ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ -ထိုင်းနယ်စပ် ကန်ချနာပူရီအထိ ဖောက်လုပ်မည့် လမ်းစီမံကိန်းအတွက် စစ်တမ်းကောက်ယူမှု၊ စီမံကိန်းဆိုင်ရာ အချက်အလက်များကို ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန် ဒေသခံများက သြဂုတ် ၂၇ ရက်က တောင်းဆိုလိုက်သည်။
“ကျွန်တော်တို့ကို ဒီလမ်းနဲ့ပတ်သက်ပြီး အနိမ့်ဆုံးဒီလမ်းလေးကို ဘယ်လိုသုံးရမလဲဆိုတာ တိကျခိုင်မာစွာရှင်းပြဖို့၊ သဘောက ကျွန်တော့်ခြံဥယျာဉ်မှာ ခလယ်မှာ လမ်းဖောက်သွားတယ်၊ ဟိုဘက်တစ်ခြမ်း၊ ဒီဘက်တစ်ခြမ်း၊ ဒီလမ်းဖောက်သွားတာမှာ ကျွန်တော်တို့ ကြုံရတာက စည်းရိုးတွေ ကာမလား၊ ဟိုဘက်ကို ဘယ်လိုသွားရမလဲ၊ ဒီလမ်းယာဉ်ကြောနဲ့ ကျွန်တော်တို့နဲ့ အက်ဆီးဒန့်တွေဖြစ်ရင် ဘယ်လိုဖြေရှင်းမလဲ၊ ဒါတွေကို ကျွန်တော်တို့က သူတို့ကို မေးမြန်းခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို တစ်ခါမှ တိကျတဲ့အဖြေမပေးဘူး။ ကျွန်တော်တို့က အိပ်မက်ထဲမှာ စမ်းတဝါးဝါးနဲ့ လမ်းသွားသလို ဖြစ်နေတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့က ဒီအဖြေကိုရှာဖို့အတွက် အချက်ခုနစ်ချက်နဲ့ ထိုင်းခရီးစဉ်ကို သွားခဲ့တယ်။ အကြံပြုချက်၊ တောင်းဆိုချက်ခုနစ်ချက်ကို တင်သွင်းခဲ့တယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ။ အခုလည်း ကျွန်တော်တို့ ဒီအချက် ခုနစ်ချက်နဲ့ပဲ ဆက်ပြီးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်”ဟု မေတ္တာမြို့နယ် ကလစ်ကြီး ကျေးရွာမှ ဥယျာဉ်ခြံမြေစိုက်ပျိုးလုပ်ကိုင်နေသူ ဦးရဲအောင်က သြဂုတ် ၂၇ ရက်က ပြောကြားသည်။
နိုင်ငံဖြတ်ကျော် အရပ်ဖက်အဖွဲ့အစည်း ကွန်ရက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရှိ ရေနက်ဆိပ်ကမ်းနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့ကို စောင့်ကြည့်နေသောအဖွဲ့တစ်ခုဖြစ်သည့် ETOS - Watch Coalition က လည်း ထားဝယ်အထူးစီးပွားရေးဇုန်သို့ ဖောက်လုပ်လျက်ရှိသော နှစ်လမ်းသွားလမ်းမနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်နိုင်ရန် ကန့်ကွက်တိုင်တန်းချက်နှင့် အကြံပြုချက်များကို အိမ်နီးချင်းနိုင်ငံများ စီးပွားဖွံ့ဖြိုးရေး ပူးပေါင်းအေဂျင်စ (NEDA) သို့ အကြံပြုချက်များ ပေးပို့ထားကြောင်း သိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများ ပြန်လည်မစတင်မီ ယခင်စီမံကိန်း အကောင်အထည်ဖော်စဉ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများကြောင့် ဖြစ်ပွားခဲ့သည့် မဖြေရှင်းရသေးသော ပြဿနာများကို မဖြစ်မနေဖြေရှင်းပေးရန်အပါအဝင် အကြံပြုချက် ခုနစ်ချက်ကို ထိုင်းနိုင်ငံရှိ NEDA ထံ ပေးပို့ထားကြောင်း သိရသည်။
NEDA သည် အိမ်နီးချင်းနိုင်ငံများ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကူညီပေးရေး အေဂျင်စီဖြစ်ပြီး ထားဝယ်အထူးစီးပွားရေးဇုန်က နဦးအဆင့် စီမံကိန်းတွင်ပါဝင်သည့် အဆိုပါ နှစ်လမ်းသွားလမ်းမကြီးအဆင့်မြှင့်တင်ရန် NEDA ထံမှ ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလျံ ချေးယူရန် ပြည်ထောင်စုလွှတ်တော် မှ ၂၀၁၈ ခုနှစ် မတ်လတွင် အတည်ပြုခဲ့သည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်