Top News

ဓနုဖြူမြို့နယ်မှ ရေဘေးသင့် ကျေးရွာ(၆)ရွာသို့ Malaysian Association Myanmar နှင့် မလေးရှား-မြန်မာ ကုန်သည်ကြီးများ အသင်းဝင်များနှင့်အတူ ကမ္ဘောဇဘဏ်မှ ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်း
24htopnews | October 1, 2024 3:12 PM CST

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ဖုန်းဆိုတောင်ကျေးရွာအုပ်စုမှ ရေဘေးသင့် ကျေးရွာ(၆)ရွာသို့ Malaysian Association Myanmar နှင့် မလေးရှား-မြန်မာ ကုန်သည်ကြီးများ၏ အသင်းဝင်များနှင့်အတူ ကမ္ဘောဇဘဏ်ဝန်ထမ်းများက ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်၊ ဖုန်းဆိုတောင်ကျေးရွာအုပ်စုမှ ရေဘေးသင့်ကျေးရွာများဖြစ်သော သံလွင်ငူကျေးရွာ၊ ယင်းကထစ်ကျေးရွာ၊ တောင်ဇီးကျေးရွာ၊ ကျုံကောက်ကျေးရွာ၊ ဂရက်ကလှိုင်ကျေးရွာ၊ ကျောင်းရွာကျေးရွာများသို့ စက်တင်ဘာ (၂၉) ရက်တွင် ရေဘေးသင့်မိသားစု (၁၀၀) အတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲ‌‌ခြောက်နှင့် ပဲ စသည်တို့ကို ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် မိသားစု (၅၀၀) အတွက် အကိုက်အခဲပျောက်သောက်ဆေးနှင့် လိမ်းဆေး၊ အနာလိမ်းဆေး၊ အစာအိမ်ဆေးနှင့် BPI ဓာတ်ဆားအစရှိသည့် အိမ်သုံးဆေးဝါးများကိုလည်း My- Medicine မှ ဝယ်ယူ၍ ထပ်လောင်းပံ့ပိုးလှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူလော ကုတ္တရာမဟာစည် ဘုန်းကြီးကျောင်းမှ ရေဘေးသင့် အိမ်ထောင်စု (၂၅၀)နှင့် ရွှေလင်းယုန်ဘုန်းကြီးကျောင်းမှ ရေဘေးသင့် အိမ်ထောင်စု (၁၀၀)တို့အတွက် ဆန်၊ ငါးနီတူခြောက်ကြော်၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ပုစွန်ဘာလချောင်ကြော်၊ ပုစွန်ခြောက်ငါးပိကြော်၊ အသင့်စား ချဉ်ပေါင်ကြော်ဘူး၊ ရေသန့်နှင့် အဝတ်အစားများကို စက်တင်ဘာ (၃၀) ရက်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK