Top News

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက နယ်စပ်များ ပြန်ဖွင့်ရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲနေ
24htopnews | October 23, 2024 8:12 AM CST

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ဥရောပနယ်စပ်များအား ဇူလိုင် ၁ တွင် တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ရေးနှင့်ပတ်သက်၍ ဇွန် ၂၆ တွင် သဘောထားကွဲလွဲခဲ့ကြသော်လည်း ဗိုင်းရပ်စ်ကူးစက်မှု အရှိန်ရနေ ဆဲဖြစ်သည့် အမေရိကန်မှလာသူများအား ပိတ်ပင်မှုကိုမူ ဆက်လက်ထားရှိရန် သဘော တူခဲ့ကြသည်ဟု သံတမန်များက ပြောကြားခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှင့်သက်ဆိုင်သော အထူးသဖြင့် တရုတ်ထံမှ အချက်အလက်များ၏ ခိုင်မာစိတ်ချရမှုကို အဖွဲ့ဝင် နိုင်ငံအချို့က စိုးရိမ်နေကြမှုနှင့်အတူ နယ်စပ်များအား ပြန်လည်ဖွင့်လှစ်ရန်အတွက် လိုအပ်သော စံများစာရင်းကို ရေးဆွဲရန် ဥရောပ သမဂ္ဂသံတမန်များက ရက်ပေါင်းများစွာ အ ချေအတင်ဆွေးနွေးခဲ့ကြသည်။

ဥရောပနိုင်ငံများသို့ လွတ်လပ်စွာ ခရီးသွားရောက်ခွင့်ရမည့် နိုင်ငံပေါင်း ၁၈ နိုင်ငံ ၏စာရင်းနှင့်ပတ်သက်၍ သဘောထားကွဲလွဲခဲ့ကြပြီး ထိုစာရင်းအား ဇွန် ၂၇ အထိ နောက် ဆုံးထား၍ အတည်ပြုချက်ပေးရန် အဖွဲ့ဝင် အစိုးရများအား အချိန်ပေးခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့ကြသည်။

တရုတ်မှ လာရောက်သောခရီးသွားများအား ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်သော်လည်း ပကျင်းကလည်း အပြန်အလှန်ဝင် ရောက်ခွင့်ပြုရမည်ဖြစ်ကြောင်း သတ်မှတ်ခဲ့သည်ဟု ထိုသတင်းရင်းမြစ်များက ပြောကြား ခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို မထုတ်ပြန်ခဲ့ပေ။

ထို ၁၈ နိုင်ငံစာရင်းအား ပေါ်တူဂီနှင့် ဂရိတို့က ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပြီး ထိုနှစ်နိုင်ငံစလုံး၏ ခရီးသွားကဏ္ဍများသည် အနည်းဆုံးအားဖြင့် နွေရာသီအားလပ်ရက် ကာလအချို့ကြောင့် ပြန်လည်အဖယ်ဆယ်  နိုင်ရန် မျှော်လင့်နေကြကြောင်း သံတမန်တစ်ဦးက ပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်းအား အလွန်အမင်း မှီခိုနေရသောနိုင်ငံများက နယ်စပ်များအား ဖြစ်နိုင်သမျှ မြန်မြန် ပြန်လည်ဖွင့်လှစ်ရန်လို လားနေကြကြောင်း ဥရောပသမဂ္ဂသံတမန်များက ပြောကြားခဲ့ကြသည်။

သို့သော် နိုင်ငံအချို့ကမူ သီတင်းပတ် ရှစ်ပတ်ကြာမြင့်မည့် ခရီးသွားရာသီကို ကယ်တင်ရန်သည် အရေးပါဖွယ်ရှိသော်လည်း အလျင်အမြန် ဖွင့်လှစ်ရန်ကိုမူ တွန့်ဆုတ်နေ ကြသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ မဖြစ်မနေ လာရောက်ရမည့်ခရီးစဉ်များမှလွဲ၍ ကျန်သော ခရီးသွားလာမှုများအား မတ်လ လယ်နောက်ပိုင်း ပိတ်ပင်ထားခဲ့ပြီး ကပ်ရောဂါသည် အနည်းဆုံးအားဖြင့် ဥရောပတွင် အရှိန်လျော့လာနေစဉ် ဇူလိုင် ၁ မှစတင်၍  ကန့်သတ်မှုများအား တဖြည်းဖြည်းဖြေလျှော့ ရန် ပြင်ဆင်နေကြသည်။

သို့သော် ဂရိသည် တရုတ်နှင့် တောင်ကိုရီးယားတို့အပါအဝင် ဥရောပကို ကျော်လွန်၍ နိုင်ငံအများအပြားမှ ခရီးသွားများအား လက်ခံရန် လေဆိပ်များကို ပြန်လည် ဖွင့်လှစ်ထားပြီးဖြစ်သည်။ ဥရောပသဘော တူညီချက်သည် အလွန်အမင်း အရေးကြီးကြောင်း စပိန်အစိုးရပြောခွင့်ရပုဂ္ဂိုလ် မာရီယာဂျီးဆပ်မွန်တီရိုးက ပြောကြားခဲ့သည်။

နယ်စပ်ထိန်းချုပ်မှုများသည် နိုင်ငံလုံးဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာဖြစ်နေဆဲဖြစ်ပြီး အစိုးရများက ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် အဆုံးသတ်နိုင်ဆဲအချိန်တွင် ဘရပ်ဆဲလ်၌ မည်သည့်အရာကို ဆုံးဖြတ်ချက် ချ မှတ်သည်ဖြစ်စေ အကြံပြုချက်အဖြစ်သာ အကျုံးဝင်နေမည်ဖြစ်သည်။

ခရီးသွားရည်ရွယ်ချက်များအတွက် ဗြိတိန်အား Brexit အလွန် အသွင်ကူးပြောင်း ရေးကာလပြီးဆုံးသည့်အချိန်အထိ ဥရောပ သမဂ္ဂ၏အဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်သွား မည်ဖြစ်သည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ် သော လေးနိုင်ငံသည် အဖွဲ့၏ နိုင်ငံကူးလက် မှတ်ကင်းလွတ်ဇုန် Schengen ၏ အဖွဲ့ဝင် များ ဖြစ်ကြသည်။

စံသတ်မှတ်ချက်များအား အတည်ပြုချက် ရရှိပြီး အဖွဲ့ဝင်နိုင်ငံများက အခြားနိုင်ငံ များ၏ ဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ အချက်အလက်များ ထုတ်ပြန်မှု မှန်ကန်ကြောင်း သဘောတူခဲ့လျှင်ပင် အမေရိကန်၊ ဘရာဇီး နှင့် ကနေဒါတို့မှ ခရီးသွားများကို ဆက်လက် ပိတ်ပင်ထားမည်ဖြစ်သည်။ ဂျပန်၊ သြစတြေးလျ၊ မော်ရိုကို၊ ဗင်နီဇွဲလား၊ အိန္ဒိယ၊ ကျူးဘား နှင် ့ဘော်လ်ကန်နိုင်ငံများမှ ဝင်ရောက်လာသူများကိုမူ ကြိုဆိုလက်ခံနိုင်ခြေ မြင့်မားကြောင်း သိရသည်။

 


READ NEXT
Cancel OK