အနာဂတ်မှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ပြင်းပြတဲ့စိတ်ဆန္ဒရှိသူတွေအတွက် Eleven Broadcasting က စီစဉ်ကျင်းပတဲ့ “ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင်ရွေးချယ်မှုနှင့် ဘဝတိုးတက်ရေး” စကားဝိုင်းဆွေးနွေးပွဲကို မတ် ၈ ရက်က သာကေတမြို့နယ်မှာရှိတဲ့ Eleven Media Group ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ Main Sponsor အဖြစ် ကမ္ဘောဇဘဏ်က ပ့ံပိုးပေးထားတဲ့ “ A Panel Discussion on Career Choice and Career Advancement” ဆွေးနွေးပွဲမှာဆိုရင် နာမည်ကျော်စာရေးဆရာတစ်ဦးဖြစ်တဲ့ ဒေါက်တာခင်မောင်ညို၊ Manadalay Technology & Development ကုမ္ပဏီရဲ့ MD ဖြစ်တဲ့ ဒေါက်တာဇော်နိုင်၊ Maker 360 နဲ့ 360 ed တည်ထောင်သူ CEO ဒေါ်လှလှဝင်းတို့အပြင် Myanmar Imperial University တည်ထောင်သူ ဒေါ်ပို့ပို့ကြည်တို့ ပါဝင်ဆွေးနွေးခဲ့ပြီး အနာဂတ်မှာ အောင်မြင်ချင်သူတွေအတွက် စကားဝိုင်းဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တာတွေကို ပြန်လည်ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။
“ စလည်း စပြီးပြီ။ သင်လည်းသင်ပြီးပြီ။ တကယ့်လုပ်ငန်းခွင်လည်းဝင်ရော တွေ့လိုက်တဲ့အခက်အခဲ။ ကိုယ်မှန်းထားတာလည်း ဖြစ်မလာဘူး။ အလုပ်ရှင်က ကိုယ့်ကို ပျော်ပျော်ကြီးနဲ့ ချီးကျူးပြီးတော့ တော်လိုက်တာ သားလေး။ သမီးလေးပြောမယ်ထင်တာ။ တကယ်လည်းကျတော့ဟာ နင် ဒါတောင်မလုပ်တတ်ဘူးလား။ စဉ်းစားတော့ ငါဘာများမှားနေလို့လဲ။ ငါခက်ခဲနေလို့လား။ ဒီလိုအခက်အခဲတွေ အများကြီးဖြစ်လာတယ်’’
မလှလှဝင်း
အရင်ရိုးရာတွေအတိုင်း သွားလို့မရတော့ဘူး။ ကျောင်းပြီးမှ အလုပ်ဝင်မယ် မစဉ်းစားပါနဲ့။ Freelancing Job Opportunity တွေ အများကြီးပဲ။ အွန်လိုင်းကနေရင်လည်း အွန်လိုင်း Shop လေးတွေ လုပ်လို့ရတယ်။ အချိတ်အဆက်တွေနဲ့ ချိတ်ဆက်ပြီးတော့လည်း အလုပ်လေးတွေ စပြီးလုပ်နေလို့ရတယ်။ Intership တွေ ဝင်လို့ရတယ်။ Volunteer တွေ လုပ်လို့ရတယ်။ Job Skill တွေက ကျောင်းပြီးမှ စလို့ရတာမဟုတ်ဘူး။ အခုကတည်းက စလို့ရနေပြီ။ ဒီနေ့ ဒီကိုလာတဲ့ လူငယ်တွေအတွက် အရမ်းဝမ်းသာတယ်။ တနင်္ဂနွေနေ့ ကိုယ့်ဘဲနဲ့ ဆော်နဲ့ လျှောက်ပြီးတော့ ပျော်လို့ရတဲ့အချိန်မှာ ဒီကိုလာပြီးတော့ လာနားထောင်နေတယ်။ ဘာပဲဖြစ်ဖြစ် တော်တော်လေးကို Pro Active ဖြစ်တယ်ပြောလို့ရတယ်။ လေးစားလို့ရတယ်။ နောက်တစ်ခု အဲဒီမှာပဲမရပ်ပါနဲ့။ ဆက်ပြီးတော့ Transferable Skill ရနိုင်မယ့်နေရာတွေကနေ ဆက်ပြီး လေ့လာစေချင်တယ်။ အွန်လိုင်း Facebook ပွတ်ရင်း ပွတ်ရင်းနဲ့ လက်မလေးနဲ့ တွန်းသွားတွန်း သွားရင်းနဲ့ပဲ မရပ်ပါနဲ့။ ကိုယ့်ရဲ့ဖုန်းထဲမှာ ဘာအက်ပ်တွေရှိနေလဲ။ Coursera တို့၊ Udacity တို့ အက်ပ်တွေသွင်းပြီးတော့ ကိုယ့် ဟာကို Push လုပ်ပါ။ နိုင်ငံတကာကလူတွေလည်း ဒါတွေ လေ့လာနေကြတယ်။ ငါလည်းလေ့လာမယ်။ တတ်နိုင်ရင်တော့ အကောင်းဆုံးကတော့ ကျောင်းသွားပြီးတော့ တက်တဲ့ဟာပေါ့နော်။ Society လေး တစ်ခုထဲဝင်ပြီး ကိုယ့်ကိုယ်ကိုယ် Move လုပ်နိုင်တဲ့ဟာ။ မဟုတ်ရင်တော့ ကိုယ့်ဖုန်းထဲကတစ်ဆင့်လည်း လေ့လာလို့ရတယ်။ Game Change နေပြီ။ အဲဒီတော့ ကျွန်တော် ပြောချင်တာက ကျွန်တော် Career အများကြီး ပြောင်းလာတယ်။ Failure တွေလည်း အများကြီးတွေ့တယ်။ အဲဒါကို ကော်ဖီခါးခါးတစ်ခွက်လိုပဲ သဘောထားတယ်။ Game Plan ပြောင်းတယ်။ အဲဒီ Plan ကို နိုင်အောင် ကြိုးစားတယ်။ Transferable Skill တစ်ခုကို ကျွန်တော် အသက်နဲ့အတူ မြတ်နိုးတယ်။ ဆက်ပြီးတော့လည်း Career ပြောင်းတိုင်းမှာ ကျွန်တော် Carry လုပ်သွားတယ်။ အားလုံးကိုလည်း ကျွန်တော်မျှဝေချင်တာ Failure မှာပဲ ရပ်မနေဖို့။ Failure မှာ ရပ်ရင် အဲဒါမှ တကယ်အစစ် Failure ။ မဟုတ်ရင် ကျွန်တော်တို့က Learning ဖြစ်လို့ ရပါတယ်လို့ ပြောချင်ပါတယ်။
ဒေါ်ပို့ပို့ကြည်
“ အစ်မအနေနဲ့ကျတော့ နာကျင်မှုကို ကြိုက်တယ်။ အဲဒီခံစားချက်ကို ကြိုက်တာ။ အဲဒီလို တသုန့်သုန့်နဲ့ဖြစ်နေတဲ့ဟာက အစ်မကို အရမ်း Powerfull ဖြစ်စေတယ်လို့ ခံစားရတယ်။ ပုံမှန်အချိန်မှာဆို လူတွေအားလုံးက အစ်မကို ကောင်းတယ်လို့ပြောနေတယ်။ စိတ်ထဲမှာ ကောင်းလို့လားမသိဘူး။ မခံချင်စိတ်ဆိုတာ မဖြစ်ဘူး။ နာကျင်အောင် တစ်ယောက်ယောက်က ပြောလိုက်ပြီ။ အထင်သေးလိုက်ပြီဆိုရင် အဲဒီနာကျင်တဲ့ ဒဏ်ကို အစ်မက အရမ်းအရမ်းကို ကြိုက်တာပေါ့နော်။ ပြီးသွားတဲ့အခါကျရင် နောက်တစ်ခုကကျတော့ အစ်မဆိုရင် အသက် ၁၈ နှစ်ကနေ အလုပ်စလုပ်တယ်။ အခု ၃၆ နှစ်ဆိုတော့ ၁၈ နှစ်ရှိပြီပေါ့။ အဲဒီ ၁၈ နှစ်မှာ ကျရှုံးခဲ့တာတွေ အများကြီးပဲ။ တစ်ခါတလေကျရင် အစ်မရဲ့ဘဝမှာ အစ်မတွေးတယ်။ ယုံကြည်ချက်က ဘာရှိတယ်။ တကယ်အောင် မြင်ချင်ရင် ရူးသွပ်စွာနဲ့စတင်ရမယ်။ စတင်တဲ့အချိန်အထိက လူငယ်တွေက Oh my god! Live is Perfect. ငါအိပ်မက်တွေအပြည့်နဲ့ ငါကြိုးစားနေတာ။ ငါအောင်မြင်တော့မှာ။ စတင်တဲ့အချိန်အထိက အိုကေတယ်။ Motivation ကအပြည့်။ Energy က အပြည့်။ ပြီးတော့ ရူးသွပ်စွာနဲ့ သင်ယူရတယ်။ သင်ယူတဲ့အထိလည်း အမှန်အတိုင်းပြောရရင် Motivation က အပြည့်ပဲ။ သူ သင်ပဲသင်ယူနေတာ။ ပြီးတော့ ရူးသွပ်စွာနဲ့ ရှေ့ဆက်ရတယ်။ အဲဒီအချိန်မှာ ဇာတ်လမ်းကစတာ။ စလည်း စပြီးပြီ။ သင်လည်း သင်ပြီးပြီ။ တကယ့်လုပ်ငန်းခွင်လည်းဝင်ရော တွေ့လိုက်တဲ့အခက်အခဲ။ ကိုယ်မှန်းထားတာလည်း ဖြစ်မလာဘူး။ အလုပ်ရှင်က ကိုယ့်ကို ပျော်ပျော်ကြီးနဲ့ ချီးကျူးပြီးတော့ တော်လိုက်တာ သားလေး။ သမီးလေးပြောမယ်ထင်တာ။ တကယ်လည်းကျတော့ဟာ နင် ဒါတောင်မလုပ်တတ်ဘူးလား။ စဉ်းစားတော့ ငါဘာများမှားနေလို့လဲ။ ငါခက်ခဲနေလို့လား။ ဒီလိုအခက်အခဲတွေ အများကြီးဖြစ်လာတယ်။ အဲဒီအချိန်မှာ ရှေ့ဆက်ဖို့ အစ်မတို့အတွက် အရမ်းခက်သွားတယ်။ အဲဒီအချိန်မှာ လူတွေအားလုံးက နောက်ပြန်လှည့်ကြတယ်။ အစ်မ အမြဲတမ်း ပြောချင်တာက ရူးသွပ်စွာနဲ့ စတင်ပြီးပြီဆိုရင် ရူးသွပ်စွာနဲ့ သင်ယူ။ ပြီးတော့ ရူးသွပ်စွာနဲ့ ရှေ့ဆက်၊ ဘာပဲတွေ့တွေ့ ရှေ့ဆက်မယ်ဆိုတဲ့ဟာနဲ့ အစ်မကတော့ ရှေ့ဆက်စေချင်ပါတယ်။ နောက်တစ်ခုက အခက်အခဲဆိုတဲ့ သဘောကလေ အစ်မကို Seminer တစ်ခုမှာ ညီမလေးတစ်ယောက်က ထမေးဖူးတယ်။ အစ်မတဲ့ စိတ်မညစ်အောင် ဘယ်လိုနေရမလဲတဲ့။ အစ်မက အကြံပေးတယ်။ မပူနဲ့ ညီမလေး။ စိတ်ကတော့ညစ်မှာပဲ။ ညစ်ခိုင်းလိုက်။ အခက်အခဲတွေ့ရင် စိတ်မညစ်တဲ့သူရှိလား။ အခက်အခဲတွေ့ရင် စိတ်ညစ်တယ်ဆိုတာ We are Human ။ လူမို့လို့ ခံစားချက်ကိုလည်း ထွက်ပေါက်လည်းပေးရမယ်။ ကိုယ်က ကိုယ့်ကိုယ်ကိုယ် ကိုယ်ချစ်တဲ့သူ တစ်ယောက်လို ကိုယ့်ကိုယ်ကိုယ်နားလည်မှုလည်း အရမ်းအရေးကြီးတယ်။ ငါ ဒီအခက်အခဲတွေ့ရင် ငါဘယ်လိုမျိုးတုံ့ပြန်လဲ။ အဲဒီတော့ အစ်မ ဘာသိလာလဲဆိုတော့ အသက်ကြီးလာပြီ။ လုပ်ငန်းခွင်ထဲ ဝင်လာပြီဆိုရင် မိသားစုထဲမှာနေတာ မဟုတ်တော့ဘူး။ လူတိုင်းက ကိုယ့်ကို နားလည်မယ်လို့မမျှော်လင့်နဲ့။ ကိုယ်က ဘာကိုမျှော်လင့်ရမှာလဲဆိုတော့။ ပြီးတော့ နောက်တစ်ခုက အစ်မနဲ့ မလှနဲ့ စကားပြောတယ်။ မလှ မရည်ရွယ်ပေမဲ့ အစ်မကို ထိခိုက်သွားတဲ့စကားရှိချင်ရင် ရှိမယ်။ အဲဒါက မလှသည် အစ်မအပေါ် မကောင်းတာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခါတ လေကျရင်တော့ Communication အလွဲလေးတွေ။ နားလည်မှုလွဲတဲ့ ဟာလေးတွေကို ကမ္ဘာကြီးလို့ ခံစားပြီးတော့ တကယ်တန်ဖိုးရှိတဲ့ Relationship တွေနဲ့ ပျောက်ပျက်သွားတဲ့ အချိန်တွေ အများကြီးပဲ။ အဲဒါလေးကိုလည်း အစ်မတို့ တွေးထားရမှာပေါ့နော်။Mis-Communication ဖြစ်နိုင်တဲ့ အခြေအနေတွေ အများကြီးရှိတယ်။ ပြီးသွားရင် အခက်အခဲ မလာပါနဲ့လို့ တားလို့ရလား။ အခက်အခဲက လာမှာပဲ။ အဲဒါကို အစ်မတို့က ကြောက်လို့မရဘူး။ ဘယ်အခက်အခဲလာမလဲဆိုတာကို ပြင်ဆင်လို့မရဘူး။ ဒါပေမဲ့ ဘယ်လိုမျိုး ဒါကို Respond လုပ်မလဲဆိုတာကို ပြင်ဆင်လို့ရတယ်။ အဲဒီတော့ အစ်မ ဘဝတစ်လျှောက်မှာ အစ်မသုံးခဲ့တဲ့ Philosophy ကိုလည်း ဝေမျှပေးချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ MARS ဆိုတာပဲ။ ဂြိုဟ်လေ သိတယ်မဟုတ်လား။ ပထမဦးဆုံးက အခက်အခဲတွေ တွေ့တဲ့အခါကျရင် ဘာလုပ်ရမှာလဲဆိုတော့ Mindset ပေါ့။ ကိုယ့်ရဲ့အတွေးအခေါ်က Mindset က Growth Mindset ရှိရမယ်။ Carol Dweck ဆိုတဲ့ အမျိုးသမီးက ပြောဖူးတယ်။ လူတွေမှာ Growth Mindset နဲ့ Fixed Mindself ဆိုပြီး Mindset နှစ်ခု ရှိတယ်။ အဲဒီတော့ Fixed Mindset ရှိတဲ့ လူတစ်ယောက်က ဥပမာ ထားလိုက်ပါတော့။ ညီမလေးတို့ကို အစ်မက ပြောတယ်။ နောက်ခြောက်လမှာ ပြင်သစ်စကားတတ်တဲ့သူရှိနိုင်လားဆိုရင် စိတ်ထဲမှာ ဘယ်လိုထင်လဲ။ ရှိနိုင်လား။ ကိုယ်တတ်မယ်ထင်လား။ သိပ်မထင်ဘူး ဟုတ်လား။ အဲဒါ Fixed Mindset ။ အကယ်၍ နောက်ခြောက်လကြာရင် (Lamborghimi) ကားတစ်စီးရမယ်။ သိန်း ၆၀၀၀ လောက်တန်မယ် ထင်တယ်နော်။ အဲဒါတော့ အစ်မလည်း မရှိတော့ မသိဘူး။ သိန်း ၆၀၀၀ ရမယ်ဆိုရင် နောက်ခြောက်လကြာရင် ပြင်သစ်စကားတတ်မလား။ တတ်မယ်ဟုတ်လား။ အဲဒါက Growth Mindset ငါသင်ရင် တတ်မယ်ဆိုတဲ့ဟာ။ အဲဒီတော့ အစ်တို့က ပညာတစ်ခုကို သင်ကြားတော့မယ်ဆိုရင် အနောက်က Motivational Factor လိုတယ်။ တစ်ခါတလေကျရင် လူ့လောကကြီးမှာကျတော့ နင်ဒါတတ်ရင် ဘာဖြစ်မယ်ဆိုတဲ့ Motivational Factor က ပေါ်ပေါ်ထင်ထင် ပြချင်မှပြတတ်တာ။ ဒါပေမဲ့ ကိုယ်ကလိုချင်ရင်မြင်တတ်ရမယ်။ အဲဒီတော့ ပထမဦးဆုံးကကျတော့ Growth Mindset ရှိရမယ်။ နောက်တစ်ခုကကျတော့ A ။ A ကကျတော့ Altitude ။ You have to be very positive ။ အရမ်း Positive ဖြစ်ရမယ်။ အရာရာအားလုံးကို ခလုတ်တိုက်တာနဲ့ ကြည့်စမ်း။ ငါချည်းပဲ ခလုတ်တိုက်တယ်လို့ တွေးလို့မရဘူး။ လမ်းလျှောက်ရင်တော့ ခလုတ်တိုက်မှာပဲ။ အဲဒီတော့ အစ်မ ကိုယ်အစ်မ ပြောတဲ့စကားရှိတယ်။ ဇ မရှိရင် လမ်းတောင်မလျှောက်နဲ့ဆိုပြီးတော့။ လမ်းလျှောက်တာက ကိုယ်လိုချင်တဲ့ခရီးကို သွားတာလေ။ ဘယ်လောက်ကြီးပဲ ခလုတ်မတိုက်အောင် လျှောက်လျှောက် ခလုတ်ကတော့ တိုက်မှာပဲ။ အဲဒီတော့ ခလုတ်တိုက်တာကို ကြောက်ပြီးတော့ လမ်းမလျှောက်ရင် ဘယ်မှမရောက်ဘူး။ အဲဒီတော့ အစ်မကို Altitude က အရမ်းကောင်းရမယ်။ ကိုယ်က ဘယ်လောက်ခက်ခဲတဲ့ အခက်အခဲပဲဖြစ် ဖြစ်ရအောင် ငါတွန်းလှန်မယ်ဆိုတဲ့စိတ်ကို ထားရတာပေါ့နော်။ နောက်တစ်ခုက Resilient ။ အဲဒီ Resilient တို့၊ Dynamic Capability တို့ ဘာတို့ကတော့ Oxford တို့ Harvard တို့မှာ အရမ်း Popular ဖြစ်တဲ့ Word တွေပေါ့။ ခံနိုင်ရည်စွမ်းရည်ရှိရတယ်။ Resilient ရှိတဲ့သူတွေကျတော့ အခက်အခဲတွေ တွေ့လာပြီဆိုရင် သူတို့က ဘယ်လိုမျိုး တု့ံပြန်ရမလဲဆိုတာ သူတို့သိတယ်။ ကိုယ့်အတွက် ဒီလိုတုံ့ပြန်လိုက်ရင် ကောင်းတာ ဖြစ်မလား၊ ဆိုးတာဖြစ်မလား။ Resilient က အရမ်းအရေးကြီးပါတယ်။ နောက်တစ်ခုက ပြဿနာတွေဖြစ်တဲ့အချိန်ကျရင် ဘယ်ဟာက အရေးကြီးလဲ။ လူငယ်တွေမှာလည်း ဖြစ်တယ်။ လူကြီးတွေမှာလည်းဖြစ်တယ်။ ကိုယ်မှန်ကြောင်း အရမ်းသက်သေပြချင်တာ။ တစ်ခါတလေကျရင် မလိုအပ်ဘူး။ လိုအပ်တဲ့ဟာဆိုရင် ခေါင်းဆောင်ကောင်းတစ်ယောက်၊ အောင်မြင်တဲ့လူတစ်ယောက်က မျိုချနိုင်စွမ်း ရှိရတယ်။ နောက်တစ်ခုက Social Skills ။ တစ်ခါတလေကျရင်တော့ အစ်မတို့ ကိုယ်ကိုယ်ကိုယ် ဆက်ဆံရေး ကောင်းတယ်လို့ထင်တာပဲ။ အဲဒီအခါကျရင် အစ်မ အမြဲတမ်းအကြံပေးတာ။ ကိုယ့်သူငယ်ချင်း ငါးယောက်ကို မေးကြည့်ပါ။ အမှတ်လေးတွေ ပေးခိုင်းကြည့်ပါ။ တကယ်ပဲ ကိုယ်ထင်တဲ့လူကို သူကမြင်သလားဆိုတာ။ ထွက်လာတဲ့အဖြေက အရမ်းအံ့သြစရာကောင်းပါတယ်။ ဒါပေမဲ့ အဲဒီထွက်လာတဲ့ အဖြေအပေါ်မှာ မူတည်ပြီးတော့ ကိုယ်ပြုပြင် ပြောင်းလဲနိုင်တယ်ဆိုရင် ကိုယ့်ဘဝအတွက်က အရမ်းကောင်းပါတယ်။ အဲဒီတော့ခုနကပြောတဲ့ MARS ဆိုတဲ့ဟာကို အစ်မရင်ဘတ်ထဲမှာ အမြဲတမ်းကျင့်သုံးတယ်။ နောက်တစ်ခုက အရေးကြီးတာက S သုံးလုံး။ Sensing ပေါ့နော်။ အခုခေတ်မှာ လူငယ်တွေပိုအရေးကြီးတယ်။ Technology က အရမ်းပြောင်းလာတဲ့အချိန်မှာ ခုနက မလှပြောသွားတဲ့အထဲမှာ အွန်လိုင်းကနေ ဘာကိုလေ့လာလို့ရမလဲ။ အခက်အခဲ ဘယ်သူတွေဘာဖြစ်နေလဲ။ မနေ့ကဆို မီးလောင်တယ်။ ဘယ်မှာ လောင်တာလဲ။ ဘာကြောင့်မို့လောင်တာလဲ။ At Least ကိုယ်သိထားရင် ကိုယ့်အလှည့်ကျရင် မလောင်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ။ အရမ်းအရေးကြီးတယ်။ ပြီးသွားရင် Shaping ပေါ့။ ကိုယ်ဘာဖြစ်ချင်လဲ။ ကိုယ့်အိပ်မက်ကြီးကတော့ ရှိနေပြီ။ အိပ်မက်ကလေ လက်တွေ့မှာ အကောင်အထည် မဖော်နိုင်သရွေ့ You are nothing ပဲ။ Something ဖြစ်ချင်တယ်။ Someone Special ဖြစ်ချင်တယ်ဆိုရင် ဒီအိပ်မက်ကို လက်တွေ့မှာ စတင်ပြီး အကောင်အထည်ဖော်ဖို့ Shaping အရမ်းအရေးကြီးပါတယ်။ အဲဒီအခါကျမှ Seizing ပေါ့။ ဒီအခွင့်အလမ်းတွေကို အခက်အခဲတွေကို ကျော်ပြီးတော့ ဒါကို ကိုယ်ဘယ်လိုလုပ်လိုက်ရင် အောင်မြင်တဲ့ဟာဖြစ်မလဲ သိတယ်ဆိုရင် ရအောင်ပြောင်းလဲယူနိုင်တယ်။ Negative ကနေ Positive ပြောင်းလဲယူနိုင်တယ်။ အဲဒီ Energy က လူငယ်တွေမှာ အရမ်းအရေးကြီးဆုံးပဲ။ အစ်မကတော့ အခက်အခဲတွေကို ဘယ်တော့မှ မကြောက်ဘူး။ နာကျင်မှုကို အရမ်းကြိုက်တယ်။ လူတွေဝေဖန်လေလေ တိုက်ခိုက်လေလေ အစ်မက ကြိုက်လေပဲ။ ကြိုက်သလိုပြော ဒါပေမဲ့ အချိန်မတန်သေးတဲ့အချိန်မှာတော့ ခဏလေးစောင့်ဦး။ ငါပြင်ဆင်လိုက်ဦးမယ်။ ချက်ချင်းကြီးတော့ စစ်တိုက်သလို ဝုန်းခနဲသွားမတိုက်ရဲပါဘူး။ သေသွားရင် ဘယ်လိုလုပ်မလဲ။ ဟုတ်တယ် မဟုတ်လား။ ကိုယ့်အသက်က တန်ဖိုးရှိတယ်လေ။ နောက်တစ်ခုက ဒီအခက်အခဲတွေကို ပြန်ပြင်ဆင်တဲ့အချိန်မှာ အစ်မကို MBA တန်းက လူငယ်တွေကပြောတယ်။အစ်မ MBA မှာ Leadership သင်တာကိုး။ Teacher တဲ့။ တချို့သူငယ်ချင်းတွေက ပြောကြတယ်။ နင်တဲ့ MBA သင်စရာလိုလို့လား ဆိုပြီးတော့ပေါ့တဲ့။ အဲဒီလိုမျိုးပြောတယ်တဲ့။ တကယ်တော့ သူက လိုမှန်းတော့သိတယ်တဲ့ ဘယ်လိုရှင်းပြရမလဲ မသိဘူးတဲ့။ အဲဒီတော့ အစ်မက ပြောပြတယ်။ စစ်တိုက်တယ်။ မသင်ဘဲဝင်တိုက်လား။ မသင်ဘဲနဲ့ ဖြစ်ချင်ရာဖြစ် ဝင်တိုက်လား။ အဆုံးစွန်ဆုံးအချိန်မှာ ဝင်တိုက်လို့ အောင်မြင်ကောင်းအောင်မြင်သွားလိမ့်မယ်။ ဒါကကျတော့ ဘာလဲဆိုတော့ ဒီပညာတွေကို သေသေချာချာသင်ပြီးသွားမှ ရတနာမြေပုံရှာသလိုပေါ့။ မြေပုံကြည့်ပြီးမှ လမ်းရှာတာနဲ့ စမ်းတဝါးဝါးနဲ့ ရှာတာနဲ့။ အဲဒီတော့ အစ်မပြောတဲ့ပညာကတော့ အစ်မကတော့ ကျောင်းထောင်ထားတယ်။ သူ့ ကျောင်းလာတက်ခိုင်းတယ် ထင်နေဦးမယ်။ အစ်မပြောတဲ့ ပညာက Traditional Learning ကို ပြောတာမဟုတ်ဘူး။ ဘဝပညာလည်းပါတယ်။ အတန်းပညာလည်း ပါတယ်။ တတ်သိလူတွေဆီက အစ်မတို့ အခုဆို Sharing လုပ်ကြတယ်။ အဲဒီလိုတွေ ပညာသင်ကြားခြင်းအားဖြင့် ငါအခက်အခဲတွေ့ရင် ဘယ်လိုတုံ့ပြန်မလဲ။ အောင်မြင်မှုအတွက် သူဘယ်လိုလုပ်ခဲ့သလဲ။ ငါ ဘယ်လိုလုပ်မလဲ ဆိုတာတွေက အရမ်းအရေးကြီးတော့ အစ်မအခက်အခဲတွေ့ရင် အဲဒီလိုမျိုးပဲဖြေရှင်းပါတယ်။ အခက်အခဲကို ဘယ်တော့မှ မကြောက်ဘူး။ အဲဒါကြောင့် အခက်အခဲတွေက အစ်မဆီကို ခဏခဏ လာသလားမသိဘူး။ အဲဒါကြောင့် ဝေဖန်မှုတွေကို စိန်ခေါ်သံတွေအဖြစ် အမြဲတမ်းအသုံးပြုပါတယ်လို့ ပြောချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်။
ဒေါက်တာခင်မောင်ညို
ဘဝဆိုတာ ဂိမ်းတစ်ခု၊ ဘဝဆိုတာ အခက်အခဲ၊ ဘဝဆိုတာ ကိုယ့်ရဲ့သိထားတဲ့ Knowledge ကနေပြီးတော့ ရင်ဆိုင်တာပဲ။ ဒါကတော့ ဒုက္ခရောက်မယ်ဆိုတာ ကိုယ်သိထားပြီးရင် အင်မတန်ကောင်းတယ်။ ဆရာတို့ ပါရာဒိုင်းလို့ပြောတာ။ သူက အချိန်တိုင်း ပြောင်းနေတာပဲ။ သူပြောင်းလဲတဲ့အချိန်မှာ ဘာတွေဖြစ်ဖို့ဆိုတာသိဖို့ အင်မတန်အရေး ကြီးတာပေါ့။ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က စာရေးဆရာတစ်ယောက် ရေးထားတဲ့ စာအုပ်မှာပေါ့။ အနာဂတ်ကို ပုံဖော်တဲ့ စာရေးဆရာပေါ့။ နောက်နှစ်တစ်ရာလောက်ဆို ဆွစ်ဇာလန်လမ်းပေါ်မှာ မြင်းလှည်းတွေများတဲ့အတွက် လမ်းပြသူအလုပ် တော်တော်ဒုက္ခရောက်မယ်တဲ့။ သူရေးထားတာပဲ။ ဒါပေမဲ့ ဆွစ်ဇာလန်လမ်းပေါ်မှာ မြင်းလှည်းတစ်စီးမျှ မရှိတော့ဘူး။ အဲဒီလိုပဲ အများကြီးမှားတာ ရှိပါတယ်။ ဘာကြောင့်ဆို အနာဂတ်ဆိုတာ အင်မတန် ခန့်မှန်းရခက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်တုန်းက ရန်ကုန်မြို့မှာ သောက်ရေသန့် ပုလင်းတွေ လူတွေ သောက်နေမယ်လို့ ဘယ်သူမှ မစဉ်းစားခဲ့ကြဘူး။ ဒါမျိုးစဉ်းစားတဲ့သူဟာ ချမ်းသာသွားတာပဲ။ ဆရာတို့ အဲဒီတုန်း က ဂျပန်မှာရှိနေတုန်းက လာပြောတာ။ သောက်ရေသန့်စက်တွေ ထောင်ရအောင်ဆိုတာ တကယ်မယုံကြဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်တုန်းက ရန်ကုန်မြို့မှာ ပလတ်စတစ်ဘူးလေး တစ်ဘူးရဖို့တောင် မလွယ်ပါဘူး။ အဲဒီတော့ လူငယ်တွေအနေ နဲ့ IT ကို သိရမယ်။ Enviroment ကို နားလည်ရမယ်။ နောက်တစ်ခုက Food ပေါ့။ အစားအသောက် Technology က ပိုအရေးကြီးမယ်လို့ထင်တယ်။ ဒီသုံးခုကို မျှော်မှန်းပြီး အလုပ်လုပ်သွားရင်တော့ အောင်မြင်တဲ့သူတွေ ဖြစ်လာနိုင်ပါတယ်။
ဒေါက်တာဇော်နိုင်
အနာဂတ်ကိုခန့်မှန်းဖို့က မလွယ်ပါဘူး။ ပြောရခက်တယ်။ ကျွန်တော်တို့က သစ်ပင်တစ်ပင်ပေါက်ဖို့အတွက်ကို၊ သစ်ပင်တစ်ပင် ကြီးထွားဖို့အတွက်ကို မြေသြဇာ ပြည့်ဝဖို့လိုတယ်။ နောက်တစ်ခါ ရေပုံမှန် လောင်းပေးဖို့လိုတယ်။ နေရောင်ခြည်လည်း လိုတယ်။ နောက်တစ်ခါ အရိပ်တွေမိုး မထားဖို့လည်းလိုတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ကလည်း သစ်ပင်တစ်ပင်လိုပဲ ကြီးထွားဖို့အတွက်က ကျွန်တော်တို့မှာ လိုအပ်တာတွေ အများကြီးပဲ။ ခံနိုင်ရည်တွေလိုတယ်။ ပြောင်းလဲနိုင်စွမ်းတွေ လိုတယ်။ အဲဒီတော့ ဒီနေ့ခေတ်မှာ စကေးပေါ့။ ပထမတစ်ခုက ကိုယ့်ရဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှု (ဥပမာ Accounting ၊ Banking တို့ စတာတွေပေါ့)။ ဒါတွေကလည်း Technical Skills အဆင့်မှာ ပါတယ်။ အဲဒါက ဒီဘက်မှာ Human Skills ဆိုတာ ပါလာတယ်။ ခုန ပြောတဲ့ Presentation တို့ Communication တို့၊ ခုနပြောတဲ့ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံတာ ပါလာတယ်။ နောက်ဆုံးတစ်ခုကတော့ Consequence Skills ပေါ့။ အနာဂတ် ဘာဖြစ်မလဲဆိုတာ မှန်းတာတို့၊ နောက်တစ်ခုက အကျိုးအကြောင်း ဆင်ခြင်နိုင်စွမ်းတွေ။ အဲဒီ Skills တွေက အဆင့် သုံးခု ရှိတဲ့နေရာမှာ ဘယ် Skills က အရေးအကြီးဆုံးလဲဆိုတာထက် အဲဒီ Skills သုံးခု Technical Scale က အများကြီးလိုတယ်။ Accounting ဆို Account နဲ့ ပတ်သက်ပြီး ကျွမ်းကျင်ရမယ်။ Bank ဆိုလည်း Banking နဲ့ပတ်သက်ပြီး ကျွမ်းကျင်ရမယ်။ မီဒီယာမှာဆိုလည်း မီဒီယာလုပ်ငန်းကို ကျွမ်းကျင်ရမယ်။ ဒါပေမဲ့ အလယ်လောက်ရောက်လာရင် Mid Level Management ကို ရောက်လာရင်တော့ Human Skills ကတော့ တောက်လျှောက်သုံးနေရလိမ့်မယ်။ ပြောဆိုတာ၊ ဆက်ဆံတာ၊ လူရှေ့ထွက်ပြီးတော့ စကားပြောတာတွေ သုံးလာရတဲ့အခါကျတော့ Human Skills က ပိုအရေးကြီးလာတယ်။ Consequence Skills လည်း နည်းနည်းပိုသုံးလာရတယ်။ ဒါပေမဲ့ ထိပ်ဆုံး ရောက်လာတဲ့သူတွေအတွက်က Consequence Scale ကို ပိုများများသုံးရတယ်။ အဲဒါကြောင့် ကျွန်တော်တို့က အဲဒီလိုမျိုး Technical Skills ၊ Human Skills ၊Consequence Skills တွေကို သုံးတတ်ဖို့လိုတယ်။ ကျွန်တော်ဆိုရင် Business လုပ်ချင်တဲ့အတွက်ကြောင့် Engineering တက်ရုံတင် မဟုတ်ဘူး။ MBA တက်ခဲ့ရတယ်။ Business Law တက်ခဲ့ရတယ်။ Accounting တို့ စီမံခန့်ခွဲမှု အတတ်ပညာတွေလည်း တက်ခဲ့တယ်။ အဲဒါအားလုံးဟာ Technical Skills တွေ၊ Human Skills အတွက်ကကျတော့ Presentation တို့၊ Communication တို့ သင်တန်းတွေ အများကြီးတက်ခဲ့တယ်။ တကယ်လည်း လေ့လာရတယ်။ ကျွန်တော် နယူးယောက်မှာ အတန်းတစ်ခု သွားတက်တယ်။ The Voice of Leadership ပေါ့။ ခေါင်းဆောင်တွေ ဘယ်လိုစကားပြောသလဲဆိုတာ သိချင်လို့သွားတက်တယ်။ ဘာလို့လဲဆို Human Skills ကို ပိုပြီးတိုးတက်ချင်လို့။ အခုကျွန်တော် Ph.d ဆက်လုပ်ရတယ်။ ပြီးသွားတယ်။ အကုန်လုံးက Consequence Skills တွေမြင့်ဖို့အတွက်ပဲ။ အဲဒီတော့ ကျွန်တော်ဆိုလိုတာက Technical Skills တွေလည်း နားလည်အောင်၊ ကျွမ်းကျင်အောင် လုပ်ပါ။ Human Skills ကိုလည်း ကျွမ်းကျင်အောင်လုပ်ပါ။ Consequence Skills တွေလည်း တိုးတက်အောင် စာတွေဖတ်ပါ။ ကျောင်းတွေ ဆက်တက်ပါ။ အများကြီး လေ့လာဖို့ကို ပြောချင်ပါတယ်။
ဒေါ်လှလှဝင်း
ကျွန်တော်ကတော့ ခုနက ဆရာတွေ၊ ဆရာမတွေ ပြောသွားတဲ့ထဲက ကိုယ့်ကိုယ်ကိုယ် မေးခွန်းလေး နည်းနည်းထုတ်စေချင်တယ်။ ခုနကဆရာပြောသွားတဲ့ Technical Skills ၊ Human Skills နဲ့ Consequence Skills တွေထဲမှာ အရေးကြီးတာက ကျွန်တော်တို့အနာဂတ်ဆိုတာ ဘာမှန်းကိုသိရတာ မဟုတ်ဘူး။ အနာဂတ်အတွက် ကြိုပြင်ဆင်တယ်ဆိုရင် မေးခွန်းထုတ်တတ်တဲ့ Skills က အရေးကြီးပါတယ်။ မေးခွန်းထုတ်တတ်ဖို့က ခေတ်စာတတ်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ Digital Skills အရေးကြီးတာမှန်တယ်။ ခေတ်စာတတ်ဖို့ အရင်တုန်းက Knowledge is Power ။ ခုက Knowledge is Power မဟုတ်တော့ဘူး။ အမှန်နဲ့ အမှားကိုခွဲခြားတတ်ဖို့၊ သတင်းကောင်းလား၊ သတင်းဆိုးလားခွဲခြားတတ်ဖို့၊ မေးခွန်းတွေ ထုတ်ဖို့ကို အဓိကတိုက်တွန်းချင်ပါတယ်။
-
ရုရှားနိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရန် အမေရိကန်ပံ့ပိုးပေးသော ဝာာဝေးပစ်ဒုံးကျည်များအား ယူကရိန်း ပထမဆုံး အသုံးပြုရေးကို သမ္မတဂျိုးဘိုင်ဒင် ခွင့်ပြု
-
ရလဒ်က အရေးကြီးပေမဲ့ အသင်းတိုးတက်လာရင် ရလဒ်က နောက်ကလိုက်လာပါလိမ့်မယ်
-
ဆီမြွန်နီနေရာ အစားထိုးရန် အက်သလက်တီကိုအသင်း ရှာဖွေနေပြီး အရန်အသင်းနည်းပြ ဖာနန်ဒိုတောရက်စ် ရေပန်းစားနေ
-
တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် လက်လုပ်လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ
-
မန္တလေးမြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် အမျိုးသမီးတစ်ဦးက ဆိုင်ဝန်ထမ်းအား ဓားဖြင့်လှမ်းထိုးကာ လုယက်ရန် ကြံစည်