Top News

အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင်ရွေးချယ်မှုနှင့် ဘဝတိုးတက်ရေး စကားဝိုင်းဆွေးနွေးပွဲ (၂)
24htopnews | October 27, 2024 11:12 PM CST

အနာဂတ်မှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ပြင်းပြတဲ့စိတ်ဆန္ဒရှိသူတွေအတွက် Eleven Broadcasting က စီစဉ်ကျင်းပတဲ့ “အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင်ရွေးချယ်မှုနှင့် ဘဝတိုးတက်ရေး” စကားဝိုင်းဆွေးနွေးပွဲကို မတ် ၈ ရက်က သာကေတမြို့နယ်မှာရှိတဲ့ Eleven Media Group ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ Main Sponsor အဖြစ် ကမ္ဘောဇဘဏ်က ပ့ံပိုးပေးထားတဲ့ “ A Panel Discussion on Career Choice and Career Advancement” ဆွေးနွေးပွဲမှာဆိုရင် နာမည်ကျော်စာရေးဆရာတစ်ဦးဖြစ်တဲ့ ဒေါက်တာခင်မောင်ညို၊ Mandalay Technology ကုမ္ပဏီရဲ့ MD ဖြစ်တဲ့ ဒေါက်တာဇော်နိုင်၊ Maker 360 နဲ့ 360 ed တည်ထောင်သူ CEO ဒေါ်လှလှဝင်းတို့အပြင် Myanmar Imperial University တည်ထောင်သူ ဒေါ်ပို့ပို့ကြည်တို့ ပါဝင်ဆွေးနွေးခဲ့ပြီး အနာဂတ်မှာ အောင်မြင်ချင်သူတွေအတွက် စကားဝိုင်းဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တာတွေကို ပြန်လည်ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။

“ကျွန်တော်က စီးပွားရေးလုပ်ငန်းတစ်ခုကို သိပ်မကြာခင်မှာ စတင်ထူထောင်ချင်ပြီ။ အဲဒီအခါကျတော့ CEO တစ်ယောက်က အလုပ်ဘယ်လို လုပ်သလဲ။ CEO တစ်ယောက်က ဘယ်လိုစဉ်းစားသလဲဆိုတာ သိချင်တယ်”

ဒေါက်တာဇော်နိုင်

အိပ်မက်ပေါ့နော်။ ကျွန်တော့်ဆီမှာ အိမ်က ခုနကပြောသလို Business Executive လိုမျိုးပုံစံကွက်ကို မြင်ခဲ့တာဆိုတော့။ နက်ကတိုင်နဲ့ ကုတ်အကျႌနဲ့ အောက်က ရှူးဖိနပ်နဲ့လေ။ ဒီနေ့ တိုက်ပုံနဲ့ အဲဒီလိုမြင်ခဲ့တာ မဟုတ်ဘူး။ ကျွန်တော်ဗမာပါပဲ။ တိုက်ပုံလည်း ဝတ်ပါတယ်။ ကျွန်တော်မြင်ခဲ့တာ ဒီလိုမျိုးပုံစံကွက်ကို မြင်ခဲ့တာဆိုတော့ အဲဒီပုံစံရောက်ဖို့ ကျွန်တော်က စဉ်းစားတယ်။ အင်ဂျင်နီယာကျောင်းပြီးပေမဲ့ ကျွန်တော်က  Business ကို စိတ်ဝင်စားတယ်။ အင်ဂျင်နီယာ တက်နေရင်းကနေ Business နဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ သင်တန်းတွေတက်တယ်။ စီးပွားရေးဥပဒေ။ ဒါတွေတက်တယ်။ အဲဒီလိုဟာမျိုးတွေ တက်ခဲ့တော့ ကျွန်တော့်အိပ်မက်အတွက်ကို ဦးတည်တဲ့အလုပ်တွေကို လုပ်နေတယ်။ ပြီးတော့ ကျောင်းပြီးရင်လည်း MBA တက်မယ်ဆိုပြီးတော့ စိတ်ကူးထဲမှာ ရှိခဲ့တယ်။ အဲဒီအခါကျတော့ MBA တက်မယ်။ Business Executive ၊ Business Leader တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ အိပ်မက်က ကျွန်တော့်ကို ဦးဆောင်သွားတယ်။ အဲဒီတော့ ကျောင်းပြီးတာက Electronic Engineer ။ အင်ဂျင်နီယာအလုပ် မလုပ်ချင်ဘူး။ အဲဒီတော့ဘာလုပ်သလဲဆိုတော့Engineer စလုပ်တယ်။ နောက်တစ်ခါ ကုမ္ပဏီ သုံးလေးခုမှာ လုပ်တယ်။ နောက်ကုမ္ပဏီတစ်ခုမှာ Eagle ကုမ္ပဏီပေါ့။ အဲဒီကုမ္ပဏီက အင်တာနက်ကိုစလုပ်တဲ့ကုမ္ပဏီ။ အဲဒီကုမ္ပဏီမှာ အလုပ်လုပ်တော့ အဲဒီကအမေရိကန် CEO က မေးတယ်။ ဇော်နိုင် မင်းဘာလုပ်ချင်လဲ။ မင်းက အင်ဂျင်နီယာဆိုတော့ မင်းအင်ဂျင်နီယာ လုပ်မလား။ ဒါမှမဟုတ်ရင် Save လည်း လုပ်ခဲ့တော့ Save Manager လုပ်မလား။  သူနဲ့ ကျွန်တော်နဲ့ စကားပြောလို့ အဆင်ပြေတဲ့အခါကျတော့သူက Marketing Manager လုပ်မလား။ ဒါမှမဟုတ် Project Manager လုပ်မလားလို့ မေးတာပေါ့။ အဲဒီအချိန်မှာ ကျွန်တော်က စီးပွားရေးလုပ်ငန်းတစ်ခုကို သိပ်မကြာခင်မှာ စတင်ထူထောင်ချင်ပြီ။ အဲဒီအခါကျတော့ CEO တစ်ယောက်က အလုပ်ဘယ်လိုလုပ်သလဲ။ CEO တစ်ယောက်က ဘယ်လိုစဉ်းစားသလဲဆိုတာ သိချင်တယ်။ အဲဒီတော့ ကျွန်တော်က သူ့ကို ပြောတယ်။ မင်းရဲ့ Personal Assistant လုပ်ပါရစေ။ ဆိုတော့ မင်းရဲ့ PA လုပ်ပါရစေဆို ပြီးပြောတာပေါ့။ အဲဒီတော့သူက မင်းက အင်ဂျင်နီယာလေ။ မင်းကမန်နေဂျာလုပ်ပါလား။ ဘာဖြစ်လို့ PA လုပ်မှာလဲဆိုပြီးတော့ ပြောတယ်။ အဲဒီမှာကျွန်တော်က မင်း CEO ၊ မင်းက ဒီ Business ကို ဦးဆောင်ပြီး လုပ်နေတာ။ ဘယ်လိုစဉ်းစားသလဲ။ ဘယ်သူတွေနဲ့တွေ့ပြီး ဘာတွေပြောသလဲ ငါသိချင်တယ်။ ငါမင်းနားမှာနေပြီးတော့ လေ့လာပါရစေ။ ငါမင်းအတွက်လည်း အထောက်အကူပြုပါမယ်။ အဲဒီတော့ ငါမင်းရဲ့ Personal Assiatant လုပ်ပါရစေလို့ပြောတော့ သူက ထူးထူးဆန်းဆန်းကြည့်ပြီးတော့ ပြုံးတယ်။ အိုကေ မင်းလိုမျိုးလူ ထူးဆန်းတယ်။ မင်းက အင်ဂျင်နီယာတစ်ယောက်လည်း လုပ်တယ်။ အတွေ့အကြုံလည်း ရှိတယ်ဆိုတော့ မင်း PA လုပ်ချင်တယ်ဆိုတော့ လုပ်ပေါ့ဆိုတော့ ကျွန်တော် သူ့ရဲ့ PA နှစ်နှစ်လောက် လုပ်ခဲ့တယ်။ CEO တစ်ယောက်က ဘယ်လိုအလုပ်လုပ်သလဲဆိုတာ လေ့လာပြီးတော့ ဒီကုမ္ပဏီတစ်ခုကို ဘယ်လိုထူထောင်သလဲဆိုတာကို လေ့လာတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော့်ရည်မှန်းချက်က စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်ချင်တာကိုး။ အဲဒီကနေဆက်ပြီးတော ့အလုပ်လုပ်လာတဲ့အတွက် ဒီနေ့ဒီချိန်မှာ စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်ပြီးတော့ လုပ်နေနိုင်တာ။ ဒါပေမဲ့တစ်ခုရှိတာက ခုနက မလှလှဝင်းတို့လို၊ မပို့တို့လိုပဲ နိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့အခါကျတော့ တစ်နေ့ကျတော့ ကျွန်တော့်အမျိုးသမီးက Work Shop တစ်ပတ် သွားတက်တယ်။ ကျွန်တော်က လိုက်သွားတယ်။ အားလည်းအားနေတဲ့အခါကျတော့လေ။ အဲဒီတက္ကသိုလ်ရဲ့ စာကြည့်တိုက်မှာ သွားပြီးစာဖတ်တယ်။ အဲဒီစာကြည့်တိုက်ရဲ့ Underground Floor မှာ မြန်မာ Section ဆိုပြီးတော့ရှိတယ်။ အဲဒီ မြန်မာ Section မှာ သွားပြီးဖတ်တော့ ဘာသွားတွေ့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့လက်ရေးမူစာအုပ်တွေ အများကြီးတွေ့တယ်။ အဲဒီလိုတွေ့တော့ ကျွန်တော် တစ်နေကုန်ထိုင်ဖတ်တယ်။ ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်းကို အဲဒီမတိုင်ခင်က အရမ်းကြီးအထင်မကြီးခဲ့ဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူစာအုပ်တွေ ထိုင်ဖတ်တဲ့အခါကျတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့လက်ရေးက ကျွန်တော့်ထက် အများကြီးလှတယ်။ ဒီနေ့ဆရာဝန်တွေ လက်ရေးနဲ့ဘာမှမဆိုင်ဘူး။ သူရေးတဲ့ English ကလည်း Very Flowering ။ ဥပမာအားဖြင့် ဗြိတိန်က နန်းရင်းဝန်ကိုရေးတဲ့ စာတို့၊ နုအက်တလီစာချုပ် မချုပ်ခင်ရေးတဲ့စာတို့ အပြန်အလှန်ရေးတဲ့စာတို့ အဲဒါတွေကို ဖတ်ကြည့်ရင်း ဖတ်ကြည့်ရင်းနဲ့ အော် ဗိုလ်ချုပ်အောင်ဆန်းတိုင်းပြည်ကို ဦးဆောင်ခဲ့တာ ဒီအတိုင်း မည်ကာမတ္တပညာရေးနဲ့တော့ ဦးဆောင်ခဲ့တာမဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ဒီတိုင်းပြည်ကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အလွန်တော်တယ်။ အရမ်းတော်တယ်။ အဲဒီတော့ငါတို့တွေလည်း တော်ဖို့လိုတယ်။ ငါတို့တိုင်းပြည်အများကြီး နောက်ကျကျန်ခဲ့တယ်။ ငါတို့ကြိုးစားဖို့ အများကြီးလိုတယ်။ ပြန်လာတဲ့နောက်ပိုင်းမှာ တိုင်းပြုပြည်ပြု ဦးဆောင်နိုင်တဲ့သူ ဖြစ်ချင်တဲ့ စိတ်ပေါ်လာတယ်။ နိုင်ငံရေးလုပ်ချင်တယ်လို့ ပြောတာမဟုတ်ဘူး။  တိုင်းပြည်အတွက် နိုင်ငံအတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ထောက်ကူချင်တဲ့စိတ် ဖြစ်လာတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော် PhD ဆက်တက်ဖြစ်တယ်။ ဇနက္ကပညာရေး ဖောင်ဒေးရှင်း အခုလုပ်နေတယ်။ Green Economic Green Group ဆိုတဲ့ Non-Profit Organization တစ်ခုလုပ်နေတယ်။ အစရှိသဖြင့်။ နောက်တစ်ခါ Vocational Training တွေနဲ့ ပတ်သက်တဲ့ကျောင်းတွေမှာ Advirsary Book Member အနေနဲ့လုပ်နေတယ်။ အဲဒီတော့ ကျွန်တော့် Career တွေနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့အနှစ် ၄၀-၄၅ လောက်အထိတော့ တကယ့်ကို Business Executive ၊ Business Leader တစ်ယောက်ဖြစ်ချင်တဲ့အတွက်ကြောင့် Business နဲ့ပတ်သက်တဲ့ သင်ယူလေ့လာမှုတွေ၊ သင်ကြားမှုတွေ MBA တွေ တက်ခဲ့တာတွေ။ အဲဒီနောက်ပိုင်းမှာတော့ ခုနကပြောသလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာတွေကိုဖတ်ပြီးတဲ့နောက်ပိုင်းမှာ ဒီဘက်မှာ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ ကူညီချင်တဲ့ သူတစ်ယောက်ဖြစ်သွားတဲ့အတွက်ကြောင့် အဲဒီဘက်ကို ပြောင်းသွားပါတယ်။ အဲဒါကျွန်တော်ရဲ့ Career နဲ့ ပတ်သက်ပြီး ပြောင်းသွားတဲ့ဟာကို ပြောချင်တာပါ။

ဒေါက်တာခင်မောင်ညို

“ ကျွန်တော်မှတ်မိသလောက်ပေါ့။ ဒီလောကမှာ ဆုံးရှုံးတာတွေ၊ ရှုံးနိမ့်တာတွေ ရှိကြတယ်။ ဥပမာအားဖြင့် ဒီလိုမျိုး CEO တွေ ဘာညာတွေဆိုရင် အတော်လေးခက်ခဲတဲ့ အလုပ်လေ။ ဗမာပြည်က CEO အခုဆိုရင် တော်တဲ့ တစ်ယောက်ရှိတယ်။ အဲဒါကတော့ ထွန်းဖောင်ဒေးရှင်းက ဦးသိန်းထွန်းဆိုရင် သူဆိုရင်စပြီးတော့ အလုပ်လုပ်တော့ ပက် (ပ်)စီက သူ့ကို CEO ပေးမယ်ဆိုတော့ မပေးခင်မှာ Training ခေါ်ပြီးတော့ လုပ်ရတယ်။ သုံးကြိမ်လောက် သူသွားလုပ်ရတယ်။ CEO က အတော်စားအကောင်းစားဖြစ်တာ။ ဒေါက်တာဇော်နိုင်ကလည်း CEO လုပ်ချင်တဲ့ဟာကို သင်ယူရတယ်။ လေ့လာရတယ်။ မသင်ယူရင်မရဘူးဆိုတဲ့ဟာကို နံပါတ် (၁) က ကျောင်းသူ၊ ကျောင်းသားတွေသိဖို့ပါ။ မသင်ရင်မရဘူး။ သင်တဲ့အခါမှာ မှားတာရှိတယ်။ မှန်တာရှိမယ်။ ဆရာက ခပ်ငယ်ငယ်က ဂျာနယ်လစ်လုပ်ချင်တယ်။ လုပ်ချင်တော့ ဂျာနယ်လစ်ဇင်သွားပြီးတော့ ဒီပလိုမာ သွားယူတော့ ဝိုင်းပြောကြတယ်။ ဂျာနယ်လစ် လုပ်တာများကွာ ဂျာနယ်လစ်လုပ်လိုက်ရင် တတ်သွားမှာပဲ။ တတ်တော့တတ်သွားတယ်။ တစ်ယောက်ကိုရေထဲပစ်ချရင် ရေကူးတတ်သူတွေအများကြီးပါ။ သို့သော် ချန်ပီယံဖြစ်ဖို့မလွယ်ဘူး။ ချန်ပီယံဖြစ်ချင်ရင် ကြိုးစားလေ့လာရတယ်။ ကြိုးစားလေ့လာသင်ယူမှသာ ချန်ပီယံဖြစ်တာ။ ဒီတော့ ဦးသိန်းထွန်းတို့သင်ယူတိုင်း ကျန်တဲ့သူတွေလည်း အများကြီးသင်ယူကြတယ်။ သင်ယူတဲ့သူတွေတိုင်း မှားတဲ့သူတွေကို သဘောကျတာက Actor ကုမ္ပဏီပေါ့။ Actor ကုမ္ပဏီက မရှုံးမနိမ့်ဖူးတဲ့သူတွေကို ဘယ်တော့မှအလုပ်မခန့်ဘူး။ အဲဒီအတိုင်းပဲ ကိုကာကိုလာ CEO ကိုယ်တိုင်ကိုက သူကတစ်ခါရှုံးနိမ့်ဖူးတဲ့သူကိုမှ CEO ခန့်တာ။ အဲဒီလောက်အထိကို ဖြစ်တယ်။ အဲဒီတော့ ရှုံးနိမ့်တယ် ဆိုတဲ့ဟာက ဘဝမှာဖြတ်သန်းတဲ့အနေနဲ့ တွေ့ရတဲ့ကြုံရတဲ့ အကြောင်းအရာတွေပဲလို့ မှတ်ပြီးတော့ Step ပြီး Stone အနေနဲ့တစ်ဆင့် တက်တယ်လို့ မှတ်ယူနိုင်တယ်။

ဒေါ်လှလှဝင်း

“ကိုယ့်ကိုသူများက အထင်သေးတဲ့ မျက်လုံးနဲ့ အကြည့်ခံရတဲ့အခါမှာပေါ့။ အဲဒါလေးက ခါးတယ်။ ကော်ဖီလည်းခါးတာပဲ။ ချောကလက်လည်းခါးတာပဲ။ ခါးတဲ့ဟာကို တစ်ခါတလေကျရင် အရသာရှိရှိနဲ့ စားနေတာပဲ။ ကျွန်တော်တို့ အထင်သေးတဲ့မျက်လုံးနဲ့ ကြည့်ရင် ကျွန်တော်က ခါးခါးလေးနဲ့ ကော်ဖီသောက်သလိုပဲ နေနေဦး ခဏပေါ့။ ခဏနေဦးပေါ့နော်။ ပြမယ်ပေါ့။ ကျွန်တော် ရှုံးနိမ့်တာတွေ ဘဝမှာ အများကြီးရှိခဲ့တယ်။ ငယ်ငယ်တုန်းကတစ်ခါမှ အဆင့် ၁၊၂၊ ၃ ထဲ မဝင်ခဲ့ဖူးဘူး။ ဆရာမသမီးဖြစ်ပြီးတော့ပေါ့။ အတန်းထဲမှာ အတော်ဆုံးကလေးထဲမှာ မပါဘူးပေါ့နော်။ အားလုံးကလည်း ငတုံးပဲ ခေါ်တာ။ ကျွန်တော့်ကို။ အမှတ်လည်းမကောင်းဘူး။ စာသင်ရခက်တဲ့ ကလေးထဲမှာပါတာပေါ့။ ရတယ်။ နေဦး။ ခဏနေဦးပေါ့နော်။ အချိန်မရောက်သေးဘူးပေါ့။ အမြဲတမ်းတော့ ကိုယ့်ဟာကိုတော့ သွေးနေတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ကြိုးစားနေတယ်။ အချိန်တန်ရင်ချပြလို့ရအောင်ပေါ့။ ကျွန်တော် ၁၀ တန်းစာမေးပွဲ ဂုဏ်ထူးနဲ့ အောင်လာတယ်။ ဒါပေမဲ့လည်း ကျောင်းကြီးတွေတက်ဖို့ အခြေအနေမပေးဘူး။ တက္ကသိုလ်စာမေးပွဲကျတယ်။ အဲဒါတွေကို ကျွန်တော့်ရဲ့ Attitude တစ်ခုပေါ့နော်။ အခုထိလည်း Attitude ရှိသေးတယ်။ ကျွန်တော့် Share ချင်တဲ့ဟာက အမြဲတမ်းမှန်တယ်။ အမြဲတမ်းမှားတယ်ဆိုတာမရှိဘူး။ အဲဒီတော့ Challenge တိုင်းက Coin လိုပဲ။ ပိုက်ဆံ Coin လေးတွေ ဆိုရင်လေ တစ်ဖက်က Challenge ရှိတယ်။ တစ်ဖက်က Opportunity ပဲ။ It’s the Opportunity to Prove ။ ခုနက အထင်သေးတဲ့ မျက်လုံးနဲ့ကြည့်ရင် ကော်ဖီးခါးခါးတစ်ခွက်ကို သောက်နေရတာကလည်း It’s the Opportunity to Prove ။ ကျွန်တော်သာ ပုံမှန် everage ကျောင်းသားတစ်ယောက် everage လူငယ်တစ်ယောက်ဖြစ်မယ်ဆိုရင် ဘယ်သူကမှ ကျွန်တော်ကိုမထင်မသေးခဲ့ဘူး။ ဘယ်သူကမှ ကျွန်တော်ကို ပယ်လျက်ထားမယ်ဆိုရင် ခုနက မခံချင်စိတ်ဆိုတာ ရှိလာမှာမဟုတ်ဘူး။ Full Scholership ကျောင်းတက်ပြမယ် ခဏစောင့်။ ရအောင် ကြိုးစားပြမယ်လို့ စိတ်ထဲမှာ ကိုယ့်ဟာကို ပြောတယ်။ ရအောင်လည်း တကယ်လုပ်တယ်။ ကျွန်တော်ဟားဗတ်ကို အရမ်းသွားတက်ချင်တယ်။ ဟားဗတ်ကျောင်း စလျှောက်တယ်။ ၂၀၁ဝကတည်းက စလျှောက်တယ်။ ကျွန်တော့်ကို ဝိုင်းပြောကြတယ်။ You are not Harvard material. အမျိုးမျိုးပြောကြတယ်။ မိသားစုကလည်း ပြောတယ်။ အပြင်ကလည်းပြောတယ်။ အဲဒီစကားက ကျွန်တော့်နားထဲမှာ ပဲ့တင်သံလိုပဲ။ တော်တော် ကြားတယ်။ ဘဝမှာ Challenge တွေက တော့အများကြီးရှိတာပဲ။ ကျွန်တော် မြန်မာပြည်ပြန်လာတယ်။ မြန်မာနိုင်ငံပညာရေး အရွေ့ကိုတွန်းမယ်လို့ ပြောတဲ့အခါမှာ အလုပ်လိုချင်ရင် အချိန်မရွေးပြန်လာခဲ့ မလှလှဝင်း။ ဒါကတော့မဖြစ်နိုင်ဘူး။ ကျွန်တော့်ကို အလုပ်ပေးချင်တဲ့သူတွေ များတယ်။ ဒါပေမဲ့ ကျွန်တော်လုပ်မယ့်ဟာကို အထောက်အပံ့ ပေးချင်တဲ့သူနည်းတယ်။ ပညာရေးဝန်ကြီးဌာနကို ပထမအကြိမ်ချဉ်းကပ်တယ်။ ကျွန်တော့်ကို တရားစွဲမယ်တောင်ပြောတယ်။ မြန်မာပြည်ကကလေးတွေအတွက် သင်ရိုးနဲ့ညီတဲ့ Apps ထုတ်မယ်ဆိုတော့ ဒီသင်ရိုးက ငါတို့ပိုင်တာ။ ငါတို့ နင့်ကို ခွင့်မပေးရင် ငါတို့ တရားစွဲလို့တောင်ရတယ်ဆိုပြီးတော့ အဲဒီလိုဟာတွေပေါ့။ အများကြီးပဲ။ ဒါပေမဲ့အဲဒီ Self Back တွေကို I take it very well ။ ကျွန်တော်ရဲ့ Attitude က အဲဒီနေရာမှာပဲ မရပ်လိုက်ဘူး။ အဲဒါက ကျွန်တော့်အတွက် ဂိမ်းတစ်ခုဖြစ်သွားတယ်။ ဂိမ်းဆိုရင် ဂိမ်း Plan ရှိရတယ်။ Plan တစ်ခုကို မဖြစ်မနေချပြီးဆွဲတယ်။ အဲဒီ Plan အတိုင်း ကျွန်တော် Action ယူတယ်ပေါ့နော်။ ဂိမ်း Plan ရှိလာတယ်။ အဲဒီဂိမ်းကို အောင်မြင်အောင်ကြိုးစားယူတယ်။ အခုအချိန်အထိ အောင်မြင်ပြီလားဆိုရင် မအောင်မြင်သေးဘူး။ ၂၀၁၈ Product စထွက်တဲ့အချိန်မှာ ကျွန်တော်တို့ ဝန်ထမ်း ၁၃ ယောက် ရှိတယ်။ အဲဒီ ၁၃ ယောက်မှာပဲ ကျွန်တော်တို့ရပ်ခဲ့မယ်။ ဝန်ထမ်း ထပ်မတိုးဘူးဆိုရင် ကျွန်တော်အခုအချိန်မှာ အရမ်းကိုအောင်မြင်နေပြီ။ ဒါပေမဲ့ ဝန်ထမ်းကိုလည်း အချိန်အတိုင်းဆက်ပြီးတော့ တင်တယ်။ ၈၅ ယောက် ၈၅ ယောက် အင်တာဗျူးတွေလည်း နေ့စဉ်ခေါ်နေတယ်။ အဲဒီတော့ ကုမ္ပဏီကမမြတ်သေးဘူး။ ရှုံးတုန်းပဲ။ ဒါပေမဲ့ Value တွေကအများကြီး ဖြစ်လာပြီ။ အဲဒါတွေက ကျွန်တော့်အတွက်က အားဖြစ်စေတယ်။ အခုချိန်မှာလည်း ကျွန်တော့်ကို ထိုးနေတဲ့ဓားတွေရှိတာပဲ။ အဲဒါတွေကို ဒီအတိုင်းပဲ ကော်ဖီခါးခါးတစ်ခွက်လိုပဲ သောက်ပြီးတော့ ဇိမ်ယူပြီးတော့ သက်သေပြမယ်ဆိုပြီးတော့ပေါ့။ Failier မှာပဲ ရပ်မနေဘူး။ ကျွန်တော်ပြန်လာတဲ့အခါမှာ VR လုပ်ချင်တယ်လို့ပြောတဲ့အခါမှာ မြန်မာပြည်မှာ ဖုန်းတွေက ဒီလောက်ကြီး မကောင်းသေးဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားတယ်။ ခြောက်လလောက် အချိန်ကုန်ခံတယ်။ ခြောက်လလောက်လုပ်ပြီးသွားတဲ့ အချိန်မှာ ပြန်စဉ်းစားတယ်။ May be is not the right time အချိန် Timing လည်း လိုသေးတယ်။ VR ရဲ့အောက်တစ်ဆင့်က ဘာရှိလဲ။ AR ။ ဖုန်းတွေက AR အတွက်ဆိုရင် Ready ဖြစ်နေပြီ။ AR နဲ့လုပ်မယ်။ အချိန်တန်လို့ Market က Ready ဖြစ်လာရင်ကိုယ့်မှာက Team လည်းရှိနေပြီ။ Technology လည်း ရှိနေပြီ။ Art Work တွေလည်း ရှိနေပြီ။ နောက်တစ်ဆင့် ခုန်လိုက်ရုံပဲ။ ကျွန်တော်တို့အတွက် ဘာမှသိပ်ပြီး အပန်းမကြီးဘူး။ Output လေး တစ်ချက်ပြောင်းလိုက်ရုံပဲ။ ဆိုတော့ တစ်ထစ်လေးလျော့ပြီးတော့ Timing ကိုချိန်တယ်။ AR အခု မြန်မာပြည်မှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်တယ်။ ကမ္ဘာကိုလည်း ရောင်းလို့ရပြီ။ အဲဒီတော့ ကျွန်တော်ပြောချင်တာက Failier အတိုင်း လက်မခံလိုက်ဖို့။ လက်ခံလိုက်ရင် အဲဒီအခါကျမှရှုံးမှာ။ Failier ကို Game တစ်ခုအနေနဲ့ စဉ်းစားပြီးတော့ Game Plan တစ်ခုအနေနဲ့ ပြောင်းပြီးတော့ Action ယူမယ်ဆိုရင်တော့ အဲဒါ Failier မဟုတ်တော့ဘူး။ အဲဒါ Learning Opportunity ဖြစ်သွားပြီ။ အဲဒါက သောက်လို့ကောင်းတဲ့ ကော်ဖီခါးခါးတစ်ခွက် ဖြစ်သွားလိမ့်မယ်။ ကျွန်တော်တော့ အဲဒီလိုပဲ ယူဆတယ်။ Game ကို အသစ်ကစားချင်တဲ့ လူငယ်တွေပေါ့နော်။ Game အသစ်လည်း ကစားရမယ်။ ဘာလို့လဲဆိုတော့ World Economic Forum က ပြောတယ်။ အခုလက်ရှိကျောင်းတက်နေတဲ့ ကျောင်းသားတွေ အထူးသဖြင့် Primary School မှာ တက်နေတဲ့ကျောင်းသားတွေ ၆၅ ရာခိုင်နှုန်းသော အလုပ်တွေက သူတို့အတွက် မဖန်တီးရသေးဘူး။ ကျွန်တော်တို့စဉ်းစားနေတာထက် ပြောင်းနေတယ်။ အရမ်းကိုပြောင်းနေတယ်။ မြန်မာပြည်ကျန်ခဲ့တယ် မထင်နဲ့။ အရမ်းကိုပြောင်းနေတယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်က ကျွန်တော်ရဲ့ PA ဆီ စိတ်ရောက်သွားတယ်။ ကျွန်တော်ရဲ့ PA ကအခုချိန်မှာ ၂၃ နှစ်ပဲ ရှိသေးတယ်။ သူပြောတယ်။ မလှလှတဲ့ပွဲ Certificate ရပြီတဲ့။ ကျွန်တော်သူနဲ့ အလုပ်လုပ်လာတာ သုံးနှစ်ရှိပြီ။ အမေရိကကို နှစ်ခေါက် အာရှမှာဆိုရင် ခြောက်နိုင်ငံလောက်ပတ်ပြီးသွားပြီ။ Europe လည်းခရီးတွေ အများကြီး သွားပြီးသွားပြီ။ အသက် ၂၃ နှစ်ပဲရှိသေးတယ်။ Game ကပြောင်းသွားပြီ။ အရင်တုန်းက ကျောင်းပြီးမှ အလုပ်လျှောက် ဘာညာ။ အခုက မဟုတ်တော့ဘူး။ ကျောင်း မပြီးခင်ကတည်းက Internd တွေ ဝင်လို့ရတယ်။  Interndship တွေ ယူလို့ရတယ်။ Certificate တစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး။ Certificate က အရေးကြီးတယ်။ မှန်တယ်။ ဒါပေမဲ့ တကယ်တတ်အောင်သင်ရမှာကလည်း အရေးကြီးတယ်။ ဒါပေမဲ့ အဲဒီတစ်ခုတည်းနဲ့က You can Sustain ။ Transferable Skill တွေက ဘယ် Career မှာမဆို Transfer လုပ်သွားလို့ရတယ်။ ကျွန်တော် လေးနှစ်တစ်ကြိမ် Career တွေပြောင်းတယ်။ ကျွန်တော်အတွက်က Transferable Skill သုံးခုရှိတယ်။ အဲဒါလုံးဝမပြောင်းဘူး။ Communication ကိုယ့်စိတ်ထဲမှာရှိတဲ့ Idea ကို သူများနားလည်အောင် ချပြတတ်ရမယ်။ ဒုတိယတစ်ခု Problem Solving ။ ပြဿနာကို ပြဿနာနေရာမှာပဲ မရပ်သွားဘဲနဲ့ အဖြေရှာဖို့ Solution ထုတ်တတ်တဲ့အထိ စဉ်းစားတတ်ရမယ်။ အဲဒီဟာက Transferable Skill ပဲ။ ဘယ်အလုပ်မဆိုအဲဒီ Skill က သင်ယူလို့ရတယ်။ နောက်ဆုံးတစ်ခု Lifelong learning ။ Be open to learning new thinks ။ ငါ ဒါကြီးလုပ်ချင်တာမဟုတ်ဘူးဆိုပြီး ပယ်ကပ်ပြီးနေရင် ကျန်ခဲ့မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာကြီးက ပြောင်းတာ အရမ်းကိုမြန်နေပြီ။ ကိုယ်သိထားတဲ့ Career တွေနဲ့ အနာဂတ်မှာလည်း ရှိမှာမဟုတ်တော့ဘူး။ အဲဒီတော့ You have to be open to learning new thinks. Other wikd your toast. ဒီလူငယ်တွေမှ မဟုတ်ဘူးနော်။ ကျွန်တော်တို့တွေလည်း ကိုယ့်ကိုယ်ကိုယ် Relevant ဖြစ်အောင်လုပ်နေရတာပဲ။ ပြောင်းလဲမှုတွေက အရှိန်အဟုန်နဲ့လာနေပြီ။ ကျွန်တော်တို့ အရင်တုန်းကလို နံရံမှာ Certifiacte ချိတ်ရုံနဲ့ အလုပ်ရတဲ့ခေတ် မဟုတ်တော့ဘူး။ ဥပမာ ကျွန်တော့်ရဲ့ PA အကြောင်းပြောမယ်ဆိုရင် သူက ကချင်ပြည်နယ်ကလာတာ။ သူ့ရွာကို ကျွန်တော်လိုက်တောင်မလိုက်နိုင်ဘူး။ ဝေးလွန်းလို့မြစ်ကြီးနားမှာပဲ အကြိမ်ကြိမ်သွားပြီး ပြန်လာတယ်။ အရမ်းဝေးတဲ့ခေါင်တဲ့နေရာကလာတဲ့ ဒီကလေး။ ကျွန်တော်နဲ့အလုပ် လုပ်တာသုံးနှစ်ရှိပြီ။ ကမ္ဘာကို တော်တော် ပတ်ပြီးသွားပြီ။ ကျွန်တော်မရောက်ဖူးတဲ့ နေရာတွေတောင် တော်တော်များများ ရောက်ဖူးနေပြီ။ သူ့ကို ကျွန်တော်ဘာကြောင့် လက်ခံခဲ့တာလဲ။ သူ့မှာ Certificate မရှိဘူး။ သူ့ရဲ့ ဖုန်းထဲမှာ ဘယ် Apps တွေရှိနေလည်းဆိုတာ  ကျွန်တော်သူ့ကို လေးစားလို့ရတယ်။ သူ ဘာသာစကားအသစ်တွေ လေ့လာနေတယ်။ အွန်လိုင်းကနေ Certificate တွေ ယူနေတယ်။ ဒါကတကယ့်ကို Pro Active ဖြစ်တဲ့ လူငယ်တစ်ယောက်ဆိုတာကို မှန်းကြည့်လို့ ရတယ်။ မိဘက မထောက်ပံ့နိုင်တဲ့အတွက် သူက ကျောင်းကြီးတွေရဲ့ Certificate မရှိဘူး။ ဒါပေမဲ့ သူ့ဖုန်းကနေတစ်ဆင့် လေ့လာနေတာနဲ့ ကျွန်တော်လေးစားလို့ရတယ်။

ဆက်လက်ဖော်ပြပါမည်။

 


READ NEXT
Cancel OK