Top News

ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှု၊ ကုသမှုနှင့်ကာကွယ်ဆေးတို့အတွက် လာမည့်နှစ်တွင် ဒေါ်လာ ဘီလျံ ၃၀ လိုအပ်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြောကြား
24htopnews | October 23, 2024 8:12 AM CST

ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှု၊ ကုသမှုနှင့်ကာကွယ်ဆေးတို့ကို အရှိန်မြှင့်မည့် ကြိုးပမ်းမှုအတွက် လာမည့်နှစ်တွင် ဒေါ်လာ ဘီလျံ ၃၀ လိုအပ်မည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ဇွန် ၂၆ တွင် ပြောကြားခဲ့ သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို အနိုင်ယူ ရန်အတွက် အပြည်ပြည်ဆိုင်ရာမှ ရင်းမြစ်များကို စုဆောင်းရန် ရည်ရွယ်၍ ဧပြီတွင် စတင်လှုံ့ ဆော်ခဲ့သော ACT Accelerator အစီအစဉ်ကို အသေးစိတ်ပြောကြားခဲ့သည့် WHO က ရန်ပုံငွေဒေါ်လာ ၃၁.၁ ဘီလျံလို အပ်ကြောင်း ပြောကြားခဲ့သည်။

ယခုချိန်ထိ ဒေါ်လာ ၃.၄ ဘီလျံအ တွက် ကတိပြုမှုကို ရရှိထားပြီး လာမည့် ၁၂ လအတွင်း ဒေါ်လာ ၂၇.၉ ဘီလျံ ထပ်မံရရှိရန် လိုအပ်ကြောင်း၊ ထိုအထဲမှ ဒေါ်လာ ၁၄ ဘီ လျံသည် အရေးပေါ်လိုအပ်ချက်များအ တွက် သုံးစွဲရမည်ဖြစ်ကြောင်း WHO က ပြောကြားခဲ့သည်။

ရန်ပုံငွေ စုဆောင်းမှုကို ယခုအချိန် မဆောင်ရွက်ပါက စီးပွားရေးထိခိုက်နစ်နာမှုနှင့် လူသားနှင့်သက်ဆိုင်သည့် ဆုံးရှုံးမှုများ ပို၍ကြီးမားမည်ဖြစ်ကြောင်း ACT Accelerator အစီအစဉ်၏အထူးကိုယ်စားလှယ် အန်ဂိုဇီအိုကွန်ဂျို အီဝေအာလာက အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီကိန်းဂဏန်းတွေက ကြီးမား‌နေနိုင် ပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်က စဉ်းစား ကြည့်ရင်တော့ ဒီကိန်းဂဏန်းတွေဟာ မကြီး မားတော့ပါဘူး။ ကျွန်မတို့ အခု ဘီလျံနဲ့ချီသုံး စွဲလိုက်ရင် နောင်မှာ ထရီလျံနဲ့ချီ သုံးစွဲရတာ ကို ရှောင်ရှားနိုင်ပါလိမ့်မယ်” ဟု နိုင်ဂျီးရီးယား ဘဏ္ဍာရေးဝန်ကြီးဟောင်း အန်ဂိုဇီအို ကွန်ဂျိုအီဝေအာလာက ပြောကြားခဲ့သည်။

အကောင်အ ထည်ဖော်ဆောင်ရွက်နေ သောဘေးကင်းစိတ်ချရပြီး ထိရောက်သည့် ကာကွယ်ဆေးနှင့်ကုထုံးများကို လူသားအား လုံး ညီတူမျှတူရှိရန်လိုအပ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

တရုတ်တွင် ယမန်နှစ်က အစပြုပေါ် ထွက်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ တစ်ဝန်း လူ ၄၉၀၀၀၀ သေဆုံးခဲ့ပြီး လူ ၉.၆ သန်းကူးစက်ခံထားရကြောင်း အေအက်ဖ်ပီက ပြုစုထားသော စာရင်းထွက်ပေါ်လာချိန် တွင် WHO ၏မှတ်ချက်ပေါ်ထွက်လာခြင်း ဖြစ်သည်။

“ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို  ထိန်း ချုပ်ဖို့၊ လူ့အသက်တွေကို ကယ်တင်ဖို့ဆိုရင် ထိရောက်တဲ့  ကာကွယ်ဆေး‌တွေ၊ ကုထုံးတွေ ကို မကြုံစဖူး ပမာဏ၊ မကြုံစဖူး အလျင်နှုန်း နဲ့ လိုအပ်တယ်ဆိုတာ ရှင်းလင်းသေချာပါ တယ်” ဟု WHO ၏ ဥက္ကဋ္ဌ တေဒရိုအာဒါ နွန်ဂီဘရီယေဆုက ပြောကြားခဲ့သည်။

ဝင်ငွေနိမ့်နှင့် အလယ်အလတ်နိုင်ငံ များကို ၂၀၂၁ ခုနှစ် နှစ်လယ်တွင် စမ်းသပ် ကိရိယာသန်း ၅၀၀ နှင့် ကုသမှုဆိုင်ရာပစ္စည်း ၂၄၅ သန်း ပေးနိုင်ရန်အတွက် စုဆောင်း ထားသော ရန်ပုံငွေများက ဖြည့်ဆည်းပေး မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

WHO သည် လာမည့်နှစ်ကုန်မတိုင်မီ ကာကွယ်ဆေးအလုံး နှစ်ဘီလျံကို ဖြန့်ဖြူး ပေးနိုင်ရန်လည်း ရည်မှန်းထားသည်။

လောလောဆယ်တွင် ကမ္ဘာတစ်ဝန်း၌ ကာကွယ်ဆေး အမျိုး ၂၂၀ ခန့်ကို စမ်းသပ် နေကြပြီး ၁၅ မျိုးခန့်သည် လက်တွေ့စမ်း သပ်မှု အဆင့်သို့ ရောက်ရှိနေသည်။ ထိုအ ထဲမှ ကာကွယ်ဆေးငါးမျိုးခန့်သည် အောင် မြင်မှု ရနိုင်သည်ဟု ကျွမ်းကျင်သူများက ခန့် မှန်းထားသည်။

 အဓိက အခက်အခဲမှာ ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်မှုအတွက် ရင်းနှီးမြှုပ်နှံမှု သည် စွန့်စားရမှုကြီးမားသည်။ ကာကွယ် ဆေး စမ်းသပ်မှုများ၏ ၈၀ ရာခိုင်နှုန်းသည် လက်တွေ့စမ်းသပ်မှုသို့ မရောက်မီ ကနဦး အဆင့်မှာပင် ပျက်ပြားသွားကြသည်။

ကာကွယ်ဆေးကို ဘီလျံနှင့်ချီပြီး အလျင်အမြန် ထုတ်လုပ်ရန် လိုအပ်သောကြောင့် အလားအလာရှိသော ကာကွယ်ဆေးကို စမ်းသပ်မှု အောင်မြင်ချိန်အထိ မစောင့်ဘဲ အမြောက်အမြား ထုတ်လုပ်နိုင်စွမ်း လိုအပ်သည်။

 

 


READ NEXT
Cancel OK