အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်သည် ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်သည့် ဟောင်းဝပ် လတ်နစ်ကို ကုန်သွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်းသွင်းခဲ့သည်။
Cantor Fitzgerald ဘဏ္ဍာရေးကုမ္ပဏီ၏ အလုပ်အမှုဆောင်ချုပ်ဖြစ်သည့် လတ်နစ်သည် ထရန့်၏ အာဏာလွှဲပြောင်းရေးအဖွဲ့ တွဲဖက်ဥက္ကဋ္ဌဖြစ်ပြီး ထရန့်အစိုးရအဖွဲ့၏ အခွန်နှင့် ကုန်သွယ်ရေးလုပ်ငန်းစဉ်များကို ဦးဆောင်ရမည်ဖြစ်သည်။
ထို့ပြင် နပန်းဖျော်ဖြေရေးပြိုင်ပွဲဖြစ်သည့် WWE ၏ အလုပ်အမှုဆောင်ဟောင်း လင်ဒါ မက်မဟွန်းကိုလည်း ပညာရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခဲ့သည်။
ထရန့်၏ အာဏာလွှဲပြောင်းရေးအဖွဲ့ တွဲဖက်ဥက္ကဋ္ဌတစ်ဦးဖြစ်သည့် WWE စီအီးအိုဟောင်း မက်မဟွန်း၏ ဇနီးဖြစ်သူ လင်ဒါမက်မဟွန်းသည် ယခင် ထရမ့်၏ ပထမသက်တမ်းကာလအတွင်း ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အသေးစားစီးပွားရေးအုပ်ချုပ်ရေးဌာန၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။
Ref:BBC
-
ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
-
■ နည်းပြဘဝအတွက် အူန်ယွန်းဘာလင်ကို ရွေးချယ်ခဲ့ခြင်းဟု ဘိုနူချီ ဆို
-
■ ရီးယဲလ်နှင့် ကာမာဗင်ဂါ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်
-
■ မာဆေးလ်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဝယ်ယူနိုင်ခဲ့ပါက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထား
-
■ လီဗာပူးလ်အသင်း၏ ရှယ်ယာအချို့ကို အသင်းပိုင်ရှင်များဖြစ်သည့် FSG က အမေရိကန်လုပ်ငန်းစု Dynasty Equity သို့ ရောင်းထုတ်