Top News

သတင်းစာများ သတင်းသမားများနှင့် ဒီမိုကရေစီ
24htopnews | October 27, 2024 11:12 PM CST

ရုပ်သံ၊ အင်တာနက်၊ ဖေ့စ်ဘုတ်တွေ ခေတ်စားလာတဲ့အခါမှာ သတင်းစာ၊ ဂျာနယ် စတဲ့ ပုံနှိပ်မီဒီယာတွေ ကျသွားတာကို တွေ့ရ ပေမယ်။ ဒီလိုကျသွားတဲ့နောက်ကွယ်မှာ ပြည်သူတွေကို ဘယ်လောက်ထိခိုက်သလဲ။ ဒီမိုကရေစီကို ဘယ်လောက်ထိခိုက်သလဲ။ ဆန်းစစ်ထားတဲ့ဆောင်းပါးကို တင်ပြထားတာဖြစ်တယ်။

(၁)

၁၉၄၈ ခုနှစ်က လွတ်လပ်ရေး ရလာတယ်။ ပြည်သူတွေဟာ အံကြိတ်ခံ ရုန်းကန်ရင်း အာဏာရှင်စနစ်ကို ကျော်ဖြတ်ကာ ဒီမိုကရေစီလမ်းကြောင်းကို ရွေးချယ်ခွင့်ရှိလာ ပါတယ်။ ပထမဆုံး ၂၀၁၀ ကနေစပြီး ဒီမိုက ရေစီလမ်းကြောင်းပေါ်ကို သွားဖို့ မဲရွေးချယ် မှုပြုလုပ်ခဲ့ပါတယ်။ ၂၀၁ဝက ပြည်ခိုင်ဖြိုးပါတီက အစိုးရ ဖွဲ့နိုင်ခဲ့တယ်။ ငါးနှစ်တာကာလမှာ ဒီမိုကရေစီ မလင်းလက်သေးပါဘူး။ ၂၀၁၅ မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲနိုင်ကာ အစိုးရ ဖွဲ့နိုင်ခဲ့တယ်။ ဒီအချိန်မှာလည်း NLD ရုန်းကန်ကာ ကြိုးစား ပြီး ဒီမိုကရေစီစနစ်တိုးတက်ဖို့ ဖော်ဆောင်ခဲ့ ပါတယ်။ မြန်မာပြည်ဟာ ဒီမိုကရေစီလမ်း ကြောင်းပေါ်ရောက်ပြီဆိုပေမဲ့ ၂၀၀၈ အခြေ ခံဥပဒေကို ပြုပြင်မှသာ ဒီမိုကရေစီကိုအဆင် ပြေစွာ ဖော်ကျူးနိုင်မယ်လို့ ဆိုကြပါတယ်။

ဒီနေရာမှာ ထင်ထင်ရှားရှားဖြစ်စဉ်တွေ ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေတိုးလာပြီး AA လို့ ခေါ်တဲ့ ရခိုင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ဟာ ပြဿနာများစွာ ကို ဖန်တီးလာတာကို တွေ့ရတယ်၊ ဒါ့အပြင် ရခိုင်ပြည်နယ် မောင်တောဒေသမှ ဘင်္ဂါလီ လူမျိုး ခုနစ်သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်သွားကြပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတစ်ခုက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)  မှာ တရားစွဲခဲ့ပါတယ်။

(၂)

ဒီလို ပြောင်းလဲမှုပြုတဲ့ အချိန်မှာ ပုဂ္ဂလိ က သတင်းစာများစွာတစ်စတစ်စနဲ့ ပျောက် ကွယ်သွားရသလို ပုဂ္ဂလိက ဂျာနယ်များစွာ လည်း ပျောက်ကွယ်သွားပါတယ်။ မပျောက် ကွယ်သွားသေးတဲ့ ပုဂ္ဂလိက သတင်းစာနဲ့ ဂျာ နယ်များဟာ ကျုံ့ဝင်သွားတာကို တွေ့ရတယ်၊ ဒီအတွက် အင်မတန် တော်ပြီး အလားအလာ ရှိတဲ့ ဂျာနယ်လစ်များစွာလည်း သူတို့ ချစ်မြတ် နိုးတဲ့ သတင်းဆိုင်ရာအလုပ်များကို စွန့်လွှတ် လိုက်ကြရတယ်။ ဘာကြောင့် သတင်းစာတွေ၊ ဂျာနယ်တွေ ကျဆင်းသွားရတာလဲ။ တကယ် တော့ ဂျာနယ်တွေ၊ သတင်းစာတွေသာမက ဘူး၊ ပုံနှိပ်လုပ်ငန်းတွေပါဝင်တဲ့ မဂ္ဂဇင်းတွေပါ ကျသွားတယ်။ ဒါဟာ ဖေ့စ်ဘုတ်တို့လို ဆိုရှယ် မီဒီယာတွေကြောင့်လို့ ဆိုတယ်၊ အင်တာနက် က ဒီဂျစ်တယ်မီဒီယာတွေ ဝင်ရောက်လာ ခြင်းဟာ ပုံနှိပ်မီဒီယာတွေ ကျရှုံးခြင်းလို့ဆို တယ်။ အထူးသဖြင့် သတင်းစာဂျာနယ်တွေ ဟာ ကြော်ငြာကို ၈၀% ခန့် မှီတည်ရတယ်။ ကြော်ငြာတွေ မရတဲ့အခါတွေမှာ ပုံနှိပ်မီဒီယာ တွေ ကျဆင်းသွားတယ်လို့လည်း ဆိုနိုင်တယ်။ ဒါဟာ နိုင်ငံတကာမှာ မှန်ကန်တယ်လို့ ဆိုနိုင် ပါတယ်။ မြန်မာပြည်မှာ ထူးခြားတဲ့အခြင်းအ ရာတစ်ခုကတော့ ပြည်သူပိုင် သို့မဟုတ်အ စိုးရပိုင် သတင်းစာရှိနေခြင်းပါပဲ။

(၃)

အစိုးရသတင်းစာတွေဟာ ပြည်သူ့ပိုက် ဆံဘတ်ဂျက်တွေ သုံးပြီး ပုဂ္ဂလိကသတင်းစာ ဂျာနယ်တွေနဲ့ ပြိုင်သလို ဖြစ်နေတယ်။ ငွေ အင်အားများခြင်း၊ အစိုးရသတင်းများကို ထိုး ဖောက်ရယူလွယ်ခြင်း၊ ကြော်ငြာရှင်များ (ကုမ္ပ ဏီများ) ဟာ အစိုးရနဲ့ပတ်သက်တဲ့ လုပ်ငန်း များနဲ့ပတ်သက်နေခြင်း သို့မဟုတ် တစ်ဦးပေါ် တစ်ဦး အမှီသဟဲပြုနိုင်သည်ဟု ယူဆကြခြင်း၊ စျေးနှုန်းသက်သာစွာ ရောင်းချနိုင်ခြင်း စတဲ့ မမှန်ကန်တဲ့ ယှဉ်ပြိုင်မှုတွေကြောင့် ပုဂ္ဂလိက သတင်းစာဂျာနယ်များ ကျဆုံးရခြင်းဖြစ် တယ်။ ဒါကို အစိုးရကတော့ သူ့အပြစ်မဟုတ် ကြောင်းနဲ့ သတင်းစာဂျာနယ်များဟာ ဒီဂျစ် တယ်ခေတ်အပြောင်းမှာ ရပ်တည်ဖို့ ခက်ခဲ တာကြောင့်ဖြစ်တယ်လို့ အကြောင်းပြတယ်။ တစ်ဖက်ကလည်း ဘာကြောင့် အစိုးရသတင်း စာ ရှိသင့်သလဲဆိုရင် အစိုးရရဲ့ အာဘော် တွေ ထုတ်ပြန်ကြေညာချက်တွေကို မှန်မှန် ကန်ကန် ထုတ်ပြန်ဖို့ လိုတယ်ဆိုတဲ့ ယူဆချက် ကြောင့်လို့ ဆိုပြီး ရှင်းလင်းထားတယ်။ ဒါဆို ရင် အစိုးရသတင်းစာတွေဟာ  ဘက်လိုက်တဲ့ သတင်းစာဖြစ်ပြီး ပြည်သူ့ပိုက်ဆံနဲ့ ပြည်သူကို ၀ါဒဖြန့်ချိတာပဲဆိုတာကို တွေ့နိုင်တယ်။ သ တင်းစာရဲ့ကျင့်ဝတ်ကတော့ သတင်းစာတွေ ဟာ ဘက်မလိုက်ရဘူးဆိုတာ ပါရှိတယ်။

ဒါပေမဲ့ ပါတီတစ်ခုက ထုတ်တဲ့ သတင်း စာဆိုရင်တော့ သူဟာ သူ့ပါတီကို ၀ါဒဖြန့်ချိ ဖို့သာဖြစ်ကြောင်း တိတိကျကျ သဘောပေါက် နိုင်ပါတယ်။ သို့သော် ပြည်သူ့ပိုက်ဆံနဲ့တော့ ဘက်လိုက်ကာ ၀ါဒဖြန်ချိမှုကိုတော့ ဆန့်ကျင် ကြတယ်။

(၄)

တကယ်တော့ ပုဂ္ဂလိကသတင်းစာ၊ ဂျာ နယ်များဟာ ဒီမိုကရေစီခရီးမှာ အင်မတန် အရေးကြီးတယ်။ ၂၀၂၀ ရွေးကောက်ပွဲလာ ပါတော့မယ်။ ဘယ်သူတွေ မဲဝင်ရွေးမလဲ။ ဘယ်သူတွေ မဲထည့်မလဲ။ ဘယ်သူတွေ မဲရုံ စောင့်မလဲ။ မဲရွေးခံရသူတွေက ပြည်သူတွေ တကယ်ရွေးတဲ့သူတွေလား။ သူတို့ကို ဘာလို့ မဲထည့်သလဲ။ သူတို့ဟာ မဲရွေးခံသင့်သူတွေ ဟုတ်ရဲ့လား။ သူတို့တတွေရဲ့ အကောင်းအ ဆိုးတွေကိုသိဖို့အတွက် သတင်းစာတွေကို အားကိုးရတယ်။ ဘယ်လိုသတင်းစာမျိုးကို အားကိုးမှာလဲ။ အစိုးရသတင်းစာတွေကို အားကိုးမှာလား။ ပုဂ္ဂလိကသတင်းစာတွေကို ပဲ၊ ဂျာ နယ်တွေကိုပဲ အားကိုးကြမှာဖြစ်တယ်။ အစိုးရသတင်းစာ (ဒီမိုကရေစီခေတ်တွင် မရှိ သင့်) ဟာ အစိုးရနဲ့ အာဏာရပါတီရဲ့ လှုပ်ရှား မှုတွေကိုပဲ ဦးစားပေးရေးသားမှာပဲ။ ပြည်သူ တွေ သိလိုတဲ့အသေးစိတ်အချက်တွေကို ရေး မှာမဟုတ်ဘူး။ ဥပမာ တပေါင်းလပြည့်နေ့ က သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို ဘွဲ့တံ ဆိပ်တော်တော် အပ်နှင်းတာတွေပါမယ်။ ဒီ နေရာမှာ လူပုဂ္ဂိုလ်ထဲက ဝတ်စုံအတွက် သိန်း ၂၀၀၀ ကျပ်ဖိုးမျှ သုံးစွဲတာကိုတွေ့ရတယ်။ ဘာကြောင့်လဲ။ အစိုးရ သတင်းစာများမှ သတင်းထောက်တွေဟာ  အစိုးရထုတ်ပြန်တဲ့ သတင်း (Press Release) ကိုသာ အားကိုးရေး သားဖော်ပြပေမယ်။ ပိုရေးခွင့်လည်း ရှိမှာမ ဟုတ်ဘူး။ သူရဲ့ Mind-set က မလုပ်မရှုပ် မပြုတ်ပါပဲ။ လုပ်တဲ့အခါ ဘောင်ထဲကနေ လုပ်ရပါတယ်။ သို့သော် ပုဂ္ဂလိကသတင်း ထောက်တွေက သတင်းအနံ့ခံမှာ၊ စောင့် ကြည့်မှာပဲ။ ပုဂ္ဂလိက သတင်းထောက်တွေ ဟာ အစိုးရက လုပ်တဲ့ အစည်းအဝေးဖြစ်စေ အစိုးရမဟုတ်တဲ့အဖွဲ့က ပြုလုပ်တဲ့ အစည်း အဝေးတွေကိုဖြစ်စေ ရောက်အောင်သွားကြ မှာပဲ။ ပုဂ္ဂလိက သတင်းစာတွေများလေလေ သတင်းထောက်တွေ များလေလေဖြစ်ပြီး နေ ရာတကာ မလွတ်တမ်း ဖော်ပြမှာဖြစ်တယ်။ ဒီအတွက် သူတို့အမြင်တွေကို ပြည်သူတွေက ကျယ်ပြန့်စွာသိနိုင်ပြီး ဝေဖန်ဆုံးဖြတ်လာ နိုင်မှာပါပဲ။ ဒါကို ဒီမိုကရေစီဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ပြည်သူတွေက အစိုးရတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို အစိုးရသ တင်းစာကတစ်ဆင့် မြင်တာ ကောင်းလား။ သို့တည်းမဟုတ် ပုဂ္ဂလိကအမြင်တွေနဲ့ ယှဉ် တွဲပြီး သုံးသပ်တာကောင်းသလား။ သတင်း စာ များလေလေ သတင်းထောက်တွေ များပြီး ရှုထောင်မျိုးစုံကို နားလည်မယ်။ လမ်းကြောင်း မှန်ကို ရွေးနိုင်မယ်။

(၅)

ဒီဂျစ်တယ်ကိုသွားကြပါ။ နောက်ပိုင်း မှာ ကြော်ငြာတွေဟာ ဒီဂျစ်တယ်မီဒီယာတွေ က ဝင်လာမယ်လို့ဆိုပေမဲ့ တကယ်တမ်း ဝင် ငွေရနေတာတွေက ဖေ့စ်ဘုတ်တို့၊ ဂူဂယ်တို့ပဲ ဖြစ်နေတယ်။ သတင်းမီဒီယာတွေဟာ သူတို့ တည်ထောင်ထားတဲ့ ဒီဂျစ်တယ်မီဒီယာတွေ ကနေ ဟုတ်တိပတ်တိ ကြော်ငြာတွေ မရကြပါ ဘူး။ အဓိကအားဖြင့် ပုဂ္ဂလိက ကုမ္ပဏီတွေ ဟာ မိမိကိုယ်တိုင် ဒီဂျစ်တယ်ကို သွားပြီး ကိုယ်တိုင်ကြော်ငြာနေတာကို တွေ့ နိုင်တာပဲ။ ပုံနှိပ်မီဒီယာမှာတော့ အစိုးရသတင်း စာကိုသာ အားကိုးအားထားပြုနေတာကို တွေ့နေရ တယ်။ မီဒီယာအနေနဲ့ ရပ်တည်နိုင်သေးတာ ကတော့ ရုပ်သံလိုင်းတချို့ဖြစ်တယ်။ ဒါပေမဲ့ တကယ်တမ်း ရုပ်သံလိုင်းတွေမှာ ဖျော်ဖြေမှု တွေနဲ့ လိုင်းတွေ ရောင်းတဲ့ဆီကနေသာ ပိုက် ဆံ ပိုရတာကိုတွေ့ရတယ်။ ဒါကြောင့် ရုပ်သံ လိုင်းတွေဟာ ရပ်တည်နိုင်ဖို့ အားကစား၊ ရုပ် ရှင်နဲ့ ဇာတ်လမ်းတွဲတွေပေါ် မှီခိုနေကြတာကို တွေ့ရပါတယ်။

ဂျာနယ်လစ်တွေဟာ သူတို့အလုပ်ကို သူတို့ လုပ်တဲ့အခါ ထက်ထက်မြက်မြက်ရှိကြ တယ်။ တော်တဲ့တတ်တဲ့ ဂျာနယ်လစ်တွေဟာ ပြည်သူတွေ ဘာကို သိချင်လဲဆိုတာကို ရှာ ပေးလို့ တတ်တယ်။ သူတို့ဟာ မဟုတ်မမှန် လုပ်တာတွေကို တွေ့ရင် ထိရောက်စွာ ရေးပြ တတ်ကြတယ်။ သူတို့ကို မမှန်ကန်သူတွေက ကြောက်တယ်။ အစိုးရအဖွဲ့တွေကလည်း သတိကြီးစွာ ထားပြီး အပြစ်တွေ့ရင် မညှာ မတာ တရားစွဲတာတွေ၊ ထောင်ချတာတွေ လုပ်တတ်တယ်။ ဒီမိုကရေစီအကူးအပြောင်း ပထမအဆင့်ပေါ့လေ။ ဦးသိန်းစိန်လက်ထက် မှာ ဂျာနယ်လစ်တွေဟာ အသတ်ခံရတာတွေ ရှိသလို၊ တရားစွဲထောင်ချတာတွေလည်းအ များကြီးပါပဲ။ ဒုတိယအဆင့် NLD အစိုးရ လက်ထက် ၂၀၁၅ နောက်ပိုင်းမှာလည်း ဂျာ နယ်လစ်တွေဟာ တရားစွဲထောင်ချခံရတာ  တွေ အများကြီးပါပဲ။ ဆိုလိုတာက ဂျာနယ် လစ်တွေဟာ သူတို့ရဲ့လုပ်ငန်းသဘာဝနဲ့ အ ရင်ခေတ်အုပ်ချုပ်ရေးပုံစံ ငြညျိနအ တွေရှိ တဲ့ အုပ်ချုပ်သူတွေရဲ့ အဖိနှိပ်ခံနေရတာကို မတွန်းလှန်နိုင်ကြသေးပါဘူး။

(၆)

နိဂုံးချုပ်ရရင်တော့

ဒီမိုကရေစီ၊ ဖက်ဒရယ်၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု စတာတွေအား လုံးကို မှန်မှန်ကန်ကန် လုပ်နိုင်ဖို့ ဂျာနယ် လစ်ကောင်းတွေ လိုပါတယ်။ ဂျာနယ်လစ်ဟာ ပြည်သူတွေကို Watchdog တွေအနေနဲ့ စောင့် ရှောက်ပေးနေပါတယ်။ ယနေ့ ရွေးကောက်ပွဲ အတွက် သူတို့ စောင့်ကြည့်နေတယ်။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကို ဖုံးကွယ်မှု ရှိမရှိ ဂျာနယ်လစ်တွေက ပြော ကြမှာပဲ။ မမှန်ကန်သတင်းထုတ်ပြန်တယ် ဆိုပြီး ဖမ်းဆီးတာတွေကိုလည်း မြင်ရမှာပဲ။ ဒီအတွက် ဂျာနယ်လစ်တွေဟာ ပြည်သူတွေ ကို ကယ်တင်တဲ့ သူရဲကောင်းတွေပါလို့ ဆိုချင် ပါတယ်။ ကိုယ်ကျိုးမရှာဘဲ တိုင်းပြည်အတွက် လုပ်ကိုင်ကြတဲ့ ဂျာနယ်လစ်မျိုးကို လေးစားကြဖို့ တင်ပြတာပါပဲ။

 


READ NEXT
Cancel OK