဖမ်းဆီးခံရကြောင်းသိရသည်။

ဖမ်းဆီးခံမြန်မာ နိုင်ငံသား အမျိုးသား ၁၃ဦး ၊အမျိုးသမီးရ ဦးနှင့်ကလေး ၃ဦးတို့သည် ကော့သောင်းရနောင်းလမ်းမှ တရားမဝင် ဝင်ရောက်စဉ်ဖမ်းဆီးခံရခြင်းဖြစ်ပြီး  လူကယ်ရီပွဲစားအာ းတစ်ဦးလျှင်ပွဲစားခ ဘတ်၂၂၀၀၀ ပေးဆောင်ရမည်ဟုသိရသည်။

တရားမဝင်လမ်း​​ကြောင်းမှ ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန်အတွက် တစ်ဦးလျှင်ဘတ်၂၀၀၀၀ ကျော်ပေးရခြင်းမှာများလွန်းပြီး အန္တရာယ်ကင်းသောရွှေပြောင်းသွားလာခြင်းမဟုတ်၍ ရှောင်ရှားသင့်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးမိုးကြိုးကပြောသည်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက "ထိုင်းနိုင်ငံကို တရားမဝင် လာရဖို့အတွက် ဘတ်၂၂ဝဝဝထိ  ပေးရတာဆိုတော့ တအားများလွန်းတယ်၊ လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းလည်းမဟုတ်ဘူး။လုံခြုံစိတ်ချရတဲ့ MoUစနစ်ဆိုတာရှိပါတယ်။အဲ MoU စနစ်နဲ့သွားရင်လည်း တရားဝင်အေဂျင်စီအချို့ဟာ ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာတွေ၊စာရိတ္တပိုင်းဆိုင်ရာတွေ အေဂျင်စီရဲ့ကျင့်ဝတ်တွေဖောက်ဖျက်မှုကြောင့် မြန်မာငွေကျပ်သိန်း၂၀ ကနေ၂၅သိန်းထိ တောင်းခံနေတာကိုလည်းကြားနေ သိနေရတယ်။ဘာဘဲပြောပြော ကမ္ဘာမီးလောင်သားကောင်ချနင်း တော်တော်ဖြစ်ချင်ကြတယ်။MoU လမ်းကြောင်း နှောင့်နှေးကြံ့ကြာပြီးတော့  ကုန်ကျစရိတ်ကလည်း ဆတူလောက် ရှိတဲ့ခါကျတော့ တရားဝင်လမ်းကြောင်းကိုရွေးချယ်သွားသူလည်းရှိတယ်။နောက်တစ်ခုက မြန်မာ လုပ်သားတွေက ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့

တရာမဝင်သွားတာ ကျင့်သားရနေတဲ့သဘောမှာရှိတယ်။ပွဲစားတွေရဲ့လိမ်လည်မှုတွေနဲ့ မိမိအသက်နဲ့ အလောင်းအစားထပ်ပြီးရွှေပြောင်းသွားလာမှု၊ယာဉ်မတော်တဆမှုကြောင့် သေဆုံးတာ၊ဒဏ်ရာအနာတရဖြစ်တာ အဲလိုသွားလာမှုကိုလူံးဝ မရွေးချယ်ဖို့ ပြောချင်ပါတယ်။""ဟုဆိုသည်။

ရနောင်းလုံခြုံရေးတပ်ဖွဲ့က ကြိုတင် သတင်းရရှိကာ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပြီး၄င်းတို့ကို ပို့ဆောင်ပေးသည့် ထိုင်းလူမျိုး ကားမောင်းပို့သူတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း

ရနောင်းပြည်နယ်၊အခြေစိုက် အမှတ်-၂၅ ခြေမြန်တပ်ရင်းအထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံမြန်မာနိုင်ငံသားများသည် ပွဲစားခ ဘတ်၂၂၀၀၀ ကို အလုပ်နေရာသို့ရောက်ရှိမှသာ ပေးဆောင်ကြရမည်ဖြစ်သလို့ ပို့ဆောင်ပေးသည် ထိုင်းလူမျိုးကားသမားမှာလည်း ပို့ဆောင်ခိုင်းသော နေရာသို့ ပို့ပေးပြီးမှသာ ကားခ ဘတ်၃၀၀၀ ရရှိမည်ဖြစ်ကြောင်းသိရသည်။

ထို့အတူ ကန်ချနပူရီခရိုင်တွင် စက်တင်ဘာ (၂၀၊၂၁) နှစ်ရက်အတွင် းတရားမဝင် ဝင်ရောက်သူမြန်မာ နိုင်ငံသား ၃၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

ဖမ်းဆီးခံ မြန်မာ နိုင်ငံသားများအား ကိုဗစ်ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီးဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ-ထိုင်းနယ်စပ် ၊မွန်ပြည်နယ် ဘုရားသုံးဆူ မြို့မှ တဆင့်  ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင်တွင်းသို့ တရားမဝင်  အထောက် ထားမဲ့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၀ ကျော် အား  စက်တင်ဘာလ ၂ဝရက်နှင့်၂၁ ရက် အတွင်းက ဖမ်းဆီးရမိခဲ့ကြောင်း  ထိုင်းတော်ဝင် နယ်ခြားစောင့် တပ် သတင်ပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခြင်းကြောင့်  နှစ်ရက်အတွင်း ဖမ်းဆီး ခံရသူ  မြန်မာနိုင်ငံသား ၃၄ ယောက်တွင်  အမျိုးသား ၁၉ ဦး နှင့် အမျိုးသမီး ၁၅ ဦး ပါဝင်ကြောင်း   ထုတ်ပြန်ချက်အရသိရသည်။

ဖမ်းဆီးခံရသူ မြန်မာ နိုင်ငံသားများသည်မွန်ပြည်နယ် မော်လမြိုင် ၊ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး၊ရခိုင်ပြည်နယ်တို့မှ လာရောက်ကြသူများဖြစ်ပြီး ထိုင်းနိုင်ငံ စမုဆာခွန်၊ ရယောင်း၊ ကန်ကျနဘူရီနှင့် ဗန်ကောက် မြို့များသို့ အလုပ်သွားလုပ်ယန် ဝင်ရောက်လာကြသူများဖြစ်ကြောင်းသိရသည်။

ပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှု ၊အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် အလုပ်အကိုင် အခွင့်အလမ်း အများအပြား ရှိရာ ထိုင်းနိုင်ငံသို့ ကုန်ကျစရိတ်ဘတ် ငွေ  ၁၅၀၀၀ မှ ၃၀၀၀၀ ဘတ်ထိ  ပွဲစားများကိုပေးဆောင်ကာ ဝင်ရောက်လာကြသူများဖြစ်ကြောင်းသိရသည်။

နှစ်နိုင်ငံညှိနိုင်းဆောင်ရွက်မှုကြောင့် MoUလုပ်သားစေလွှတ်မှူ ရှိသော်လည်း ငွေကြေး အမြောက်အများ ကုန်ကျခံကာ ထိုင်းနိုင်ငံသို့ တရားမဝင်  ဝင်ရောက်ကြခြင်းစွမ့်စားရာစောက်ကြောင်း ၊ကြိုးတန်းလမွးရှောက်မစွန့်စားသင့်ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးကပြောသည်။


READ NEXT
Cancel OK