Top News

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ်တွင် တရားမဝင်သစ် ၅၅၈၈ တန်ကျော် ဖမ်းဆီးရမိ၍ ယခင်နှစ်ထက် တန် ၄၀၀ ကျော် ပိုများကြောင်း သိရ
24htopnews | October 30, 2024 11:12 PM CST

ပဲခူးတိုင်းဒေသကြီးတွင်၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်တာ ကာလအတွင်း တရားမဝင်သစ် စုစုပေါင်း ၅၅၈၈ ဒသမ ၃၃၄၄ တန် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့ သော တရားမဝင်သစ် စုစုပေါင်း ၅၁၅၉ ဒသ မ၂၅၉၈ တန်နှင့် နှိုင်းယှဉ်လျှင်၂၀၁၉ ခုနှစ်တွင် ၄၂၉ ဒသမ ၀၇၄၆ တန် ပိုမိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဒီလို တရားမဝင်သစ် ဖမ်းဆီးရမိမှုတွေ ဘာကြောင့်တိုးလဲဆိုရင် လူဦးရေ တိုးလာပြီး စားဝတ်နေရေး လိုအပ်ချက်တွေ တိုးလာတယ်။ အဓိကတော့ နေရေးလို့ ထင်ပါတယ်။ စားဝတ်နေရေး လိုအပ်ချက်ကြောင့် သစ်တောသယံဇာတတွေကို မှီခိုရပါတယ်။ ဒီလို မှီခိုအသုံးပြုတဲ့အခါမှာ တရားဝင်ပြုလုပ်ရင်တော့ ပြဿနာမဟုတ်ပေမဲ့ တရားမဝင် ပြုလုပ်လာရင်တော့ ကျွန်တော်တို့ သစ်တောဌာနအနေနဲ့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သစ်တောဌာနရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောသစ်ပင်ကာကွယ်ရေးအတွက် နှစ်စဉ်စီမံချက်တွေနဲ့ လစဉ်စီမံချက်တွေချပြီး သစ်ခိုးထုတ်တဲ့ ဒေသတွေကို စိစစ်ဖော်ထုတ် ဖမ်းဆီးရပါတယ်။ နောက်ပြီး ပဲခူးတိုင်းဒေသကြီးမှာ ဖြတ်လမ်းပေါက်တွေ များပါတယ်။ဒီလမ်းတွေဟာ ပြည်သူလူထု သွားလာရေးအတွက် လွယ်ကူလို့ တစ်ဖက်က ကောင်းပေမယ့် သစ်ခိုးထုတ်ဖို့အတွက်လည်း လွယ်ကူတဲ့အတွက် ဖြတ်လမ်းပေါက်တွေ ပိတ်ပစ်ရတာလည်း ရှိပါတယ်။ အုတ်တွင်း-ပေါက်ခေါင်းလမ်းတို့ ကိုးပင်-သာဂရလမ်းတို့ဟာ သစ်ခိုးထုတ်တာများတဲ့ လမ်းတွေဖြစ်လို့ စီမံချက်တွေချပြီး ဆောင်ရွက်နေရပါတယ်။ မိုးတွင်းအခါ မှာလည်း ပြည်တွင်းမှာသာမကဘဲ ပြည်ပကို တင်ပို့နိုင်တဲ့ မြစ်ကြောင်းတွေကို ပိတ်ဆို့ရှာဖွေ ဖမ်းဆီးပါတယ်။ ပဲခူးတိုင်းအတွင်းမှာ ဆည်တွေကလည်း အလွန်များတဲ့အတွက်ကြောင့် ဒီထဲက သယံဇာတတွေကိုလည်း တားဆီး ထိန်းသိမ်းရပါတယ်။ ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ လမ်းသစ်တွေမှာလည်း ဖမ်းဆီးမှုတွေ လုပ်ပါတယ်။ အခုလို ဖမ်းဆီးတဲ့အလုပ်တွေကို နေရာတိုင်းမှာ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ဝန်ထမ်းတွေချပြီး ဖမ်းဆီးတဲ့အတွက် ပိုပြီးဖမ်းဆီးရမိမှုတေ များလာတာပဲ ဖြစ်ပါတယ်။ နောက်ပြီး ဖမ်းဆီးရမိမှုများ လာတဲ့တစ်ချက်ကတော့ ပြည်သူလူထု ပူးပေါင်းပါဝင်ပြီး ပြည်သူတွေ သတင်းပေးပို့မှု စနစ်ကြောင့်ပါ။ ပြည်သူတွေ ပူးပေါင်းပါဝင်မှုက အဓိကကျပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး သစ်တောဦးဌာနညွှန်ကြားရေးမှူး ဦးခင်ဖုန်း က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်တာ ကာလအတွင်း ကျွန်းသစ်၃၂၆၅ ဒသမ ၈၇၆၇ တန်၊ သစ်မာ ၁၄၂၆ ဒသမ ၃၁၀၆ တန်၊ အခြားသစ် ၈၉၆ ဒသမ ၁၄၇၁ တန ်ဖမ်းဆီးရမိခဲ့၍ စုစုပေါင်း ၅၅၈၈ ဒသမ ၃၃၄၄ တန် ဖမ်းဆီးရမိခဲ့ပြီး တရားမဝင် သစ်ခိုးထုတ်မှုနှင့် ပတ်သက်သောအမှု ၂၅၉၀ မှုရှိကာ ယခင်၂၀၁၈ ခုနှစ် တစ်တာကာလနှင့် နှိုင်းယှဉ်လျှင် အမှု ၁၇၄ မှု ပိုများခဲ့ကြောင်း သိရသည်။

ထို့ပြင်၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း တရားခံပေါင်း ၅၈၇ ဦး ဖမ်းဆီးရမိခဲ့၍ ၂၀၁၈ ခုနှစ်ထက်၂၀ ဦးပိုခဲ့ပြီး ဖမ်းဆီးမိသော ယာဉ်အစီးရေမှာလည်း ၄၅၀ ရှိကာ ယခင်နှစ်ထက် အစီးရေ ၈၁ စီး ပိုဖမ်းမိခဲ့ကြောင်း သိရသည်။တရားမဝင်သစ် သယ်ယူသဖြင့် ဖမ်းဆီးရမိသောယာဉ်များတွင် အိမ်စီးကား၊ ယာဉ်ကြီး၊ ထော်လာဂျီ၊ ဂွန်ဒေါင်း၊ ဘေးတွဲယာဉ်၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ နောက်တွဲယာဉ်၊ မြေထိုးစက်၊ ဘက်ဟိုး၊ ထွန်စက်၊ စက်လှေတို့ ပါဝင်ကြောင်း သိရသည်။


READ NEXT
Cancel OK