တရားမျှတမှုရရှိရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ရပ်တန့်ပေး ဟူသော ဆောင်ပုဒ်အတိုင်း၊ ကြီးလေးသောပြစ်ဒဏ်များ ချမှတ်နိုင်စေရေးအတွက် ရှမ်းပြည်နယ် တောင်ပိုင်းရှိ အရပ်ဘက်အဖွဲ့အစည်းများက စုပေါင်း တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
ထိုအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး အခမ်းအနားကို တောင်ကြီးမြို့ ဟုတ်ကြန့်ခန်းမတွင် ဒီဇင်ဘာ ၄ ရက် တွင် တရားမျှတမှုရရှိရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ရပ်တန့်ပေး ဟူသော ခေါင်းစဉ်ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း အဖွဲ့အစည်းပေါင်း ၂၀ ဖွဲ့ခန့် ပူးပေါင်း၍ ပြုလုပ်ခဲ့ရာ အမျိုးသမီးများအပေါ် ပြစ်မှုကျူးလွန်သူများကို ကြီးလေးသောပြစ်ဒဏ်များ ချမှတ်နိုင်စေရေးအတွက် စုပေါင်း တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ အခမ်းအနားတွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ်များမှ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၂၀ ခန့်တက်ရောက်ကြကာ ရည်ရွယ်ချက်ကို ပြောကြားခြင်း၊ တေးသီချင်းဖျော်ဖြေခြင်း သရုပ်ဖော် တင်ဆက်ပြသခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ပြန်လည် တင်ပြခြင်း၊ သရုပ်ဖော် တင်ဆက်ပြသခြင်း၊ တရားမျှတမှုရရှိရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ရပ်တန့်ပေး ဟူသော ခေါင်းစဉ်ဖြင့် Panel Discussion ပြုလုပ်ခြင်း၊ ဆွေးနွေးချက်များကို တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ၁၆ ရက်တာ လှုပ်ရှားမှုအကြောင်း အမေးအဖြေများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒီနေ့လုပ်ရခြင်းက ဒီနှစ်မှာ ကျရောက်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာ လှုပ်ရှားမှုပေ့ါ။ တစ်နိုင်ငံလုံးမှာဖြစ်ဖြစ် တစ်ကမ္ဘာလုံးမှာဖြစ်ဖြစ် အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေ ပပျောက်အောင်၊ ရပ်တန့်သွားအောင် မက်ဆေ့ပေးချင်လို့ ကျင်းပရတာ ဖြစ်ပါတယ်။ ဒီတစ်နှစ်မှာ ကျင်းပတဲ့ ဆောင်ပုဒ်က တရားမျှတမှုရရှိရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ရပ်တန့်ပေး ၊ ဘာလို့ ဒီဆောင်ပုဒ်ကို ရွေးရလဲဆိုတော့ လက်ရှိ မြန်မာနိုင်ငံ အနေအထားဖြစ်ဖြစ်၊ ကမ္ဘာမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေ အကြမ်းဖက်ခံရရင် တရားမျှတမှု ပြန်မရတာတွေ အများကြီးကြုံရတယ်။ ဆိုတော့ အမျိုးသမီးတွေ အကြမ်းဖက်ခံရတော့ ထိခိုက်မှုတွေ အများကြီးရှိတယ်။ အမျိုးသားတွေက ဘာပြစ်ဒဏ်မှခံရတဲ့ အနေအထား မရှိဘူး။ တချို့အမှု တွေပြောတာပေ့ါနော်။ နယ်တွေဘက်မှာဆိုရင် တော်တော်များများက ပအိုဝ်းဒေသမှာဆိုရင် ဓလေ့ထုံးတမ်းနဲ့ တရားစီရင်တာတွေ ရှိတယ်။ ဓလေ့ထုံးတမ်းနဲ့ တရားစီရင်တော့ အမှုတစ်ခုမှာ မုဒိမ်းကျင့်ခံရတယ်ဆိုရင် ဒဏ်ကြေး တစ်သိန်းနဲ့ ပြီးလိုက်တာရှိတယ်။ ဒါတွေ က တရားမျှတမှုကို ပြန်လည် မဖြေရှင်းပေးဘူး ဆိုတာ သိနေတယ်။ အမျိုးသမီး အကြမ်းဖက်ခံရရင် တရားမျှတမှု အရေးကြီးတယ်ဆိုတာ ရယ်ကျူးလွန်သူတွေ ကိုယ်တိုင်ပြစ်ဒဏ်က နေ ကင်းလွတ်တာမျိုး မဖြစ်စေချင်ဘူး။ ဥပဒေကနေ ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပေးဖို့ တိုက်တွန်းချင်တာပေ့ါ”ဟု ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ နန်းဇင်နွယ်က ပြောကြားသည်။
“အဓိကဖြစ်ချင်တာက ပြစ်ဒဏ်ကင်း လွတ်ခွင့်ကနေ ရရှိနေတဲ့ ကိစ္စတွေ ရှိတယ်။ ဘယ်လိုလဲဆိုရင် ရွာတွေမှာကလေးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုပေးလိုက် တာတွေ၊ သက်ငယ်မုဒိမ်းမှုဆိုရင် ရွာမှာ ကြက်တစ်ကောင်နဲ့ ငွေဘယ်လောက်နဲ့ တင် လိုက်ရင် ရတယ်လို့၊ တောင်းပန်လိုက်ရင် ရ တယ်လို့ရှိတယ်။ မုဒိမ်းမှုတွေဆိုရင် လွတ်ငြိမ်း ချမ်းသာထဲမှာ ပါတာတို့ပေ့ါ။ နောက်တစ်ခုက ဥပဒေတွေရဲ့ အားနည်းချက်တွေ၊ ပြစ်မှု တစ် ခုခုကျူးလွန်လိုက်ရင် အာမခံရနေတာတွေ ရှိနေတယ်။ ဒါတွေကို ပြန်ပြီး ပြင်ဆင်လို့ရရင် ပြင်ဆင် နိုင်အောင်ပေါ့။ ပုဒ်မ ၅၀၆ ပေ့ါ။ အပြင်းအထန်နာကြင်စေတယ်။ သတ်ပစ် မယ်ဆိုပြီး ခြိမ်းခြောက်တာပေ့ါ။ ရဲစခန်းမှာ သွားအမှုဖွင့်ရင် ထောင်ဒဏ် နှစ်နှစ်ပေါ့။ ရဲစ ခန်းကလည်း သူတို့ အကြုံးဝင်တာကိုပဲယူ တယ်။ ပုဒ်မတပ်တယ်၊ အမှုမမြောက်ဘူးဆိုပြီး တော့ အမှုမဖွင့်ပေးချင်တာတွေလည်း ရှိ တယ်။ ဒီမှာ ခြိမ်းခြောက်ထားလို့ အားကိုးတ ကြီးနဲ့ ရဲကိုတိုင်ထားတယ်။ ရဲက အာမခံပေး လိုက်တယ်။ အဲဒီအချိန်မှာလာပြီး လုပ်လိုက် တာတွေလည်း ကြုံရတယ်။ တရားရုံးမှာ ဝင် သတ်သွားတာတွေလည်း ရှိတယ်။ ဒီလိုပြင်း ပြင်းထန်ထန် ဖြစ်တဲ့ ပုဒ်မမျိုး တွေကို အာမခံ မပေးသင့်ဘူး။ တရားစီရင်ရေးမှာ တရား သူကြီးတွေရဲ့ ဆင်ခြင်တုံ တရားတွေမှာလည်း မူတည်တယ်ပေ့ါ။ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာတွေကတော့ မရှိသင့်ဘူးလို့ ထင် တယ်”ဟု လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအထောက်အကူပြုအဖွဲ့ တာဝန်ခံ သော်တာဆွေ ပြောကြားသည်။
“ဥပဒေပဲ ရှိတာ၊ အာမခံကိစ္စတွေဆိုရင် အမျိုးသမီးတွေအတွက် လျှောက်လို့ရတယ်။ အမျိုးသားတွေအတွက် အာမခံပေးလို့မရတဲ့ အမှုတွေရင် မရဘူး။ ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆိုတာ ဥပဒေအနေနဲ့ တင်းတင်းကျပ်ကျပ် ထုတ်ထားတာမရှိသေးဘူးပေ့ါ။ တချို့အမျိုး သမီးတွေကလည်း အကြမ်းဖက်ခံရပြီဆိုရင် ရဲရဲဝံ့ဝံံ့တိုင်တန်းမှ ရတာလေ။ ရှက်လို့ဆိုရင်၊ တောရွာတွေမှာ ရှိတယ်လေ။ ကျွန်မကိုဒီလို လုပ်ပါတယ်ဆိုပြီး တိုင်တန်းမှသာလျှင် ဥပဒေ အရ အရေးယူလို့ရမှာပေ့ါ”ဟု တရားလွှတ် တော်ရှေ့နေ ဒေါ်မိုးဝါက ပြောကြားသည်။
“အဓိက ပါဝင်စေချင်တာတော့ ပြည်သူ လူထုအားလုံးပါဝင်စေချင်တယ်။ အခြေအ နေတစ်ခုကို သုံးသပ်ကြည့်မယ်ဆိုရင် ရွာတွေ မှာ ဓလေ့ထုံးတမ်းနဲ့ ပတ်သက်ပြီးတော့ သက် ငယ်မုဒိမ်းမှုတွေ ဖြစ်ရင် အဓိက ကာယကံရှင် တွေကိုယ်တိုင်က ဓလေ့ထုံးတမ်းအရ အရှက် တရားရှိပြီး မတိုင်ချင်ကြဘူး။ အမျိုးသမီးအဖွဲ့ တွေရောက်သွားရင် တိုင်ရမယ် ပြောရင်၊ ဥပ မာပြောရရင် ကလေးတစ်ယောက်ကို သူ့အ ဘိုးက ပြန်ပြီး မုဒိမ်းမှုဖြစ်တဲ့အခါမှာ အဘိုး ဖြစ်လို့ သိက္ခာပိုင်းတွေကို ငဲ့ပြီး မတိုင်ချင်ဘူး။ ကလေးငယ် မှာ တော်တော် ဖြစ်သွားတယ်။ တိုင်ကြားဖို့ပြောတာ မတိုင်ဘူးပေ့ါ။ တတ်နိုင်သလောက်တော့ တိုက်တွန်းခဲ့တယ်။ ဥပဒေ တွေရှိတယ်ဆိုပေမယ့်လည်း ဥပဒေထိရောက် မှုကို မမြင်တွေ့ရဘူး။ ဖြစ်နေတဲ့ ခံစားနေရတဲ့ ပြည်သူလူထုအနေနဲ့ အမျိုးသမီးငယ်ပဲ ဖြစ် ဖြစ် ဘယ်ကို တိုင်ကြားရပါတယ် ဆိုတာလည်း တချို့ကသိတယ်။ အဖွဲ့တွေက အသိပညာပေးနေတယ်။ ကာယကံရှင်တွေအနေနဲ့ တိုင်ကြားဖို့ လိုတဲ့အကြောင်း ထပ်ဆင့်ပြောပြချင် ပါတယ်”ဟု ရှမ်းတောင် အမျိုးသမီးအဖွဲ့များ ကွန်ရက်မှ ညှိနှိုင်းရေးမှူး မျိုးနွယ်စီက ပြောကြားသည်။
အမျိုးသမီးများအပေါ် ကျူးလွန်သော အကြမ်းဖက်မှုများနှင့် မုဒိမ်းမှုများ၊ သက်ငယ်မုဒိမ်းမှုကဲ့သို့သော အမှုကြီးများကို စံနမူနာပြအနေဖြင့် ကြီးလေးသော ပြစ်ဒဏ်များကို ထိရောက်စွာ အရေးယူပေး စေချင်ကြောင်း၊ မုဒိမ်းမှုကျူးလွန်သူများကို လွတ်ငြိမ်းချမ်းသာခွင့် မရှိဘဲ ထောင်ဒဏ် တစ်သက်တစ်ကျွန်း (သို့မဟုတ်) သေဒဏ်တို့ကို အရေးယူပေးစေချင်ပြီး တရားမျှတမှု ရရှိအောင် ပြစ်ဒဏ်များဖြင့် အရေးယူပေးစေလိုကြောင်း တက်ရောက်လာသော အဖွဲ့များက တောင်းဆိုကြသည်။
-
■ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့ ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ပြည်သူအများအပြား လာရောက် လည်ပတ်
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ