မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေသည် တိုင်းရင်းသားများအတွက် နစ်နာလွန်းသည် ဟုဆိုကာ တမူးခရိုင် မြို့သစ်မြို့နယ်အတွင်း ရှိ ကျေးရွာလေးရွာတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
“ကျွန်တော်တို့ တမူးခရိုင် မြို့သစ်မြို့နယ်ခွဲအတွင်းက ကျေးရွာတွေပေါ့။ လုပ်တာကတော့ နီးစပ်တဲ့ ကျေးရွာလေးရွာလောက်မှာ လုပ်တယ်။ ဖိုင်လင်းကျေးရွာ၊ စေတီကျေးရွာ၊ တုံးကျော်ကျေးရွာ၊ ကျွန်းပင်သာကျေးရွာတွေမှာ လေးနေရာခွဲပြီး လုပ်ခဲ့ပါတယ်။ ၂၀၁၈ မြေလွတ်မြေရိုင်းဥပဒေက ဥပဒေမှာ ပါရှိတာက ခြောက်လအတွင်း လျှောက်ရမယ်ဆိုတာပေါ့။ ဒေသခံတွေက သိတဲ့အချိန်မှာ လျှောက်ကြပေမဲ့ မရဘူး။ ရက်ကလည်း ပြည့်တော့မယ်ပေါ့။ ကျွန်တော်တို့ လူငယ်အဖွဲ့ကလည်း ကျေးရွာတွေကို သွားတယ်။ ခြောက်လအတွင်း လျှောက်ရမယ်၊ ရက်ပြည့်တော့မယ်ဆိုတော့ လျှောက်တာ မရကြဘူးလို့ ဒေသခံတွေက ပြန်ပြောတယ်။ ဒီဥပဒေကို လက် မခံဘူး။ ကျွန်တော်တို့ဘိုးဘွားပိုင်မြေတွေ ဟာ ထင်းခွေ ၊ တောထဲသွားတာကအစ ဆုံးရှုံးကြရတော့မယ်။ ဘယ်လိုလုပ်ကြမလဲဆိုတာ ကျွန်တော်တို့ လာတိုင်ပင်တယ်။ ဒီ ဥပဒေဟာ တိုင်းရင်းသားတွေအတွက် နစ်နာလွန်းတယ်။ ကျွန်တော်တို့ ပြင်ဆင်ပေးပါဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒဖော်ထုတ်ပေးတာ ဖြစ်ပါတယ်”ဟု ကူးကီးလူငယ်ကွန်ရက်မှ ကိုဆေးဂင်က ပြောကြားသည် ။
အဆိုပါဆန္ဒထုတ်ဖော်ပွဲကို မတ် ၁၁ ရက် နံနက် ၈ နာရီခန့်မှစတင်၍ ကျေးရွာလေးရွာတွင် ပြုလုပ်ခဲ့ပြီး ဆန္ဒထုတ်ဖော်ပွဲတွင် ‘ကူးကီးတိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းမရှိ၊ ၂၀၁၈ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေကို ပြင်ဆင်ပေးပါ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ အလိုမရှိ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေဟာ တိုင်းရင်းသားတွေကို မြေယာမဲ့ကျူးကျော်သူ ရာဇဝတ်သားများဖြစ်အောင်လုပ်တဲ့ ဥပဒေဖြစ်ပါတယ်၊ မြေသည် လူတိုင်းအတွက် ဖြစ်ရမည်၊ အကျိုးအမြတ်အတွက် မဟုတ်၊ ကူကီးလူမျိုးများ၏ ဓလေ့ထုံးတမ်း မြေယာပိုင်ဆိုင်မှုအစဉ်အလာများကို ပပျောက်အောင် လုပ်ဆောင်နေမှုများ ချက်ချင်းရပ်’ စသည့် စာသားများရေးသားထားသော ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည် ။
“ဒီဥပဒေအတွင်းက ဘယ်အပိုင်းကိုဆိုတာ ပညာရှင်တွေမဟုတ်တော့မသိဘူး။ ပညာရှင်တွေ ပြောတဲ့အခါကျတော့ မြေလွတ်မြေရိုင်းက ဧက ၄၅ သန်းရှိတယ်။ အဲဒီအထဲမှာ တိုင်းရင်းသားဒေသတွေမှာက ၈၂ ရာခိုင်နှုန်း ရှိတယ်။ ဒီဟာက ကျွန်တော်တို့ဘိုးဘွားပိုင်မြေတွေ။ တချို့အစိုးရဌာနက လာပြောတယ်။ မင်းတို့ ဂရန်မရှိဘူးဆိုရင် မြေလွတ်မြေရိုင်းပဲ။ တချို့ကျေးရွာအိမ်ဝင်းတွေတောင် ဂရန်ဆိုတာ မရှိဘူးလေ။ ဒါဆိုရင် သူတို့ က ကျူးကျော်ဆိုပြီး နေရတော့မယ်။ ဒါဆို မင်းတို့လျှောက်ရမယ်ဆိုတော့ ဒါကိုကြောက်ပြီးသွားလျှောက် ကြတယ်။ ဒါပေမဲ့မရဘူး။ အဓိက ကျေးရွာ တွေနားလည်တာက အဓိကက ဥပဒေပဲ။ ဥပဒေ ဘယ်အပိုင်း ဘယ်အပိုင်းဆိုတာက နားမလည်ဘူး။ ဒါပေမဲ့ ဒီဥပဒေက တိုင်းရင်းသားတွေအတွက် နစ်နာတယ်။ ဘိုးဘွားပိုင် လှုပ်ရှားနေတဲ့ တောတောင်တွေက အရင်ကတည်းက နေထိုင်လာတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ မစွန့်လွှတ်နိုင်ဘူး။ အဲလိုမျိုး။ ကျေးလက်ဒေသကလူတွေက ဥပဒေဘယ်အပိုင်း ဘယ်လိုဆိုတာတော့ နားမလည်ပါဘူး” ဟု ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ခဲ့သူ ဦးဆေးဂင်က ပြောကြားသည်။
-
အာဖရိကအကောင်းဆုံးဘောလုံးသမားဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၆ တွင် မော်ရိုကိုနိုင်ငံ၌ ကျင်းပမည်
-
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရွေးကောက်ပွဲကို နာမည်ကြီးတိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒို ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်
-
ဆော်ဒီပရိုလိဂ်တွင် မပျော်ရွှင်သဖြင့် အသင်းပြန်ပြောင်းရန် နေမာ ကြိုးစားနေသည်ဆိုခြင်းကို အေးဂျင့်ဖြစ်သူ ငြင်းဆန်ပယ်ချ
-
ရုရှားလက်ရွေးစင်အသင်းနှင့် ကလပ်အသင်းများကို ဆက်လက်ပိတ်ပင်ထားရန် FIFA နှင့် UEFA တို့ဆုံးဖြတ်ခဲ့ခြင်းကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရုရှားမပါဝင်
-
မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေးရပ်ကွက် အထပ်မြင့်တိုက် လှေကားခွင်တွင် ကိုယ်ဝန်ဆောင် မိန်းကလေးကို သတ်ခဲ့သူအား နေ့တွင်းချင်း ဖမ်းဆီးရမိ