ဆူဒန်နိုင်ငံ အရှေ့အလယ်ပိုင်းတွင် အမည်ဆိုးဖြင့် ထင်ရှားသည့် အရန်တပ်ဖွဲ့Rapid Support Forces မှ တိုက်ခိုက်ရေးသမားများ၏ ရက်အနည်းငယ်ကြာ တိုက်ခိုက်မှုကြောင့် မြို့တစ်မြို့တွင်းမှ လူ ၁၂၀ ကျော် သေဆုံးခဲ့သည်ဟု ဆရာဝန်များအဖွဲ့တစ်ဖွဲ့နှင့် ကုလသမဂ္ဂက ပြောကြားခဲ့သည်။
ယင်းသည် အရန်တပ်ဖွဲ့အနေဖြင့် ထိုးနှက်ချက်အများအပြားကို ရင်ဆိုင်ရပြီး နယ်မြေများကို ဆုံးရှုံးခဲ့ပြီးနောက် ယင်းသည် ဆူဒန်စစ်တပ်ကို နောက်ဆုံးအကြိမ် တိုက်ခိုက်မှု ဖြစ်လာခဲ့သည်။ဆူဒန်စစ်တပ်နှင့် အရန်တပ်ဖွဲ့ ကြား တစ်နှစ်ခွဲကျော်ကြာ ဖြစ်ပွားသည့် စစ်ပွဲသည် ဆူဒန်နိုင်ငံကို အလွန်အထိနာစေခဲ့ပြီး လူပေါင်းသန်းချီ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြကာ အငတ်ဘေးဆိုက်မည့် အနေအထား ဆီတွန်းပို့နေသည်။
RSF တိုက်ခိုက်ရေးသမားများသည် အောက်တိုဘာ ၂၀ မှ ၂၅ ရက်အတွင်း ဂျီဇီရာပြည်နယ်၏ အရှေ့ဘက်နှင့်မြောက်ဘက်ခြမ်းရှိ ရွာများနှင့်မြို့များကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကာ အရပ်သားများကို ပစ်ခတ်ခဲ့ပြီး အမျိုးသမီးများနှင့်မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခဲ့ကြောင်း ကုလသမဂ္ဂက အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့ကာ စျေးများအပါအဝင် ပုဂ္ဂလိကနှင့် ပြည်သူပိုင်ပစ္စည်းများကိုလည်း လုယက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံအရှေ့ပိုင်း ဂျီဇီရာပြည်နယ်ရှိ တမ်ဘီအွတ်မြို့နှင့် အခြားကျေးရွာများတွင် တိုက်ခိုက်မှုကြောင့် လူ ၄၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြောင်း ရွှေ့ပြောင်းနေထိုင်မှု၏ ခြေရာခံမှုကွန်ရက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်းက ထုတ်ပြန်ထားသည်။
“ဂျီဇီရာပြည်နယ်မှာ လူသတ်မှုတွေနဲ့ တုန်လှုပ်ခြောက်ခြားဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဒီပဋိပက္ခမှာ လက်သင့်မခံ နိုင်ဖွယ်အခြေအနေ ဖြစ်ပါတယ်”ဟု IOM ညွှန်ကြားရေးမှူးချုပ် အေမီပုပ်က လာမည့်သီတင်းပတ်တွင် ဆူဒန်ခရီးစဉ်မတိုင်မီ အေပီသတင်းကို ပြောပြခဲ့သည်။
အေမီက ပဋိပက္ခကို တားဆီးရန်နိုင်ငံတကာ၏ တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
“ဒါက ရက်စက်တဲ့ပြစ်မှုတွေပါ”ဟု ဆူဒန်ရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဆလီမန်တိုင်း အန်ဝီတာ-ဆာလာမီက ပြောကြားခဲ့သည်။
“အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ခုခံနိုင်စွမ်းမရှိတဲ့ လူတွေက ပဋိပက္ခရဲ့ဝန်ထုတ်ဝန်ပိုးကို ထမ်းထားရပြီး အသက်ပေါင်းများစွာ ဆုံးရှုံးနေပါတယ်”ဟု ၎င်းက ဆိုသည်။
ထိုတိုက်ခိုက်မှုများသည် အဓမ္မပြုကျင့်မှု၊ လိင်အကြမ်းဖက်မှုနှင့် လူအုပ်စုလိုက် သတ်ဖြတ်မှုများအပါအဝင် ၂၀၀၀ ပြည့်နှစ် အစောပိုင်းက ဒါဖာလူမျိုးတုံးသတ်ဖြတ်မှုအတွင်း ကြုံတွေ့ခဲ့သည့်ဖြစ်စဉ်နှင့် ဆင်တူကြောင်း ၎င်းက ဆိုသည်။
RSF အဖွဲ့သည် အလယ်ပိုင်းသို့မဟုတ် အရှေ့အာဖရိက လူမျိုးများဖြင့် ဒါဖာရှိ ထိုအသိုင်းအဝိုင်းများကို ပစ်မှတ်ထားသော ဆူဒန်သမ္မတဟောင်း အိုမာအယ်ဘာရှားမှ စစ်စည်းရုံးခဲ့သည့် ဂျန်ဂျာဝိဟု လူသိများသော အာရပ်ပြည်သူ့စစ်မှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ထိုအချိန်က ဂျန်ဂျာဝိသည် လူအုပ်စုလိုက် သတ်ဖြတ်မှုများ၊ အဓမ္မပြုကျင့်မှုများနှင့် အခြားရက်စက်သော လုပ်ရပ်များ ကျူးလွန်ကြောင်း စွပ်စွဲခံရကာ ဒါဖာသည် လူမျိုးတုံး သတ်ဖြတ်မှု၏ သရုပ်သကန် ဖြစ်လာခဲ့သည်။ ဂျန်ဂျာဝိအဖွဲ့များသည် RSF ကို ဆက်လက် ကူညီပေးလျက် ရှိသည်။
ဆာရီဟာမြို့တွင် RSF ၏ တိုက်ခိုက်မှုကြောင့် လူ ၁၂၄ ဦးထက် မနည်းသေဆုံးကာ လူ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆူဒန်ဆရာဝန်များ သမဂ္ဂကထုတ်ပြန်ထားသည်။ အကူအညီပေးရေးအဖွဲ့များ အတွက် ဘေးကင်းသော စင်္ကြံများဖွင့်လှစ်ပေးရန်အတွက် RSF ကို ဖိအားပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့သည်။
Ref:VOA
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား
-
ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
-
ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ
-
■ UEFA Nations League ပွဲကြိုသုံးသပ်ချက်