ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်းလုံး၌ ပိတ်ဆို့ကန့်သတ်မှုများ လုပ်ဆောင်နေရစဉ် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ၎င်းတို့၏ အဓိကဝင်ငွေရင်းမြစ်ကို ဆုံးရှုံးနေကြပြီး ပြည်ပသို့ သွားရောက်နေထိုင်ကာ အလုပ်လုပ်ကြသည့် အလုပ်သမားများထံမှ နေရပ်ပြန်ပို့ငွေများမှာလည်း သိသိသာသာ လျော့ကျနေကြောင်း ကမ္ဘာ့ဘဏ်က ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လုပ်ငန်းများပိတ်သိမ်းရခြင်းကြောင့် ဖြစ်ပွားသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းမှုနှင့် အလုပ်အကိုင်ဆုံးရှုံးမှုများက ပြည်ပရောက်အလုပ်သမားများအား ၎င်းတို့ မွေးရပ်နိုင်ငံရှိ မိသားစုထံသို့ ငွေပို့၊ ငွေလွှဲခြင်းကို အဟန့်အတားဖြစ်စေခဲ့ကြောင်း အစီရင်ခံစာတွင် ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။
ပြည်ပရောက်နိုင်ငံသားများ၏ ပို့ငွေများသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးပါသော ဝင်ငွေရင်းမြစ်တစ်ခုဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပွားသော စီးပွားရေးကျဆင်းမှုက ပြည်ပရောက် အလုပ်သမားများ ၎င်းတို့၏ နေရပ်ဌာနီသို့ ငွေပေးပို့နိုင်စွမ်း မရှိအောင် ပြုလုပ်နေကြောင်း၊ ပို၍အရေးကြီးသောကိစ္စရပ်မှာ စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် မိမိတို့တွင် အချိန်အနည်းငယ်သာရှိနေခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ David Malpas က အစီရင်ခံစာ အတွင်း ပြောကြားထားသည်။
ရွှေ့ပြောင်းလုပ်သားများ၏ ပို့ငွေ ပမာဏသည် ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၅၅၄ ဘီလျံရှိခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားနေသည့်ကာလအတွင်း လုပ်သားများ၏ ပို့ငွေပမာဏမှာ ဒေါ်လာ ၄၄၅ ဘီလျံသို့ လျော့ကျလိမ့်မည်ဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ယင်းကဲ့သို့ ကျဆင်းနေလျှင်ပင် ဝင်ငွေ နိမ့်နှင့် ဝင်ငွေအလယ်အလတ်ရှိ နိုင်ငံများ၌ ပြည်ပရင်းနှီးမြှုပ်နှံမှုသည် (၃၅ ရာခိုင်နှုန်း ကျော်) ကျဆင်းနိုင်မည်ဟု ခန့်မှန်းထားစဉ် ထိုပြန်ပို့ငွေများသည် ယင်းနိုင်ငံများအတွက် ပို၍ပင် အရေးပါသော ဝင်ငွေရင်းမြစ်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ရွှေ့ပြောင်းအလုပ်သမားများ၏ ပို့ငွေ များသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသက် သွေးကြောတစ်ခုကဲ့သို့ ဖြစ်နေကာ ထိုငွေများ လက်ခံရရှိကြသည့် မိသားစုဝင်များနှင့် အတူ ချမ်းသာ ကြွယ်ဝမှုကို ဝေမျှခံစားသည့် နည်းလမ်းတစ်သွယ်ကဲ့သို့ ဖြစ်နေကြောင်း၊ ပို့ငွေလျော့ကျမှုသည် သမိုင်းတွင် မကြုံစဖူး ဖြစ်ပွားခြင်းဖြစ်ကာ ကပ်ဘေးကြောင့် ရွှေ့ ပြောင်းအခြေချမှုနှုန်း ကျဆင်းသွားနိုင်ကြောင်း အစီရင်ခံစာကို ဦးဆောင်ရေးသား သူ ဘောဂဗေဒပညာရှင် Dilip Ratha က ပြောကြားခဲ့သည်။
တောင်ဆူဒန်၊ ဟေတီ၊ နီပေါ၊ ကာဂျစ် သမ္မတနိုင်ငံ၊ တာဂျစ်ကစ္စတန်၊ မွန်တီနီဂရိုး၊ တွန်ဂါ အပါအဝင် အချို့သောနိုင်ငံများတွင် ပြည်ပရောက်အလုပ်သမားများ၏ ပို့ငွေပမာဏသည် ယင်းနိုင်ငံများ၏ GDP ၏ လေးပုံတစ်ပုံ သို့မဟုတ် သုံးပုံတစ်ပုံအထိ ရှိ ကြောင်း သိရသည်။
ပို့ငွေ စီးဆင်းမှုနှုန်းသည် ဥရောပနှင့် ဗဟိုအာရှတွင် ၂၇.၅ ရာခိုင်နှုန်းထိ သိသိ သာသာ ကျဆင်းနိုင်ဖွယ်ရှိပြီး အာဖရိက ဆာဟာရဒေသတွင် ၂၃.၁ ရာခိုင်နှုန်း၊ တောင်အာရှတွင် ၂၂.၁ ရာခိုင်နှုန်း၊ အရှေ့ အလယ်ပိုင်းနှင့် မြောက်အာဖရိကတွင် ၁၉.၆ ရာခိုင်နှုန်း၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံတွင် ၁၉.၃ ရာခိုင်နှုန်း၊ အရှေ့ အာရှနှင့်ပစိဖိတ်ဒေသတွင် ၁၃ ရာခိုင်နှုန်း ကျဆင်းလိမ့်မည်ဟု ခန့်မှန်းရသည်။
COVID-19 ကူးစက်ရောဂါကို ကာကွယ်၊ ထိန်းချုပ်ရန် ကြိုးပမ်းလုပ်ဆောင်ချက်များက ကမ္ဘာ့စီးပွားရေးကို ဆိုးဆိုးရွားရွား ကျဆင်းစေလိမ့်မည်ဟု ယူဆရကြောင်း၊ စီးပွားရေးဆက်လက်ကျဆင်းနေမှု၏ နောက်ဆက်တွဲ ထိခိုက်ဆုံးရှုံးမှုကို ၂၀၂၁ ခုနစ်တွင်လည်း တွေ့ကြုံခံစားရမည်ဖြစ် ကြောင်း ထိုအစီရင်ခံစာက ဆိုသည်။
အစားအစာနှင့်ဧည့်ခံရေးလုပ်ငန်း၊ လက်လီ၊ လက်ကားရောင်းချရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်းအများအပြား ပိတ်သိမ်းထားရမှု ကြောင့် ကြီးကြီးမားမား ထိခိုက်နစ်နာနေသော ဝန်ဆောင်မှုလုပ်ငန်းများနှင့် မြို့ပြ ဒေသများတွင် စုရုံးကာ အလုပ်လုပ်ကိုင်နေ ကြသည့် ရွှေ့ပြောင်းအခြေချများသည် အများအားဖြင့် လစာဆုံးရှုံးမှုဒဏ်ကို ခံနိုင်ရည် မရှိသူများဖြစ်ကြသည်။
နိုင်ငံအများအပြား၌ လယ်ယာစိုက်ပျိုး ရေးကာလ စတင်နေချိန်တွင် ရွှေ့ပြောင်း အလုပ်သမားများကို အားကိုးအားထားပြု ကာ အလုပ်စေခိုင်းသည့် စက်မှုနိုင်ငံများ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် အလုပ်သမား အရေအတွက်လျှော့ချလိုသည့် အရိပ်အ ယောင်များရှိနေကြောင်း ကမ္ဘာ့ဘဏ်က ဆို သည်။
ဗိုင်းရပ်စ်ကာကွယ်၊ နှိမ်နင်းရေးလုပ်ငန်းနှင့်ပတ်သက်၍ အစိုးရအဖွဲ့များ အကောင်အထည်ဖော်ဆောင်ရွက်နေသော အစီအစဉ်များထဲတွင် ရွှေ့ပြောင်းလုပ်သားများ ထည့်သွင်းစဉ်းစားခြင်း မခံရသလို သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ပိတ်သိမ်းထား ခြင်းကြောင့် ထိုရွှေ့ပြောင်းလုပ်သားများ သည် နေရပ်နိုင်ငံသို့လည်း မပြန်နိုင်ကြ ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော် ပြထားသည်။
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား
-
ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
-
ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ