အာဖဂန်နစ္စတန်နိုင်ငံတွင် အနောက် အုပ်စုကျောထောက်နောက်ခံပြုအစိုးရကို ဖြုတ်ချခဲ့ပြီးနောက် တာလီဘန်တို့ အာဏာပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် နှစ်နှစ်ကျော်အကြာတွင် အိန္ဒိယနိုင်ငံရှိ အာဖဂန်သံရုံးတွင် အောက်တိုဘာ ၁ ရက်၌လုပ်ငန်းလည်ပတ်မှု ကို ရပ်ဆိုင်းခဲ့သည်ဟုသိရသည်။
အိန္ဒိယအပါအဝင် ပြည်ပနိုင်ငံအများစုသည် အာဖဂန်နစ္စတန်၏တာလီဘန်အစိုးရကို တရားဝင်အသိအမှတ်ပြုခြင်းမရှိသော်လည်း ၎င်းတို့ကို အာဏာရှင်အစိုးရအဖြစ် သတ်မှတ်ထားသည်။
ယခင်အစိုးရက ခန့်အပ်ခဲ့သည့် သံတမန်များသည် သံရုံးများကို ဆက်လက်ထိန်းချုပ်ထားပြီး တာလီဘန်အာဏာပိုင်များ ခန့်အပ်ထားသည့် ကိုယ်စားလှယ်များကို သံရုံးများလွှဲပြောင်းအပ်နှံရန် ငြင်းဆန်နေမှုနှင့်အတူ ပြည်ပနိုင်ငံများတွင်ရှိသည့် အာဖဂန်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများသည် သောင်မတင် ရေမကျ အခြေအနေနှင့် ရင်ဆိုင်နေရသည်။
နယူးဒေလီမြို့တော်ရှိ အာဖဂန်နစ္စတန်သံရုံးတွင် လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းမှုကို ဝမ်းနည်းစွာဖြင့် ကြေညာကြောင်း သံရုံးက Twitter ဟု လူသိများခဲ့သည့် X လူမှုမီဒီယာတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အိန္ဒိယသည် အာဖဂန်သံရုံးကို ယာယီတာဝန်ယူထိန်းချုပ်သွားမည်ဟု ဆိုသည်။
သံတမန်များအတွက် ဗီဇာသက်တမ်းတိုးခြင်းမှ အချိန်နှင့်တပြေးညီလုံလောက်သော ပံ့ပိုးမှုမရှိခြင်းအပါအဝင် ဝန်ထမ်းများ နှင့်အရင်းအနှီးများ ဖြတ်တောက်မှုတို့ကြောင့် လုပ်ငန်းဆက်လက်လည်ပတ်မှုတွင် စိန်ခေါ်မှုများ မြင့်တက်လျက်ရှိသည်ဟု လက်မှတ်မထိုးထားသော ကြေညာချက်တွင်ဖော်ပြထားသည်။
မကြာသေးမီလများအတွင်း သံအမတ်နှင့်အခြားအကြီးတန်းသံတမန်များ အိန္ဒိယနိုင်ငံမှ ထွက်ခွာခဲ့ပြီး နယူးဒေလီရှိသံရုံးတွင် ကျန်ရှိနေသူများအကြား အဆင်မပြေမှုများ ရှိလာခဲ့ပြီးနောက် သံရုံး၏လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းသည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
သံရုံး၏ ထုတ်ပြန်ချက်၌ ဝန်ထမ်းများအကြားတွင် ပြည်တွင်းရေးပဋိပက္ခနှင့်ပတ်သက်၍ အခြေအမြစ်မရှိသော တောင်းဆိုချက်တစ်စုံတစ်ရာကို ငြင်းဆိုထားပြီး မည်သည့် သံတမန်တစ်ဦးတစ်ယောက်မျှ အကျပ်အတည်းကို အသုံးချ၍ တတိယနိုင်ငံထံ နိုင်ငံရေးခိုလှုံခွင့်တောင်းခံခြင်းကို ငြင်းဆိုခဲ့သည်။
တာလီဘန်တို့သည် ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ကဘူးမြို့တော်ကို ပိတ်ထားခဲ့သောကြောင့် အိန္ဒိယအစိုးရသည် ၎င်း၏သံရုံးဝန်ထမ်းအားလုံးကို ရွှေ့ပြောင်းခဲ့သော်လည်း လွန်ခဲ့သည့်နှစ်က ၎င်း၏သံရုံးပြန်လည်ဖွင့်လှစ်ရေးလုပ်ငန်းများအတွက် အဖွဲ့ငယ်တစ်ဖွဲ့ စေလွှတ်ခဲ့သည်။
သံရုံးပိတ်ထားခြင်းမရှိသော ပါကစ္စတန်၊ တရုတ်နှင့် ရုရှားတို့အပါအဝင် သံရုံးအနည်းငယ်ရှိ သံအမတ်များသည် ကဘူးလ်မြို့တော်တွင် ဆက်လက်ရှိနေသော်လည်း ထိုအချိန်က ပြည်ပနိုင်ငံအများစုသည် ၎င်းတို့၏သံရုံးဝန်ထမ်းများကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ထပ်မံစေလွှတ်ခြင်းမရှိခဲ့ပေ။
အာဖဂန်တွင်အာဏာအပြောင်းအလဲ သည် သောင်းနှင့်ချီသော အာဖဂန်ကျောင်း သားများနှင့် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျန်းမာရေးဆိုင်ရာခရီးသွားများကို အားကိုးရာမဲ့ဖြစ်စေခဲ့သည်။
အာဖဂန်သို့ပြန်သွားလျှင် နှိပ်စက်ညှင်းပန်းခံရမည်ကို စိုးရိမ်သော အိန္ဒိယစစ်ကောလိပ်များတွင် လေ့ကျင့်နေသည့် ဒါဇင်နှင့်ချီသော အာဖဂန်စစ်တပ်ဗိုလ်လောင်းများအပါအဝင် အများစုသည် နိုင်ငံသို့ မပြန်တော့ရန် ဆုံးဖြတ်ခဲ့ကြသည်။
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း