လျှပ်စစ်ဓာတ်အားသုံးစွဲမှု မီတာခနှုန်းထားများ ပြင်ဆင်နိုင်ရေး အဖွဲ့ဖွဲ့ကာ စဉ်းစားနေပြီး အခြေခံလူတန်းစားများ မထိခိုက်စေရေးနှင့် လူတိုင်းလျှပ်စစ်သုံးစွဲနိုင်ရေးအတွက် မျှတသည့် စျေးနှုန်းဖြစ်စေရေး ဆောင်ရွက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။
“ကျွန်တော်တို့နိုင်ငံမှာ လျှပ်စစ်တစ်ယူနစ်ကို ၃၅ကျပ်နဲ့ ပေးနေတာရှိပါတယ်။ အဲဒီလို ၃၅ကျပ်နဲ့ ပေးနေတဲ့အတွက် တစ်ယူနစ်ထုတ်တိုင်း အစိုးရကနေ စိုက်နေရတဲ့အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့ အဖြေရှာမှာဖြစ်ပါတယ်။ အခုစဉ်းစားနေပြီ။ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ဆင်းရဲတဲ့ အခြေခံလူတန်းစားကိုလည်း မထိခိုက်အောင် လူတိုင်းလူတိုင်းလည်း လျှပ်စစ်သုံးလို့ရစေရမယ်။ လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးလုပ်တဲ့သူတွေအနေနဲ့တော့ ပိုပေးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပေးလည်းပေးမှာပါ။ ဒီမှာရှိတဲ့ လုပ်ငန်းရှင်တွေကို ကိုယ့်ဟာကိုယ် ဒီဇယ်နဲ့ လျှပ်စစ်ထုတ်မယ်ဆိုရင် အများကြီးကျမှာဖြစ်ပါတယ်။ ဒါကလည်း မျှတတဲ့စျေးနှုန်းဖြစ်ရမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။
“ဒါကြောင့်မို့ မျှမျှတတလုပ်နိုင်မှသာလျှင် ကျွန်တော်တို့နိုင်ငံက တိုးတက်မှာဖြစ်ပါတယ်။ အဲဒီ Tariff ကို အဖွဲ့ဖွဲ့ပြီး စဉ်းစားနေပါတယ်။ ဘယ်လိုလုပ်ရင်ရမလဲ ဆိုတာ။ ခေတ်မီနည်းပညာတွေအများကြီး ရှိပါတယ်။ Metering ကိုပြောင်းလိုက်ရင် ကျွန်တော်တို့ လုပ်လို့ရတယ်။ ဥပမာ- ဒစ်ဂျစ်တယ်မီတာရင်နဲ့လုပ်ရင် တချို့ရပ်ကွက်တွေမှာ နှုန်းတစ်မျိုးနဲ့ပေးလို့ရတယ်။ စက်မှုလုပ်ငန်းတွေအတွက်ဆို တစ်မျိုးပေးလို့ရတယ်။ Residential ဧရိယာတွေ တတ်နိုင်တဲ့ပုဂ္ဂိုလ်တွေ နေတဲ့နေရာမှာဆို နှုန်းတစ်မျိုးပေးလို့ရတယ်။ ညတစ်မျိုး၊ နေ့တစ်မျိုး လုပ်လို့ရတယ်။ အဲတော့ ခေတ်မီနည်းပညာသုံး ဒစ်ဂျစ်တယ်မီတာ ပြောင်းရင်နဲ့တောင် တော်တော်လေး အပြောင်းအလဲဖြစ်လာမယ်။ စောစောကပြောတဲ့ Tariff အတွက် သေသေချာချာစဉ်းစားနေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လက်ရှိအနေအထားအရ လျှပ်စစ်ဓာတ်အားလုံလောက်သည်ဟု ပြောသူများရှိသကဲ့သို့ မလုံလောက်ဟု ပြောသူများလည်းရှိကြောင်း၊ သို့သော် လျှပ်စစ်ဓာတ်အား၏ စျေးနှုန်းမှာ ဒေသတွင်း နိုင်ငံများနှင့်ယှဉ်လျှင် နိမ့်ကျနေကြောင်း၊ ယင်းကြောင့် နိုင်ငံတော်က လျှပ်စစ်ဓာတ်အားအတွက် တစ်နှစ်လျှင် ဒေါ်လာ သန်း ၅၀၀ စိုက်ထုတ်ပေးနေရကြောင်း၊ အဆိုပါ ဒေါ်လာသန်း ၅၀၀ ကိုသာ စိုက်ထုတ်ပေးမနေရပါက တစ်ခြားအခြေခံအဆောက်အအုံများ တည်ဆောက်နိုင်သကဲ့သို့ လျှပ်စစ်ဆိုင်ရာ အခြေခံ အဆောက်အအုံများကိုလည်း များစွာတည်ဆောက်နိုင်မည်ဖြစ်ကြောင်းလည်း လုပ်ငန်းရှင်တစ်ဦးက Invest Myanmar Summit 2019 တွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဆွေးနွေးမှုအစီအစဉ်၌ ပြောကြားသည်။
“ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လျှပ်စစ်လိုပါတယ်။ လျှပ်စစ်ရဖို့ နည်းအမျိုးမျိုးနဲ့ ကြံဖန်ပြီး ဆောင်ရွက်နေပါတယ်။ အခုဆိုရင် ရခိုင်ကမ်းလွန်က A 6 ကနေရမဲ့ သဘာဝဓာတ်ငွေ့တွေကို ကုန်းပေါ်ပို့ပြီး အဲဒီကနေ လျှပ်စစ်ထုတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါက လေးနှစ်လောက်တော့ လိုပါအုံးမယ်။ ကြားထဲမှာလည်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ LNG ကို သွင်းပြီးတော့ လိုအပ်တဲ့ စွမ်းအင်ကိုပေးဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။
-
မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းနှင့် စပို့တင်းလစ္စဘွန်းအသင်းတိုက်စစ်မှူး ယိုကယ်ရက်စ်ကို ခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကို အတည်ပြု
-
■ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့ ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ပြည်သူအများအပြား လာရောက် လည်ပတ်
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ