Top News

ဦးနှောက်အမြှေးရောင် ရောဂါဖြစ်ပွားမှုနှင့် ကိုယ်ဝန်ဆောင်များတွင် ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးပေးပြီး မွေးဖွားလာသည့် ကလေးငယ်များ၌ ရောဂါကာကွယ်နိုင်ခြင်း ရှိ မရှိ သုတေသနလုပ်ငန်းများကို Niigata University နှင့် ပူးပေါင်းလုပ်ဆောင်မည်
24htopnews | October 30, 2024 11:12 PM CST

ကလေးငယ်များတွင် ဦးနှောက်အမြှေးရောင် ရောဂါဖြစ်ပွားမှုနှင့် ကိုယ်ဝန်ဆောင် မိခင်များတွင် ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး မွေးဖွားလာသည့် ကလေးငယ်များကို တုပ်ကွေးရောဂါကာကွယ် ပေးနိုင်ခြင်းရှိမရှိ သုတေသနလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ Niigata University တို့ ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနနဲ့ Niigata University တို့ ပူးပေါင်းပြီး ရာသီတုပ်ကွေးရောဂါ စောင့်ကြပ် ကြည့်ရှုမှုသုတေသနလုပ်ငန်းတွေကို ၂၀၀၄ ခုနှစ်ကတည်းကစပြီး ပူးပေါင်းဆောင်ရွက်ခဲ့ ပါတယ်။ အခု ဒီလုပ်ငန်းတွေဆောင်ရွက်ဖို့ နေရာနှစ်ခုကိုလည်း ထပ်တိုးဆောင်ရွက်ဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ရာသီတုပ်ကွေးရောဂါဖြစ်စဉ်မှာလည်း Niigata University က ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကို ဆောင်ရွက်ခဲ့တာပါ။ လာမယ့် ငါးနှစ်အတွင်း လက်ရှိဆောင်ရွက်နေတဲ့လုပ်ငန်းတွေအပြင် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးထိုးပေးပြီး သူတို့ကမွေးဖွားလာတဲ့ကလေးငယ်တွေမှာ တုပ်ကွေးရောဂါ ကာကွယ်ပေးနိုင်ခြင်းရှိမရှိ သုတေသနနဲ့  ကလေးငယ်တွေမှာ ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ပွားမှုသုတေသနတွေကိုလည်း ပူးပေါင်းဆောင်ရွက် သွားဖို့ရှိပါတယ်” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် အပူပိုင်းဒေသတွင် ဖြစ်ပွားတတ်သော ရောဂါဆိုင်ရာ သုတေသနလုပ်ငန်းများ ကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနနှင့် ဂျပန်နိုင်ငံ Niigata University နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက နားလည်မှုစာချွန်လွှာ လက် မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ စာချွန်လွှာတွင် ကုသရေးအထောက်အကူပြုဓာတ်ခွဲမှုဆိုင်ရာ ပညာရှင်များနှင့်စီမံခန့်ခွဲသူများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် အပြန်အလှန် စေလွှတ်ပညာသင်ကြားမှု၊ ဓာတ်ခွဲမှုနှင့်ကူးစက်ရောဂါများဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင် မှု၊အသစ်ပေါ်ထွက်လာနိုင်သည့် ကူး စက်ရောဂါများ၊ငုတ်လျှိုးနေရာမှပြန်လည်ပေါ်ထွက် လာသောကူးစက်ရောဂါများနှင့်အပူပိုင်းဒေသတွင် ဖြစ်ပွားတတ်သောရောဂါများဆိုင်ရာ ပူးပေါင်းသုတေသနဆောင်ရွက်မှုများစသည်  တို့ပါရှိကြောင်းနှင့် ထိုသို့ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၏ ဓာတ်ခွဲမှုဆိုင်ရာစွမ်းဆောင် ရည်များ ပိုမိုမြင့်မားလာခြင်း၊ မြန်မာနိုင်ငံမှ ပညာရှင်များအနေဖြင့် ဂျပန်နိုင်ငံမှခေတ်မီ တိုးတက်သည့်နည်းပညာများကို လေ့လာသင်ယူနိုင်ခြင်းသာမက ဂျပန်နိုင်ငံမှ ပညာရှင်များအနေဖြင့်လည်း ဂျပန်နိုင်ငံတွင်မရှိသော အပူပိုင်းဒေသတွင် ဖြစ်ပွားတတ်သောရောဂါများကဲ့သို့သောရောဂါများဆိုင်ရာလေ့လာ သင်ယူမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

၂၀၀၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍလုပ်ငန်းများတွင် ဂျပန်နိုင်ငံ Niigata University နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်ရာသီတုပ်ကွေးရော ဂါအပါအဝင် တုပ်ကွေးရောဂါအမျိုးမျိုး၊ ကပ် ပါးရောဂါပိုးအမျိုးမျိုး၊ လတ်တလော ပြင်း ထန်အဆုတ်ရောင်ရောဂါနှင့် ပြင်းထန်ဝမ်း ပျက်ဝမ်းလျှောရောဂါဆိုင်ရာ ပူးပေါင်းသုတေ သနစီမံချက်လုပ်ငန်းများကို ကျွမ်းကျင်မှုပိုင်း ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု သဘောတူ ညီချက်လက်မှတ်ရေးထိုး၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် AFD နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ၂၀၁၉ ခုနှစ်မှစ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ပူး ပေါင်းပြီး ဇီဝလုံခြုံမှုအဆင့်မြင့်ဓာတ်ခွဲခန်းနှင့် သုတေသနဓာတ်ခွဲစမ်းသပ်ရန် တိရစ္ဆာန် များထားသိုမည့် အဆောက်အဦအသစ်တည် ဆောက်ခြင်း၊ အမျိုးသားကျန်းမာရေးဓာတ် ခွဲခန်း(ရန်ကုန်) ရှိ သမိုင်းဝင်ဓာတ်ခွဲခန်း အ ဆောက်အဦ နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲ ခန်း(မန္တလေး)တို့ကို ပြုပြင်ထိန်းသိမ်းတည် ဆောက်ခြင်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲ ခန်း၏ကျွမ်းကျင်မှုဆိုင်ရာသုတေသနနှင့်သိပ္ပံ နည်းပညာဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့်      ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းများ ကွန်ရက် ချိတ်ဆက်မှုကို အားဖြည့်ဆောင်ရွက်ခြင်းလုပ် ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်းလုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၁၈ခုနှစ်၊ ဇွန်လအတွင်းက သဘောတူညီမှုလက်မှတ် ရေးထိုးခဲ့ပြီးဖြစ်သည်။

 

 

 

 


READ NEXT
Cancel OK