မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းရှိ အရေးပေါ်ဖုန်းအား ဖုန်းနံပါတ် (၀၉ ၇၈ ------) မှ နေ့စဉ် အကြိမ်ကြိမ်ခေါ်ပြီး ဖုန်းဘေလ်ထည့်ပေးရန် နှောင့်ယှက်မှုမျိုး ပြုလုပ်ခံခဲ့ရကြောင်း မြောက်ဥက္ကလာပမြို့ နယ် မီးသတ်စခန်းက ထုတ်ပြန်သည်။
(၀၉၇၈-----) ဖုန်းနံပါတ် ပိုင်ရှင် မိန်းကလေးမှာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်း၏ အရေးပေါ်ဖုန်းသို့ နေ့စဉ် ဖုန်းခဏခဏ ဆက်သွယ်ပြီး ဖုန်းဘေလ်ဖြည့်ပေးရန် ပြောကြားခဲ့ကြောင်း၊ အရေးပေါ် တယ်လီဖုန်းဖြစ်၍ အကြောင်းမဲ့ ခဏခဏ မဆက်ရန် ပြောကြားခဲ့သော်လည်း ဂရုစိုက်ခြင်းမရှိဘဲ ဖုန်းဘေလ်ဖြည့်ပေးရန်နှင့် မဖြည့်ပေးလျှင် အကြိမ်ကြိမ်ခေါ်ဆိုနေမည်ဟု ပြောကြားခဲ့ကြောင်း၊ အဆိုပါ ဖုန်းခေါ်နေမှုနှင့် ပတ်သက်ပြီး ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက တရားဥပဒေအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ဘက်က ဘာမှမလုပ်ပါဘူး။ ပြီးသွားပါပြီ” ဟု ဖုန်းခေါ်နေမှုနှင့် ပတ်သက်ပြီး မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ဖုန်းနံပါတ်ပိုင်ရှင် မိန်းကလေးသည် မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းသို့ ဆက်သည်မှာ တစ်ပတ်နီးပါး ရှိပြီဖြစ်ကြောင်း၊ တစ်ရက်လျှင် အခါ ၃၀ ထက်မနည်း ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက “ ဖုန်းနဲ့ အနှောင့်အယှက်ပေးတယ် ဆိုတာကတော့ သူလည်း တာဝန်ဝတ္တရား နှောင့်ယှက်တယ်ဆို ပြောမယ်ဆိုပြောလို့တော့ ရတာပေါ့ကွာ။ မီးသတ်ဥပဒေမှာ ဘယ်လိုပြဋ္ဌာန်းထားလဲ ဆိုတော့ မီးမလောင်ဘဲနဲ့ ဖုန်းနဲ့ ဆက်သွယ်ပြီးတော့ မီးလောင်တယ်လို့ မမှန်သတင်းပေးတယ် ဆိုရင်တော့ သူ့ကို ဥပဒေအရ အရေးယူလို့ ရတာပေါ့။ ဖုန်းကို ဘေလ်ထည့်ခိုင်းတယ် ဆိုတာက နှောင့်ယှက်တာတော့ နှောင့်ယှက်တာပေါ့လေ။ ဆင်းကတ်တွေ မှတ်ပုံတင်ဖို့ ဘယ်လိုပဲ ထိန်းချုပ်ထား ထိန်းချုပ်ထား ဒါပေမဲ့လည်း လမ်းဘေးမှာ မှတ်ပုံတင်ပြီးသား ဆင်းကတ်တွေက အလွယ်တကူဝယ်လို့ ရနေတုန်းပဲလေ။ အနှောင့်အယှက်ပေးပြီး အဲဒီဆင်းကတ်ကို လွှင့်ပစ်လိုက်လို့ ရှိရင်လည်း အဲဒီလူနောက်ကို လိုက်ဖို့က မလွယ်ဘူးလေ။ ပြည်သူကိုပဲ ဦးစားပေးတော့ ဘာပဲဖြစ်ဖြစ် သည်းခံရတာပဲ ကိုယ်တွေမီးသတ်တွေက။ အရမ်းကြီးကိုမှ ဆိုးဆိုးဝါးဝါး ဖြစ်တယ်ဆိုမှ မီးသတ်က သတိပေးရုံလောက်ပါပဲ။ ပြည်သူတွေ မှားနေပလေ့စေ ကိုယ်တွေဘက်က သူတို့အမှားကို ကိုယ့်အမှား မဖြစ်စေဘဲ တတ်နိုင်သလောက် သည်းခံပြီးတော့ သတိပေး၊ အဲဒါမှ မရဘူးဆိုရင်တော့ ဥပဒေအရ အရေးယူတာတွေ လုပ်ရတာပေါ့။ ကိုယ်တွေက ပြည်သူကို ကယ်ဆယ်တဲ့အဖွဲ့လေ။ ဖမ်းတာတို့ အရေးယူတာတို့ တရားစွဲတာတို့ တွေကတော့ အတတ်နိုင်ဆုံး မလုပ်ချင်ပါဘူး။ မီးသတ်က ကူညီဖို့ ကယ်ဆယ်ဖို့ သက်သက်ပဲလေ။ မီးသတ်က တရားစွဲလိုက်တယ်လို့ အမှုဖွင့်လိုက်တယ်လို့ကတော့ ဘယ်တော့မှ မလုပ်ချင်ပါဘူး” ဟု မှတ်ချက်ပြုပြောကြားသည်။
မီးသတ်စခန်းများသို့ မဟုတ်မမှန်ဘဲ မီးလောင်သတင်းပေးသူများကို မြန်မာနိုင်ငံ မီးသတ်ဥပဒေအရ ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်