ထိုင်းနိုင်ငံ၏ ထင်ရှားသည့် ရုပ်သံအစီအစဉ်တစ်ခုဖြစ်သော Farang Day တွင် မြန်မာသရုပ်ဆောင် ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့ပြီး ယင်းအစီအစဉ်၏ Host တစ်ဦးဖြစ်သူ Sunny Burns မှာ မြန်မာနိုင်ငံသို့ ဒီဇင်ဘာလအတွင်း လာရောက်ရန်စီစဉ်ထားသည်ဟု သိရသည်။ Sunny Burns မှာ မြန်မာနိုင်ငံမှ ပရိသတ်များလည်း သိရှိထားသူဖြစ်ကာ မြန်မာနိုင်ငံသို့ လာရောက်စဉ်အတွင်း လှုပ်ရှားမှုအချို့ လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ Farang Day အစီအစဉ် Episode မှာ ထိုင်းနိုင်ငံမှ ပရိသတ်များကြား ရေပန်းစားလျက်ရှိကြောင်း သိရသည်။
Farang Day အစီအစဉ်၏ Host ဖြစ်သူ Sunny Burns မှာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကာ မြန်မာနိုင်ငံ၏ ထင်ရှားသော ရိုးရာအစားအသောက်၊ မြန်မာ့ သနပ်ခါးတို့ကို မိတ်ဆက်ထည့်သွင်း ရိုက်ကူးခဲ့သည်။
“ ထိုင်းကပရိသတ်တွေအတွက် ကြော်ငြာတွေနဲ့ ရုပ်သံအစီအစဉ်တွေမှာ ပါဝင်ဖြစ်ပါတယ်။ ထုတ်လွှင့်ပြီးတာတွေလည်း ရှိသလို ထပ်ပြီးပြသဖို့တွေလည်း ရှိသေးတယ်။ ပြည်တွင်းက ပရိသတ်တွေအတွက်လည်း ဆက်တိုက်လက်ခံထားတာတွေ ရှိပါတယ်။ တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားနေပါတယ်။ ပြည်တွင်းပြည်ပက ချစ်ပေးတဲ့အားပေးတဲ့ ပရိသတ်တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ အများကြီးဆက်ပြီး ကြိုးစားသွားပါဦးမယ်” ဟု သရုပ်ဆောင် ပိုင်တံခွန်က ဆိုသည်။
Farang Day အစီအစဉ်တွင် ထင်ရှားသူများကိုလည်း ဖိတ်ကြားကာ ပါဝင်စေလေ့ရှိပြီး မြန်မာသရုပ်ဆောင်မော်ဒယ်လ် ပိုင်တံခွန်ကိုလည်း ဖိတ်ကြားပါဝင်စေခဲ့ခြင်း ဖြစ်သည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်