(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို စက်တင်ဘာ (၂၈)ရက်က ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းကို (၃)ဂိုးပြတ်အရေးနိမ့်ပြီး အုပ်စုအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။
မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းသည် နောက်တစ်ဆင့်တက်ရေး အဆုံးအဖြတ်ပွဲ ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး ဖိလစ်ပိုင်အသင်းက ဂိုးပြတ်အနိုင်ရကာ အကောင်းဆုံးအုပ်စုဒုတိယဖြင့် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။
အာရှအားကစားပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့်အပြင် အမာခံကစားသမားအချို့ ဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင်ဘဲ လူငယ်ကစားသမားအများစုဖြင့် ယှဉ်ပြိုင်သည့် မြန်မာအမျိုးသမီးအသင်းသည် အုပ်စု (၃)ပွဲတွင် နိုင်ပွဲတစ်ပွဲသာရပြီး အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ယုကီသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး မျိုးမြမြငြိမ်း (ဂိုး)၊ မေသက်မွန်မြင့်၊ မိုးမမစိုး၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ ခင်မိုမိုထွန်း၊ အိအိကျော်၊ ယွန်းဝတီလှိုင်၊ ဂျူလိုင်ကျော်၊ ဝင်းသိင်္ဂီထွန်းတို့ဖြင့် ပွဲထွက်ခဲ့သည်။
မြန်မာအသင်းသည် ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဖိလစ်ပိုင်အသင်းက ပိုမိုဖိအားပေးနိုင်ခဲ့ပြီး အနိုင် (၃)မှတ်အပြင် နောက်တစ်ဆင့် တက်ရောက်နိုင်မည့်ဂိုးရလဒ်ပါ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်အသင်းအတွက် အနိုင်ဂိုးများကို (၁၉)မိနစ်တွင် ဘိုဒန်၊ (၆၀၊ ၆၃) မိနစ်တွင် ဆာရာတို့က သွင်းယူခဲ့သည်။
အုပ်စုပွဲများအပြီးတွင် အုပ်စု (A)မှ အိမ်ရှင်တရုတ်၊ အုပ်စု (B)မှ တရုတ်တိုင်ပေ၊ အုပ်စု (C)မှ မြောက်ကိုရီးယား၊ အုပ်စု (D)မှ ဂျပန်နှင့် အုပ်စု (E)မှ တောင်ကိုရီးယားတို့ နောက်တစ်ဆင့်တက်ရောက်ခဲ့ပြီး အကောင်းဆုံးအုပ်စုဒုတိယနေရာအတွက် တွက်ချက်ရာတွင် အုပ်စု (E) မှ ဖိလစ်ပိုင်၊ အုပ်စု (B) မှ ထိုင်း၊ အုပ်စု (A) မှ ဥဇဘက်ကစ္စတန်အသင်းတို့ ကွာတားဖိုင်နယ်တက်ရောက်ခဲ့သည်။
ကွာတားဖိုင်နယ်တွင် တရုတ် နှင့် ထိုင်း၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား၊ တရုတ်တိုင်ပေနှင့် ဥဇဘက်ကစ္စတန်၊ ဂျပန်နှင့် ဖိလစ်ပိုင်အသင်းတို့ တွေ့ဆုံလျက်ရှိသည်။
-
ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
-
■ နည်းပြဘဝအတွက် အူန်ယွန်းဘာလင်ကို ရွေးချယ်ခဲ့ခြင်းဟု ဘိုနူချီ ဆို
-
■ ရီးယဲလ်နှင့် ကာမာဗင်ဂါ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်
-
■ မာဆေးလ်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဝယ်ယူနိုင်ခဲ့ပါက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထား
-
■ လီဗာပူးလ်အသင်း၏ ရှယ်ယာအချို့ကို အသင်းပိုင်ရှင်များဖြစ်သည့် FSG က အမေရိကန်လုပ်ငန်းစု Dynasty Equity သို့ ရောင်းထုတ်