ရန်ကုန်တက္ကသိုလ်ကစတဲ့ တက္ကသိုလ် ပညာရေး၊ နှစ် ၁၀၀ ရှိလုပါပြီ။ ဘယ်အထိခရီး ရောက်ပြီလဲ
(၁)
ကျွန်တော်တို့ စိတ်တိုင်းကျလက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြပါတယ်။
ကိုလှမြင့်၊ ခင်မောင်ထွန်း၊ ငြိမ်းချမ်းစိုးစတဲ့ ကိုဘသစ် တပည့်တွေလည်း ရောက်လာကြတယ်။
“ကိုဘသစ် ခုတလော ဘယ်ပျောက်နေတာလဲ”
“ဘန်ကောက်တက္ကသိုလ်ရဲ့ Open House Ceremony ကို ရောက်ခဲ့တာပါ”
“၂၀၁၉ သြဂုတ်လ ၃၀ ရက်နေ့မှာပေါ့ ဟုတ်လား”
ကျွန်တော် ဝင်ပြောလိုက်တော့ ကိုဘသစ် အံ့သြသွားပါတယ်။
“တယ်ဟုတ်ပါလား၊ ဆရာညို ဒီအကြောင်းတွေ သိလား”
“သိတာပေါ့ ကိုဘသစ်ရာ။ အင်တာနက်ကနေ ကြည့်တာ။ အဲဒီတက္ကသိုလ်မှာ ကျွန်တော့်သူငယ်ချင်းသမီး ကျောင်းတက်နေတယ်။ ကျွန်တော်လည်း တစ်ခါက ကျောင်းဆရာပဲလေ။ ကျောင်းဆရာ တစ်ခါ ဖြစ်ရင် တစ်သက်လုံး ဆရာပဲပေါ့”
“ဟားဟားဟား။ ဆရာညိုက အတော်ပြောတတ်တာပဲ။ ပညာရေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတစ်ခုထဲမှာ ရေးထားတယ်။ ဆရာမ ယောက်ျားဆိုတာကတော့ ထာဝရတပည့်ပဲတဲ့”
အားလုံး ရယ်ကြပါတယ်။
“Open House ဆိုတာ ဘာလဲဆရာ” ကိုခင်မောင်ထွန်းက မေးပါတယ်။
“ဘယ်လိုဖြေရမှန်းတောင် မသိဘူး။ နိုင်ငံခြားရောက်နေတဲ့ တက္ကသိုလ်က မိတ်ဆွေတွေကိုမေးတော့ သူတို့ ဖြေတယ်”
“Open House ဆိုတာ ဘုရားကိုးဆူပွဲနဲ့ တူတယ်ဗျတဲ့။ ဘုရားကိုးဆူဆရာက ဘုရားကိုးဆူ ပင့်တာပေါ့။ လူတွေလည်း မိတ်ဆွေတွေနဲ့ ဆုံပြီး စကားပြောခွင့်ရတယ်။ ဒီလိုမျိုးပါပဲ”
“တကယ်တော့ Open House ဆိုတာ သူ့ကျောင်းကို သူ ကြွားတာပါပဲ”
ကျွန်တော် ကြားထဲဝင်ပြောလိုက်ပါ တယ်။
“Open House မှာ ကျောင်းသူကျောင်းသားတွေရဲ့ လုပ်ဆောင်ချက်တွေ တိုးတက်မှုတွေကို ဖော်ပြတယ်”
“Open House ဟာ ပျော်ပွဲရွှင်ပွဲသဘော မျိုးလည်း ပါတယ်။ ကျောင်းရဲ့ သင်ကြားမှု ပုံစံတွေ သင်ရိုးတွေကို တင်ပြတယ်။ အထူး သဖြင့် အထက်တန်းကျောင်းသားတွေနဲ့ မိဘ တွေကို ပညာရေးနဲ့ပတ်သက်တာတွေကို ပြ တယ်။ ပြီးတော့ ဒီကျောင်းကနေ အောင်မြင် သွားတဲ့သူတွေကိုလည်း ပြတယ်”
သူတို့ပြောတာ စိတ်ဝင်စားစရာ ကောင်း ပါတယ်။
ကျောင်းနေကြတယ်။ ပြီး တက္ကသိုလ် ရောက်တယ်။ ဘယ်လိုင်းကို ရွေးမလဲ။
ပညာသင်တယ်ဆိုတာ အကောင်းဆုံး ကတော့ မိမိစိတ်ဝင်စားတာကို သင်ယူတာ အကောင်းဆုံးပါပဲ။ ပညာတတ်ဖြစ်လာတယ်။ ဒီပညာတွေကို ဘယ်လိုသုံးလဲဆိုတာတွေ သိ ဖို့ လိုပါတယ်။
“Open House မှာ ပညာသင်စဉ်ကာလ တွေမှာ တွေ့ရတဲ့ ကျောင်းသူကျောင်းသား တွေရဲ့ ဘဝကိုလည်း သိနိုင်တယ်။ ဒီကျောင်း သားတွေဟာ ပညာသင်တဲ့အတွက် ဖိအား တွေများနေလား။ စိတ်ဖိစီးပြီး မပျော်ကြဘူး လား။ သူတို့လိုချင်တဲ့ပညာကို သူတို့ ရကြရဲ့ လား၊ ဒါတွေကို ဒီ Open House လို့ခေါ်တဲ့ ပွဲမှာ ပြပါတယ်”
(၂)
“ဘန်ကောက်တက္ကသိုလ်ကို စဖွင့်တာ ကတော့ ၁၉၆၂ ခုနှစ်ကပဲ”
“တိုက်ဆိုင်လိုက်တာ”
“ဘာတွေ တိုက်ဆိုင်တာလဲ”
“၁၉၆၂ ခုနှစ်ကို ကျွန်တော် သတိရနေ တယ်။ ကျွန်တော်တို့နိုင်ငံမှာ ပညာရေး စတင် ပျက်သုဉ်းတဲ့နေ့ပဲ”
ကျွန်တော် မချိတင်ကဲ ပြောမိတယ်။ သူတို့ ဘန်ကောက်တက္ကသိုလ်က ၁၉၆၂ ခုနှစ် က စတယ်။ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ် ကတော့ ၁၉၆၂ မှာ ပျက်သုဉ်းတာပဲ။
သူက ဆက်ပြောနေတယ်။
“ဘန်ကောက်တက္ကသိုလ်ဆိုတာ ရန်ကုန် တက္ကသိုလ်ကို အားကျတာလေ။ ဒါ ကြောင့် နာမည်က မြို့ကို အစွဲပြုပြီး ဘန်ကောက် တက္ကသိုလ်ဆိုပြီး တည်ထောင်ခွင့် တောင်း တာ”
“ရန်ကုန်တက္ကသိုလ်က နမူနာပေါ့ ဟုတ် လား”
“ဟုတ်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ Rangoon University Act ဆိုပြီး ရှိတယ်။ အဲဒီအချိန်က ထိုင်းမှာ တိကျတဲ့ပညာရေး ဥပဒေဆိုတာ မရှိသေးဘူး။ ဒီတော့ ဒီတက္ကသိုလ်ကို ထူထောင်ဖို့အတွက် အချိန်အတော် လေး စောင့်ခဲ့ရတယ်”
“ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် က တည်ထောင်ခဲ့တယ်။ အာရှတိုက်မှာ အတော်လေးစောပြီး ဂုဏ်သတင်းကြီးတဲ့ တက္ကသိုလ်ပါပဲ”
“တကယ့်ကို ဂုဏ်ယူလောက်ပါတယ်။ တက္ကသိုလ်က မြန်မာ့အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို မွေးထုတ်ပေးလိုက် သလို ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် ဦးသန့်ကိုလည်း မွေးထုတ်ပေး လိုက်ပါတယ်။ ဦးနုတို့လို ပထမဆုံး ဝန်ကြီး ချုပ်ကိုလည်း ဒီတက္ကသိုလ်က မွေးထုတ်ပေးလိုက်တာပါ။”
“စင်ကာပူကိုတည်ထောင်သူ ဝန်ကြီးချုပ်ဖြစ်တဲ့ လီကွမ်ယူဟာလည်း ရန်ကုန် တက္ကသိုလ်တက်ဖို့ ကြိုးစားခဲ့ပါသေးသတဲ့”
“ဒီက အောင်မြင်တဲ့ ခေါင်းဆောင်တွေနဲ့ ပညာရှင်အတော်များများကို ရန်ကုန်တက္ကသိုလ်က မွေးထုတ်ပေးလိုက်တာပါ။ အင်္ဂလိပ်က မြန်မာတွေကို ကျွန်ပညာရေးကို ပေး ချင်တာပါ။ ဒါ သင်ပေးပြီး စာရေးစာချီနဲ့ အောက်ခြေအုပ်ချုပ်သူတွေ ဖြစ်လာအောင် ကြိုးပမ်းတဲ့တက္ကသိုလ်ပါ”
ဒါပေမဲ့ မြန်မာတွေက ၁၉၂၀ ရန်ကုန် တက္ကသိုလ်ကို သပိတ်မှောက်တယ်။ အမျိုး သားကျောင်းတွေကို တည်ထောင်တယ်။ ဒါ ကြောင့် နောက်ပိုင်းမှာ ရန်ကုန်တက္ကသိုလ် ဥပဒေကို ပြင်ဆင်ပေးလိုက်ရပါတယ်။ တကယ်တော့ ပညာကသာ နိုင်ငံကို ကမ္ဘာနဲ့ရင်ပေါင် တန်းဖို့ မြှင့်တင်ပေးနိုင်မှာဖြစ်တယ်။ ဘန် ကောက်တက္ကသိုလ်ကလည်း ဒီလို ရည်ရွယ် တာပါပဲ။
“သူတို့ ဘန်ကောက်တက္ကသိုလ် ဖွင့်တဲ့ အချိန်မှာ ကျွန်တော်တို့ဆီ စစ်တပ်က အာ ဏာသိမ်းတယ်။ ၁၉၄၈ ကနေစတဲ့ ပါလီမန် ဒီမိုကရေစီ စတင်ဆိတ်သုဉ်းသွားတာပဲ။ တက္ကသိုလ်ကျောင်းသားတွေလည်း ဆန္ဒပြ တယ်”
“စစ်အစိုးရကို ဆန္ဒပြတာလား”
“တကယ်တော့ ကျောင်းသားတွေဟာ သူတို့ရဲ့အခွင့်အရေးကို တောင်းဆိုတာပါ။အဆောင်နေ ကျောင်းသားတွေကို ညဘက်ထွက်တဲ့ အချိန်ကို ကန့်သတ်တာမျိုးပဲ လုပ် တာပ “
(၃)
“အင်း၊ ရန်ကုန်တက္ကသိုလ်က စတည် ကတည်းက ဆန္ဒပြတာပဲမဟုတ်လား”
“မှန်ပါတယ်။ အစဉ်အလာလိုဖြစ်နေ တယ်ဆိုလည်း ကျောင်းသားတွေကို ခွင့်လွှတ်ပါ။ အဲဒီခေတ်က ဗြိတိသျှအစိုးရက မြန်မာတွေကို အင်မတန်အထင်သေးတယ်။ ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်နေတဲ့ ကြားထဲက ဘုရင်ခံကရက်ဒေါက်က မြန်မာတွေ ပညာရေးကို နားမလည်ပါဘူး ဆိုပြီး အဓမ္မ ပြဋ္ဌာန်းတာကိုး”
“နောက်လည်း ဆန္ဒပြပွဲတွေ ဖြစ်သေးတယ်မဟုတ်လား”
“ဟုတ်ပါတယ်။ ၁၉၃၈ ဝန်းကျင်က ဦးနုနဲ့ ဗိုလ်ချုပ်အောင်ဆန်း (ကိုအောင်ဆန်း) ကို ကျောင်းထုတ်တဲ့အတွက် ဆန္ဒပြတာပဲ”
“တကယ်တော့ သူတို့ ဘာလို့ ဆန္ဒပြတာ လဲ”
“သူတို့ ဆန္ဒပြတာတော့မဟုတ်ဘူး။ သူ တို့ကို အကြောင်းပြုပြီး တက္ကသိုလ်ကျောင်း သားတွေရော၊ အထက်တန်းကျောင်းတွေရော ဆန္ဒပြတာပဲ”
“ထူးခြားတာပဲ”
“ထူးခြားပါတယ်။ အဲဒီခေတ်က တက္က သိုလ်ကျောင်းအုပ်ဖြစ်တဲ့ မစ္စဆလော့စ်ဟာ သူ့ကို စော်ကားတယ်ဆိုပြီး ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ဦးနုကို ကျောင်းက စထုတ်တယ်။ နောက်တစ်ပတ်မှာ ကိုအောင်ဆန်းကို ကျောင်း ထုတ်တယ်”
“ဒီလိုကျောင်းထုတ်လို့ရလား”
“ဒီအတိုင်းထုတ်တာတော့ မဟုတ်ဘူး။ ကိုအောင်ဆန်းက သမဂ္ဂကထုတ်တဲ့ အိုးဝေ မဂ္ဂဇင်းက အယ်ဒီတာချုပ်ပါ။ အိုးဝေမဂ္ဂဇင်း မှာ ညိုမြရဲ့ ငရဲခွေးကြီးလွတ်လာပြီဆိုတဲ့ ဆောင်းပါးပါလာတယ်။ ဒါဟာ မစ္စတာဆလော့စ်ကို စောင်းမြောင်းရေးထားတာဆိုပြီး ကလောင်ရှင် ညိုမြကို ဖော်ထုတ်ခိုင်းပါတယ်။ ကိုအောင်ဆန်းက ဒါဟာ ဂျာနယ်လစ်ရဲ့ သိက္ခာနဲ့ဆိုင်တယ်။ ဆောင်းပါးရှင်ကို မဖော် ထုတ်နိုင်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆို ခဲ့တယ်။ ဒီအတွက် ကျောင်းအုပ်ကြီး မစ္စတာ ဆလော့စ်က ကိုအောင်ဆန်းကို ကျောင်းထုတ် လိုက်တာပါပဲ”
“ကျောင်းသားတွေက တုံ့ပြန်တာ ထိ ရောက်မှုရောရှိလား”
“ရှိပါတယ်။ မစ္စတာဆလော့စ် ပြည်တော်ပြန်ရတယ်။ သူ့နေရာမှာ ဦးဖေမောင်တင်ကို ကျောင်းအုပ်ကြီးအနေနဲ့ ခန့်ခဲ့တယ်။ ဦးဖေမောင်တင်ဟာ ပထမဦးဆုံး မြန်မာထဲက တက္ကသိုလ်အကြီးအကဲဖြစ်လာတာပါ”
“အင်း၊ ဒီနေရာမှာ မေးစရာ ရှိတယ်။ တက္ကသိုလ်က အကြီးအကဲတွေကို ၀ိဇ္ဇာခန်းမမှာ ဓာတ်ပုံတွေနဲ့ ချိတ်ထားတယ်။ အဲဒီမှာ မစ္စတာဆလော့စ်နဲ့ ဦးဖေမောင်တင်တို့ရဲ့ ပုံ မပါဘူး “
“သူတို့က ပါမောက္ခချုပ်တွေ မဟုတ် ဘူးလေ”
“ဟာ ဒါဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဆိုလည်း တပ်မတော်အကြီးအကဲကနေ ဖယ် သင့်တာပေါ့”
“ဘာဖြစ်လို့လဲ”
“ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်ပဲ လေ။ နောက်ပိုင်း ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာတယ်။ ပြီးတော့ ဗိုလ်ချုပ်မှူးကြီးဆိုတာ ဖြစ်လာတယ်”
“ခင်ဗျား ပြောတာဟုတ်ပါတယ်။ ကျွန် တော်တို့က ဦးဖေမောင်တင်လို ပုဂ္ဂိုလ်မျိုးကို ပါမောက္ခချုပ်မဟုတ်လို့ နေရာမပေးရင် ဗိုလ် ချုပ်အောင်ဆန်းကိုလည်း ဗိုလ်ချုပ်ကြီး ဒါမှ မဟုတ် ဗိုလ်ချုပ်မှူးကြီးမဟုတ်လို့ နေရာမပေး သင့်ဘူးပေါ့”
“စဉ်းစားသင့်တာကို ပြောတာပါ။ တကယ်တော့ ဦးဖေမောင်တင်ရဲ့ ကျေးဇူးကို ကျွန်တော်တို့ မမေ့သင့်ဘူး”
(၄)
ကျွန်တော်တို့ဟာ ဘန်ကောက်တက္က သိုလ်ရဲ့ Open House ကို ဆွေးနွေးရင်း ရန်ကုန်တက္ကသိုလ်အကြောင်း ရောက်သွားတာ ပါ။ ယနေ့ ဘန်ကောက်တက္ကသိုလ်ဟာ ကြောက်ခမန်းလိလိ တိုးတက်နေပါပြီ။
သူတို့ဟာ မိမိရန်ပုံငွေနဲ့ ရပ်တည်တဲ့ တက္ကသိုလ်အကြီးကြီးပါ။
သင်ကြားတဲ့ ပုံစံနှစ်မျိုးရှိပါတယ်။ တစ် ခုက ထိုင်းဘာသာနဲ့ ဘာသာရပ်တိုင်းကို သင်တာပါ။ ဒါကို Local လို့ခေါ်တာပေါ့။ International အတွက်တော့ ဘာသာရပ် ၁၁ ခု ရှိတယ်။ အဲဒါတွေကိုတော့ အင်္ဂလိပ်လိုပဲ သင် ပါတယ်။ ကျွန်တော်တို့လို အင်္ဂလိပ်လို ဖြေ၊ မြန်မာလို ရှင်း မဟုတ်ပါဘူး။
သာမာန်လူတွေအတွက် မြန်မာပြည်မှာ အင်္ဂလိပ်လို ဖြေ၊ မြန်မာလို ရှင်းတာဟာ ဘာမှ ထိခိုက်တယ်လို့ ထင်ကြမှာမဟုတ်ပါဘူး။
အထူးသဖြင့် တက္ကသိုလ်ပါမောက္ခတွေ က မြန်မာလို သင်၊ မြန်မာလို ဖြေတဲ့ ကိစ္စကို လုံးဝ လက်မခံနိုင်တာကို တွေ့ရတယ်။
ကျွန်တော်ကတော့ သူတို့ကို ဝမ်းနဲ့ လေ နဲ့ မကွဲတာကို မပြောချင်တော့ပါဘူး။ ဒါပေမဲ့ တိုးတက်နိုင်ငံတွေနဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံတွေကို လေ့လာပြီး (ဘက်မလိုက်တမ်း) စာ တမ်းတင်ပါ။
ပြည်သူတွေကို ညှာတာပါ။
၅၇ နှစ်အကြာမှာ အံ့မခန်းတိုးတက်လာ တဲ့ ဘန်ကောက်တက္ကသိုလ်ကို လေ့လာခဲ့ပါ တယ်။ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ပါ တော့မယ်။ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ကြိုးစားနေတာ ပြည်သူအတွက် မဟုတ်လား။
ဘန်ကောက်တက္ကသိုလ်ရဲ့ Open House ကို လက်ခုပ်တီးကာအားပေးမှု (Bravo)လုပ် လိုက်ပါတယ်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်