အာဏာရှင် အိုမာအယ်ဘာရှား ရာထူးမှဖြုတ်ခံရပြီးနောက် စီးပွားရေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရသော ဆူဒန်နိုင်ငံကို အကူအညီပေးရန်ကြိုးပမ်းမှုအဖြစ် ဒေါ်လာ ၁.၈ ဘီလျံထောက်ပံ့သွားမည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများက ဇွန် ၂၅ ရက်တွင် ကျင်းပသော ညီလာခံ၌ ကတိပြုခဲ့ကြသည်။
ဇွန် ၂၅ ရက် ညီလာခံသည် နိုင်ငံ ပြန် လည်တည်ဆောက်ရေးအတွက် ဆူဒန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ကဏ္ဍ သစ်တစ်ရပ် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ဆူဒန်၊ ဂျာမနီ၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂတို့ ပူးတွဲကြီးမှူးကျင်းပသော ဗီဒီယိုဖြင့်ဆက် သွယ်ဆွေးနွေးသည့် ညီလာခံအတွင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟီကိုမာစ်က ပြောကြားခဲ့သည်။
အဆိုပါညီလာခံကို မကြုံစဖူးထူးခြားမှု အဖြစ် ဆူဒန်ဝန်ကြီးချုပ် အဗ္ဗဒါလာဟမ်ဒေါ့ က ခေါ်ဆိုခဲ့ပြီး နိုင်ငံ ရှေ့ဆက်လျှောက်လှမ်း ရန်အတွက် ခိုင်မာသောအခြေခံအုတ်မြစ်ကို ချပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆူဒန်ထံသို့ ထောက်ပံ့ကြေး ဒေါ်လာ သန်း ၄၀၀ ပေးအပ်သွားမည်ဟု ကမ္ဘာ့ဘဏ် က ကမ်းလှမ်းထားချိန်တွင် နိုင်ငံပေါင်း ၅၀ နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့က ထောက်ပံ့ငွေစုစုပေါင်း ဒေါ်လာ ၁.၈ ဘီလျံ ပေးအပ်မည်ဟု ကတိပြုခဲ့ကြသည်။
နိုင်ငံအား နှစ် ၃၀ ကြာအုပ်ချုပ်ခဲ့သော သမ္မတဟောင်း ဘာရှားကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ လပေါင်းများစွာကြာဖြစ်ပွားခဲ့ ပြီးနောက် ၂၀၁၉ ခုနှစ်ဧပြီတွင် ဆူဒန်စစ်တပ် က ဘာရှားကို ဖြုတ်ချခဲ့သည်။ ဘာရှား ဖြုတ် ချခံရပြီးချိန်မှစ၍ ဆူဒန်နိုင်ငံသည် စီးပွား ရေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရသည်။
နိုင်ငံတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာနေပြီး လက်ရှိတွင် ဆေးဝါး ပြတ်လပ်မှုများနှင့်ကြုံတွေ့နေရသည်။
ဆေးဝါးဖော်စပ်ရောင်းချသူများသည် ပြီးခဲ့သည့်သီတင်းပတ်တွင် မြို့တော်ခါတွန်၌ ေ<ကးကြော်စာများရေးသားထားသော ပိုစတာများကို ကိုင်ဆောင်လျက် ဆန္ဒပြခဲ့ကြ ပြီး နိုင်ငံတွင်းသို့ ဆေးဝါးများ တင်သွင်းနိုင် ရန်အတွက် ရန်ပုံငွေသုံးစွဲရန် ဝန်ကြီးချုပ် ဟမ်ဒေါ့ကို တိုက်တွန်းခဲ့ကြသည်။
ဇွန် ၂၅ ရက်ညီလာခံတွင် ကတိပြုခဲ့ သော ထောက်ပံ့ငွေအများစုကို ဆူဒန်နိုင်ငံ ၏ မိသားစုထောက်ပံ့ရေးအစီအစဉ် အပါအ ဝင် စီးပွားရေးတိုးတက်စေရန် ပဏာမ အဆင့်ကြိုးပမ်းမှုများတွင် သုံးစွဲလိမ့်မည်ဖြစ် သည်။ မိသားစုထောက်ပံ့ရေးအစီအစဉ်မှာ ဆင်းရဲချို့တဲ့သော ပြည်သူသန်းပေါင်းများ စွာကို အထောက်အပံ့များပေးအပ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်သော အစီအစဉ်ဖြစ် သည်။
နိုင်ငံတကာအဖွဲ့အစည်းများ၏တိုက် ရိုက်ထောက်ပံ့ကူညီမှုသည် COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရန် ဆူဒန်၏ ကြိုးပမ်းမှုများကို တိုးမြှင့်ပေးလိမ့်မည်ဟု မျှော်လင့်ရသည်။
ဆူဒန်ထံပေးအပ်မည့် ထောက်ပံ့ငွေ စုစုပေါင်း ၁.၈ ဘီလျံထဲတွင် အမေရိကန်၏ ထောက်ပံ့ငွေသည် ဒေါ်လာ ၃၅၆ သန်းရှိ သည်။ ဂျာမနီက ယူရိုသန်း ၁၅၀ (ဒေါ်လာ ၁၆၈ သန်း)၊ ပြင်သစ်က ယူရိုသန်း ၁၀၀ ထောက်ပံ့မည်ဖြစ်သည်။
ဆူဒန်နိုင်ငံအား အကြမ်းဖက်ဝါဒကို ထောက်ပံ့သော နိုင်ငံအဖြစ် အမည်ပျက် စာရင်းသွင်းထားမှုကို ပယ်ဖျက်ပေးစေလို သည့် ဆူဒန်၏မျှော်လင့်ချက်များနှင့်စပ် လျဉ်း၍ လာမည့်သီတင်းပတ်များအတွင်း ထွက်ရှိလာမည့် ဆုံးဖြတ်ချက်အတွက် အမေရိကန်က ဇွန် ၂၄ ရက်တွင် အကောင်း မြင်မှတ်ချက်ပေးခဲ့သည်။
အစ္စလာမ္မစ်ဝါဒသို့ အာဏာရှင်ဘာရှား က ဦးလှည့်ခဲ့သည့် ၁၉၉၃ ခုနှစ်တွင် အမေရိ ကန်က ဆူဒန်နိုင်ငံကို အမည်ပျက်စာရင်း သွင်းခဲ့ခြင်းဖြစ်သည်။
ကင်ညာနိုင်ငံနှင့် တန်ဇန်းနီးယားနိုင်ငံ ရှိ အမေရိကန်သံရုံးများကို ၁၉၉၈ ခုနှစ်တွင် ဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သူ များအား လျော်ကြေးပေးအပ်မည့် သဘော တူညီချက်ကို အစိုးရအဖွဲ့က အပြီးသတ် ဆောင်ရွက်နေကြောင်း၊ ထိုသဘောတူညီ ချက် အပြီးသတ်နိုင်ချိန်တွင် ဆူဒန်နိုင်ငံအား အမည်ပျက်စာရင်းသွင်းထားမှုကို အမေရိ ကန်က ပယ်ဖျက်ပေးလိမ့်မည်ဟု မျှော်လင့် ကြောင်း ဆူဒန်နိုင်ငံခြားရေးဝန်ကြီး အာစ်မာအဗ္ဗဒူလာက ပြောကြားခဲ့သည်။
ဆူဒန်နိုင်ငံ၏စီးပွားရေးသည် ၂၀၁၉ ခုနှစ်တွင် ၂.၅ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပြီး ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် စီးပွားရေး ၈ ရာခိုင်နှုန်းကျုံ့နိုင်ဖွယ်ရှိသည် ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေ အဖွဲ့က ဆိုသည်။
ဆူဒန် ရင်ဆိုင်နေရသည့် အခြားသော စိန်ခေါ်မှုများထဲတွင် ငွေကြေးဖောင်းပွမှု တစ်ရှိန်ထိုးမြင့်တက်လာမှု၊ ကြွေးမြီမြင့်တက်လာမှုနှင့် နိုင်ငံခြားငွေကြေးအလွန်အမင်း ပြတ်လပ်မှုတို့ ပါဝင်သည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်