ပဋိပက္ခဒေသများရှိ ကျေးလက်နေ ပြည်သူများအတွက် ရည်ရွယ်သည့် ငြိမ်းချမ်းသာယာစည်ပင်သော ရပ်ရွာအသိုင်းအဝိုင်းများ တည်ဆောက်ရေးစီမံကိန်းတွင် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း၂၅၀ အသုံးပြုရန် လျာထားကြောင်း သိရသည်။
အဆိုပါစီမံကိန်း၏ အစိတ်အပိုင်းများဖြစ်သော ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် ဒေါ်လာရှစ်သန်း၊ အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများ ပိုမိုတိုးတက်ကောင်းမွန်စေရေးတွင် ဒေါ်လာ ၁၄၃ သန်း၊ ကျေးလက်သက်မွေးလုပ်ငန်းများ တိုးတက်ကောင်းမွန်စေရေးတွင် ဒေါ်လာ ၇၉ သန်း၊ စီမံကိန်း အကောင်အထည်ဖော်မှုကို ပံ့ပိုးရေးတွင် ဒေါ်လာ သန်း၂၀ အသုံးပြုရန် လျာထားခြင်းဖြစ်သည်။
ပဋိပက္ခဒေသများရှိ ကျေးလက်နေပြည်သူများအတွက် အခြေခံအဆောက်အဦးနှင့် ဝန်ဆောင်မှု၊ စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ပေးရန် ကမ္ဘာ့ဘဏ်က ငြိမ်းချမ်းသာယာစည်ပင်သော ရပ်ရွာအသိုင်းအဝိုင်းများ တည်ဆောက်ရေးစီမံကိန်း ရေးဆွဲလျက်ရှိကြောင်း သိရသည်။
စီမံကိန်းရည်ရွယ်ချက်မှာ ကျေးလက်နေလူထုများအား လုပ်ပိုင်ခွင့်ပေးပြီး စီးပွားရေးအခွင့်အလမ်းများနှင့် အလုပ်အကိုင်ရရှိစေပြီး အခြေခံဝန်ဆောင်မှုလုပ်ငန်းများနှင့် အဆောက်အအုံများ တိုးတက်လာစေရန် ဖြစ်သည်။
စီမံကိန်း ချဉ်းကပ်ပုံ နည်းလမ်းအနေဖြင့် ပဋိပက္ခဒဏ်ခံစားခဲ့ရသည့် နေရာ/မြို့နယ်များရှိ ထိခိုက်လွယ်သော လူထုများအား ဦးတည်ဆောင်ရွက်ရန်၊ ရွေးချယ်လိုက်သော မြို့နယ်တွင်ရှိသည့် ကျေးရွာများအားလုံးအား ထည့်သွင်းကူညီရန် (ခန့်မှန်းခြေ မြို့နယ်ပေါင်း ၂၀)၊ အရှေ့တောင်ပိုင်းဒေသတွင် စတင်ဆောင်ရွက်ရန်၊ အပစ်အခတ်ရပ်စဲရန် သဘောတူထားသောနေရာများ/တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိ ထားသောနေရာများတွင် ဆောင်ရွက်ရန်၊ Small is beautiful လမ်းစဉ်ဖြင့်ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေးဖော်ဆောင်နေသော ဖြစ်စဉ်ပေါ်တွင် မူတည်ပြီးဆောင်ရွက်ရန်၊ အဖွဲ့အစည်းများကြား ယုံကြည်မှုတည်ဆောက်ခြင်းအား ဦးတည်ဆောင်ရွက်ရန် တို့ဖြစ်သည်။
အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များမှာ အဆင့်သုံးဆင့် (နိုင်ငံတော်/ပြည်နယ်/မြို့နယ်) တွင် ဆောင်ရွက်မည်ဖြစ်သော်လည်း ထောက်ပ့ံမှုများ အားလုံးသည် ပြည်နယ်အဆင့်နှင့် အောက်အဆင့်တွင်သာရှိမည်၊ လူထုဗဟိုပြုစီမံကိန်း (NCDDP)နှင့် အခြားစီမံကိန်းများ (မြစိမ်းရောင်စီမံကိန်း၊ မြို့နယ်ဖွံ့ဖြိုးမှုအထောက်အပံ့ရန်ပုံငွေစီမံကိန်း စသဖြင့်) အပေါ်အခြေခံပြီး ဆောင်ရွက်ရန်၊ မြို့နယ်နှင့် ပြည်နယ်အဆင့်များတွင် အစိုးရ-တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးတွဲဆွေးနွေးရန်၊ သဘောတူညီချက်များ ရယူဆောင်ရွက်ရန်တို့ ဖြစ်သည်။
ဦးတည်ရာနေရာ/အုပ်စုများမှာ ရှမ်းပြည်နယ်တောင်ပိုင်းအပါအဝင် အရှေ့တောင်ပိုင်းတွင် စတင်ဆောင်ရွက်ရန်ဖြစ်သည်။ မြို့နယ်ရွေးချယ်ရာတွင် အသုံးပြုမည့် အညွှန်းကိန်းများ/အချက်အလက်များမှာ ဆင်းရဲမွဲတေမှု၊ ပဋိပက္ခ၊ သွားလာနိုင်မှုနှင့် ဆန္ဒရှိမှု၊ လုပ်ငန်းဆောင်ရွက်မှု ထိရောက်နိုင်မှုတို့ဖြစ်သည်။ လုပ်ငန်းစဉ်အနေဖြင့် လိုအပ်ချက်မှာ ပြည်နယ်အဆင့်တွင် ပြည်နယ်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ ဆွေးနွေး၊ သဘောတူညီမှုရယူပြီး နိုင်ငံတော် အဆင့်သို့ အကြံပြုထောက်ခံချက်ပေးခြင်း၊ နိုင်ငံတော်အဆင့်တွင် နိုင်ငံတော်အဆင့်ကော်မတီမှ ခွင့်ပြုခြင်း၊ ကမ္ဘာ့ဘဏ်မှ ကန့်ကွက်ရန်မရှိကြောင်း အချက်များ လိုအပ်သည်။
စီမံကိန်းတွင်ပါဝင်သည့် ယုံကြည်မှုတည်ဆောက်ခြင်းတွင် အရေးကြီးသော သဘောတူညီမှုများ ဆွေးနွေးရန် ပူးတွဲပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းများ၊ NGOs & CSOs များဖြင့် စောင့်ကြည့်လေ့လာခြင်းလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ခြင်း၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုစနစ်များ ပိုမိုအားကောင်းအောင် ဆောင်ရွက်ခြင်း၊ ဝေဖန်အကြံပြုတိုင်ကြားခြင်းလုပ်ငန်းစဉ်များ၊ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ ပါဝင်သည်။
စီမံကိန်းတွင်ပါဝင်သည့် အခြေခံအဆောက်အဦများ/ဝန်ဆောင်မှုများမှာ လမ်း၊ တံတား၊ ဆိပ်ခံတံတား စသည့် အသေးစား/အလတ်စား အခြေခံအဆောက်အဦများ၊ ရေရရှိရေး၊ စာသင်ကျောင်း၊ ဆေးပေးခန်းများနှင့် အခြားအခြေခံအဆောက်အအုံများ ပြုပြင်ခြင်း၊ မဟာဓာတ်အားလိုင်းပြင်ပ မီးလင်းရေးလုပ်ငန်းများ၊ အခြေခံဝန်ဆောင်မှုများ၊ ပံ့ပိုးကူညီခြင်းဆိုင်ရာ လုပ်ငန်းများပါဝင်သည်။
စီမံကိန်းတွင်ပါဝင်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှာ စိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းများအား နည်းပညာပေးခြင်း၊ စိုက်ပျိုးရေးအတွက် မျိုးစေ့များနှင့် အခြားသွင်းအားစုများ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများ၊ ကျေးရွာမတည်ရန်ပုံငွေ၊ ပြည်ပရွှေ့ပြောင်းလုပ်ကိုင်မှုနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ၊ ပံ့ပိုးကူညီခြင်းဆိုင်ရာ လုပ်ငန်းများပါဝင်သည်။
ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်တွင် ပြန်လည်ဝင်ရောက်ခဲ့ပြီး စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စွမ်းအင်၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုစသည့် ကဏ္ဍပေါင်းစုံတွင် ကူညီဆောင်ရွက်နေခြင်း ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံကို အတိုးနှုန်း နှစ်ရာခိုင်နှုန်း၊ ပြန်ဆပ်ရန်ကာလ နှစ်၃၀ ဖြင့် ချေးငွေပ့ံပိုးလျက်ရှိပြီး အဆိုပါအတိုင်း တွက်ချက်ပါက ချေးငွေ၏ ၃၅ ရာခိုင်နှုန်းမှာ ရန်ပုံငွေ/Grant ဖြစ်သည်။
-
■ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့ ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ပြည်သူအများအပြား လာရောက် လည်ပတ်
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ