တော်ဝင်မိသားစုကို သရော်လှော်ပြောင်သည့် ဆောင်းပါးနှစ်ပုဒ်ကို မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြခဲ့သဖြင့် ထောင်ဒဏ် ခုနစ် ကျခံခဲ့ရသူ Somyot Prueksakasemsuk သည် တော်ဝင်ဘုရင်နှင့် အစိုးရကို ဆန့်ကျင်နေကြသော ထိုင်းတက္ကသိုလ်ကျောင်းသားများအတွက် လေးစားဂုဏ်ပြုခြင်းခံနေရသည်။
အစိုးရဆန့်ကျင်ရေးကို တက်ကြွစွာ ဆောင်ရွက်နေကြသော တက္ကသိုလ်ကျောင်းသားများသည် နေ့စဉ်နှင့်အမျှ ဆန္ဒပြနေကြ သည်မှာ နှစ်လခန့် ရှိခဲ့ပြီဖြစ်သည်။ သူတို့တတွေသည် တို့ထိ၍မရသော ဖြိုဖျက်၍ မရသော တော်ဝင်ဘုရင် မိသားစု၏ အခန်း ကဏ္ဍနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဝေဖန်မှုများ၊ ဆွေးနွေးမှုများ ပြုလုပ်လာခဲ့ကြသည်။ ထိုင်းနိုင်ငံတွင် တော်ဝင်ဘုရင် မိ သားစုကို ဝေဖန်သည်နှင့် တစ်ပြိုင်နက် အသရေဖျက်မှုဖြင့် အရေးယူမှုများကို ခံရသည်။
တက္ကသိုလ်ကျောင်းသားများသည် ဘုရင်ကို စော်ကားသည့် ဆောင်းပါးများ ထည့်သွင်းမှုကြောင့် ၂၀၁၁ ဧပြီလက Somyat ဖမ်းဆီးခဲ့ရပြီး ၂၀၁၈ ဧပြီ ၃၀ ရက် တွင် ပြန်လွတ်မြောက်လာခဲ့သည်။ ပြန်လည် လွတ်မြောက်လာခဲ့သော Somyat ကို တက္က သိုလ်ကျောင်းသားများက မိမိတို့ လှုပ်ရှားမှုတွင် ပါဝင်ရန် ကမ်းလှမ်းခဲ့သည်။ အစိုးရက ပြင်းပြင်းထန်ထန် ဖြိုခွဲမှုများ ပြုလုပ်နေခြင်းကြောင့် Somyat အနေဖြင့် ပါဝင်ရန် တွန့် ဆုတ်မှုများ ရှိနေကောင်းရှိနေသော်လည်း မိမိတို့ တိုက်ပွဲတွင် ပါဝင်လာရန် မျှော်လင့် နေကြသည်။
“တိုက်ပွဲက မပြီးသေးပါဘူး” ဟု အ သက် ၅၈ နှစ်အရွယ်ရှိ Somyat က ပြော ကြားလိုက်သည်။ မိမိအနေဖြင့် မပြီးဆုံးသေး သော တိုက်ပွဲကို ဆက်လက်တိုက်ပွဲဝင်နေ သော ကျောင်းသားများအတွက် ဂုဏ်ယူမိ ကြောင်း၊ မျိုးဆက်သစ်များသည် အရှိတရား ကို ရှာဖွေနေကြကြောင်း လက်ရှိစနစ် အောက်တွင် မျှော်လင့်ချက် ဘာမှ မရှိ ကြောင်း သူက ပြောကြားလိုက်သည်။
ဆန္ဒပြတက္ကသိုလ်ကျောင်းသားများ၏ တောင်းဆိုချက်များတွင် ပုဒ်မ ၁၂၂ ဖျက် သိမ်းရေးပါဝင်သည်။ ယင်းဥပဒေက တော် ဝင်ဘုရင်နှင့် မိသားစုကို ဝေဖန်ရေးသား ပြောဆိုမှု မှန်သမျှသည် အသရေဖျက်မှု မြောက်သည့် ဥပဒေဖြစ်သည်။ မည်သူမဆို ပြစ်မှုကျူးလွန်ပါက ထောင်ဒဏ်အများဆုံး ၁၅ နှစ်အထိ ကျခံရမည်ဖြစ်သည်။
တက္ကသိုလ်ကျောင်းသားများ တောင်း ဆိုသည့်အချက်ထဲတွင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ရာထူးမှ နုတ်ထွက်ရေး လည်း ပါဝင်သည်။ အရပ်သားအစိုးရကို ဖြုတ်ချသော ၂၀၁၄ အာဏာသိမ်းယူမှုတွင် ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ပရာ ယွတ်က ကြိုးကိုင်စီစဉ်ခဲ့ခြင်းဖြစ်သည်။ သူက အခြေခံဥပဒေသစ်ရေးဆွဲခဲ့ပြီး ၂၀၁၉ မတ် ၂၄ ရက်က ကျင်းပခဲ့သော ရွေးကောက် ပွဲတွင် အနိုင်ရယူခဲ့သည်။ ဤရွေးကောက်ပွဲသည် ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ကျင်းပခဲ့သည်ဆိုသော်လည်း ယင်း ဥပဒေကို စစ်တပ်က အာဏာသိမ်းယူထား စဉ်ကာလ ၂၀၁၇ ခုနှစ်တွင် ရေးဆွဲခဲ့ခြင်း ဖြစ်သဖြင့် ပရာယွတ်အတွက် အခွင့်အရေး များစွာ ရရှိခဲ့သည်။
“ပရာယွတ်က ဥပဒေတွေ အားလုံး ရေး ဆွဲခဲ့တယ်။ အဲဒါကို ဒီမိုကရေစီလို့ ပြောနေတယ်” ဟု အစိုးရ ဆန့်ကျင်ရေးတိုက်ပွဲတွင် ပါဝင်နေသူ ပိုင်က ပြောကြားသည်။ သူ့ အမည်ရင်းက ဂျာတူပတ်ဘွန်းပက်တာရာ ရက်ဆာဖြစ်သည်။ ပိုင်က ပုဒ်မ ၁၂၂ သည် အလွန်ဆိုးရွားကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။ သူသည် ထိုင်းဘုရင်ကို ဝေဖန်ထား သည့် ဘီဘီစီမှ ဆောင်းပါးတစ်ပုဒ်ကို သူ့ Facebook မှနေ Share မိခဲ့သဖြင့် ၂၀၁၆ ခုနှစ်တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် နှစ်နှစ် ကျခံခဲ့ရသည်။ ဘုရင်က လွတ်ငြိမ်းချမ်းသာ ခွင့်ပြုသဖြင့် ၂၀၁၉ ခုနှစ်တွင် ပြန်လည်လွတ် မြောက်လာခဲ့သည်။
“ယနေ့ခေတ် လူငယ်မျိုးဆက်တွေ ကတော့ ကျွန်တော်တို့တတွေ ဟိုတုန်းက မလုပ်ဝံ့တာတွေ ရဲရဲတင်းတင်း လုပ်ဆောင် နေကြပါတယ်” ဟု အသက် ၂၉ နှစ်ရှိ ပိုင်က ထုတ်ဖော်ပြောကြားလိုက်သည်။
ယနေ့တွင် ပိုင်သည် ဆန္ဒပြတက္ကသိုလ် ကျောင်းသားများနှင့်တူ ဆန္ဒပြပွဲတွင် ပါဝင် လျက်ရှိသည်။ ထိုင်းတက္ကသိုလ်ကျောင်းသား များသည် ဟောင်ကောင်တွင် ဖြစ်ပွားနေ သော ခေါင်းဆောင်မဲ့ ဆန္ဒပြပွဲများကို အား ကျပြီး ထိုင်းနိုင်ငံတွင်လည်း ဆန္ဒပြပွဲများကို ယုံကြည်ချက်ချင်း တူသူများ စုစည်းကာ အ စိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ပြုလုပ် နေကြခြင်းဖြစ်ကြသည်။
၂၀၁၄ ခုနှစ် အာဏာသိမ်းပွဲ မပြုလုပ်မီ က ထိုင်းတော်ဝင်ဘုရင်မိသားစုကို ဆန့်ကျင် သူများအား အသရေဖျက်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံရသူ ခြောက်ဦးရှိကြောင်း ဥပဒေ အထောက်အကူပြုရေးအဖွဲ့များက ပြော ကြားခဲ့သည်။
Somyat သည် ထိုစဉ်က ထုတ်ဝေနေသည့် Voice of Thaksin မဂ္ဂဇင်းတွင် အယ် ဒီတာ လုပ်နေစဉ် ဘုရင်ကို စော်ကားသည့် ဆောင်းပါးထည့်သွင်းခဲ့ခြင်းဖြစ်သကဲ့သို့ သူ သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင် အာဏာ ရခဲ့စဉ်က ‘ရှပ်နီ’ လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ထောင်မှ လွတ်မြောက်ခဲ့ချိန်က ထိုင်းစစ်တပ် အာဏာရယူထားသဖြင့် စိတ်ပျက်ရကြောင်း Somyat က ပြောကြားခဲ့သည်။
“ကျွန်တော် နေထိုင်ရတဲ့ လူအဖွဲ့အစည်းဟာ လွတ်လပ်မှု ဘာမှ မရှိဘူး” ဟု Somyat က ပြောကြားခဲ့သည်။
စစ်တပ်အုပ်ချုပ်မှု ငါးနှစ်တာကာလ လွန်မြောက်ခဲ့ပြီ။ပရာယွတ်သည်ရွေးကောက် ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဝန်ကြီးချုပ် ဖြစ်လာပြီ။ အရပ်သားအုပ်ချုပ်မှုကို စတင် နိုင်ခဲ့ပြီ။ သို့သော် ထိုင်းနိုင်ငံရေးစနစ်သည် ဘာမှ မပြောင်းလဲဘဲ ရှိနေသည်။ တော်ဝင် ဘုရင်မိသားစုကို ဝေဖန်ခွင့်လည်းမရဘဲဖြစ် နေသည်။
အစိုးရဆန့်ကျင်ရေး၊ ဘုရင်စနစ်တိုက် ဖျက်ရေးတောင်းဆိုနေသော ကျောင်းသား များသည် ဖိနှိပ်မှုများနှင့် ရင်ဆိုင်နေရသည်။ သူတို့ ထောင်ဒဏ်ခုနစ်နှစ် ကျခံကြရသည်။ ထို့ပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု တားဆီးနှိမ်နင်းရေးဆိုင်ရာ ဥပဒေ စည်း ကမ်းများ ချိုးဖောက်မှုဖြင့် အရေးယူမှု ခံနေ ကြရသည်။ အချို့သော ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များသည် ဆန္ဒပြ ပွဲတွင် ပါဝင်မှုဖြင့် ပြစ်မှုတစ်ခုထက်ပို၍ စွဲ ချက်တင် ဖမ်းဆီးခံနေရသည်။
“လက်ရှိ အခြေအနေက အရမ်းအန္တ ရာယ်ကြီးနေပါတယ်” ဟု ပြဇာတ်ရေးဆရာ ဟောင်းဖြစ်သူ ပရွန်တစ်မန်ဟောင်းက ပြော ကြားခဲ့သည်။ သူမလည်း တော်ဝင်ဘုရင်ကို ဝေဖန်မှုကြောင့် အသရေဖျက်မှုဖြင့် ထောင် ဒဏ် နှစ်နှစ်ကျခံခဲ့ဖူးသူဖြစ်သည်။
သူမက ထောင်ထဲ၌ ဖြတ်သန်းခဲ့ရသည့် ဘဝနှင့် ပတ်သက်၍ All They Could Do to Us: Courage in Dark Times from a Fighter အမည်ဖြင့် စာအုပ် တစ်အုပ်ကို ၂၀၁၉ ခုနှစ်တွင် ရေးသားခဲ့သည်။ “နိုင်ငံရေးတိုက်ပွဲဆိုတာ လက်ဝှေ့ထိုးတာနဲ့ တူ တယ်။ ဒါပေမဲ့ နိုင်ငံရေး လက်ဝှေ့ကြိုးဝိုင်း က အစိုးရ ပိုင်တယ်။ ဥပဒေတွေကလည်း သူတို့ ရေးထားတဲ့ ဥပဒေတွေ၊ ဒိုင်ကလည်း သူတို့လူတွေ အဲဒါကို အသင့်ပြင်ထားရမယ်” ဟု စာအုပ်ထဲတွင် ရေးသားထားသည်။
လက်ရှိအချိန်တွင် ပရွန်တစ်သည် ဥရောပတွင် ပညာသင်ကြားလျက်ရှိပြီး ကျောင်းသားလှုပ်ရှားမှုကို အွန်လိုင်းမှနေ၍ ထောက်ခံအားပေးလျက်ရှိသည်။ ကျောင်း သားခေါင်းဆောင်များအတွက် များစွာစိုးရိမ်မှုရှိနေကြောင်း ပရွန်တစ်က ပြောကြားခဲ့ သည်။
“ကျွန်မ သူတို့ရွေးချယ်မှုကို လေးစား ပါတယ်။ ထိုင်းမှာ ရှိနေတဲ့ ဘုရင်စနစ်ကို တိုက်ဖျက်ဖို့ ကြိုးစားတယ်ဆိုရင် အဆိုးဆုံး အနေအထားကို အသင့်ပြင်ထားဖို့ လိုပါ တယ်” ဟု ပရွန်တစ်က သတိပေးလိုက်သည်။
၂၀၁၄ တွင် စစ်တပ်မှ အာဏာသိမ်းပြီး နောက် ဒီမိုကရေစီရေးလှုပ်ရှားသူအချို့ ပျောက်သွားကြသည်။ကိုးဦး ပြည်ပကို ထွက် ပြေးသွားသည်။
ဝန်ကြီးချုပ် ပရာယွတ်က ဆန္ဒပြသမား များ ယခုထက်ပို၍ လှုပ်ရှားလာပါက အခြေ အနေ ပိုဆိုးမည်ဟု ပြောကြားလိုက်သည်။ သူ၏ခြိမ်းခြောက်မှုများကို ကျောင်းသား များက ဂရုမစိုက်ကြ။ ပြည်သူလူထုက နိုး ကြားလာကြပြီ။ ပြောင်းလဲဖို့ အချိန်တန် ပြီဆိုသည်ကို သဘောပေါက်နေကြပြီဟု ပိုင် က ပြောကြားလိုက်သည်။
-
ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
-
■ နည်းပြဘဝအတွက် အူန်ယွန်းဘာလင်ကို ရွေးချယ်ခဲ့ခြင်းဟု ဘိုနူချီ ဆို
-
■ ရီးယဲလ်နှင့် ကာမာဗင်ဂါ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်
-
■ မာဆေးလ်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဝယ်ယူနိုင်ခဲ့ပါက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထား
-
■ လီဗာပူးလ်အသင်း၏ ရှယ်ယာအချို့ကို အသင်းပိုင်ရှင်များဖြစ်သည့် FSG က အမေရိကန်လုပ်ငန်းစု Dynasty Equity သို့ ရောင်းထုတ်