ခရစ္စမတ်အားလပ်ရက်များ မတိုင်မီ သြစတြီးယားနိုင်ငံတွင် နိုဝင်ဘာ ၂၂ ရက်၌ စျေးဆိုင်များ၊ စားသောက်ဆိုင်များကို ပိတ်ခဲ့ပြီး lockdown စည်းမျဉ်းများ ပြန်လည်ချမှတ်ခဲ့ကာ ယင်းစည်းမျဉ်းများသည် အနောက်ဥရောပတွင် လပေါင်းများစွာအတွင်း သိသာထင်ရှားသည့် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်စည်းမျဉ်းများ ဖြစ်လာခဲ့သည်။
ယင်းဆုံးဖြတ်ချက်အပေါ် ကန့်ကွက်မှုများ ပြင်းပြင်းထန်ထန်ထွက်ပေါ်ခဲ့ပြီး သောင်းနှင့်ချီသည့် ဆန္ဒပြသူများက လမ်းမများပေါ် ထွက်လာခဲ့ကြကာ အချို့မှာမူ ဥရောပသို့ရိုက်ခတ်လာသော နောက်ဆုံးဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်လှိုင်းကို တားဆီးနိုင်ရန် အစိုးရအနေဖြင့် လုံလောက်သည့် ဆောင်ရွက်ချက်များ လုပ်ဆောင်နိုင်ခြင်းမရှိဟု ဝေဖန်ပြစ်တင်ခဲ့ကြသည်။
နိုဝင်ဘာ ၂၂ ရက်မနက်ပိုင်းအချိန်တွင် သြစတြီးယားနိုင်ငံရှိ ပြည်သူ ၈.၉ သန်းသည် လုပ်ငန်းခွင်သို့ သွားရောက်ခြင်း၊မရှိမဖြစ် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူခြင်းနှင့် အားကစားပြုလုပ်ခြင်းမှလွဲ၍ နေအိမ်မှထွက်ခွာခွင့် မရရှိတော့ပေ။
ထို့ပြင် သြစတြီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မဖြစ်မနေထိုးနှံရန် ထုတ်ပြန်ခဲ့ပြီး ဥရောပတွင် ယခင်ကယင်းစည်းမျဉ်း ထုတ်ပြန်ထားသည့် တစ်ခုတည်းသောနိုင်ငံမှာ ဗာတီကန်နိုင်ငံဖြစ်သည်။
COVID-19 ပထမဆုံးပေါ်ပေါက်လာချိန်ကတည်းက နှစ်နှစ်နီးပါးအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်ခြင်းနှင့် ရင်ဆိုင်နေရချိန်တွင် ဥရောပရှိ နိုင်ငံအများအပြား၌ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်စည်းမျဉ်းများကို ပြန်လည်ပြဋ္ဌာန်းခဲ့ပြီး စားသောက်ဆိုင်နှင့် ဘားများကဲ့သို့ နေရာများတွင် ကာကွယ်ဆေး မထိုးနှံရသေးသူများကို တားမြစ်သည့် စည်းမျဉ်းများ ထုတ်ပြန်ထားသည်။
သြစတြီးယား၏ အစောပိုင်း ကတိကဝတ်များ၌ တင်းကျပ်သော ဗိုင်းရပ်စ်ကန့်သတ်ချက် စည်းမျဉ်းများသည် အတိတ်ကာလက ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းသာ ဖြစ်လိမ့်မည်ဟု ဆိုသည်။
နွေရာသီကုန်လွန်ခဲ့ပြီးနောက် အတိုင်ပင်ခံဟောင်း ဆီဘက်စတီယန်ကာ့ဇ်က ကပ်ရောဂါကို ကျော်လွန်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
သို့သော် ကာကွယ်ဆေးထိုးနှံမှုနှုန်း တန့်သွားခြင်း၊ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်လာခြင်းနှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်း မြင့်တက်လာခြင်းတို့သည် အစိုးရအား အတိတ်ကာလက ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်စည်းမျဉ်းများ ထုတ်ပြန်ခဲ့သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။
အောက်တိုဘာလက အတိုင်ပင်ခံ တာဝန်ထမ်းဆောင်ခဲ့သည့် အလက်ဇန်းဒါးရှလန်ဘာ့ဂျ်က ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးနေမှုကို ရှက်စဖွယ်ဖြစ်စဉ်တစ်ခုအဖြစ် ဝေဖန်ပြောကြားခဲ့ပြီး ကာကွယ်ဆေး မထိုးနှံရသေးသူများကို ပြည်သူပိုင်နေရာများသို့ သွားရောက်ခွင့် တားမြစ်ပိတ်ပင်ခဲ့သည်။
သြစတြီးယားနိုင်ငံတွင် ကာကွယ်ဆေးနှစ်လုံး အပြည့်ထိုးနှံပြီးသူ ၆၆ ရာခိုင်နှုန်းသာရှိပြီး ပြင်သစ်တွင် ကာကွယ်ဆေးနှစ်လုံး အပြည့်ထိုးနှံပြီးသူ ၇၅ ရာခိုင်နှုန်းရှိသောကြောင့် ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှုန်းများစွာ နှောင့်နှေးလျက်ရှိသည်။
“အစိုးရအနေနဲ့ လာမယ့်ကူးစက်မှုလှိုင်းအတွက် ပြင်းထန်တဲ့ သတိပေးချက်တွေ မလုပ်ဆောင်ခဲ့ပါဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ သောမတ်စ်ဟိုဖာက ရှလန်ဘာ့ဂျ်ကို ပြစ်တင်ပြောကြားခဲ့သည်။
-
ထရန့်က ကုန်သွယ်ရေးနှင့် ပညာရေးဝန်ကြီးရာထူးနေရာများအတွက် အမည်စာရင်းတင်သွင်း
-
ဝေဖန်ခံနေရသည့် အသင်းဖော် ချူပိုမိုတင်းကို ဘာပေ အားပေး
-
ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ဟု ကော်တင်ဟို ပြောကြား
-
သထုံမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် Puma Power စက်သုံးဆီအရောင်းဆိုင် မန်နေဂျာကို ၁၀ ရက်ကြာသည်အထိ အဆက်အသွယ်မရသေး
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး