Top News

ကြည့်မြင်တိုင်မြို့နယ်ရှိ ရပ်ကျေးရုံးနှစ်ရုံးတွင်ပေါက်ကွဲမှုဖြစ်ပွား Smart Card ပြုလုပ်နေသူ ၁၀ ဦးကျော်ဒဏ်ရာရ
24htopnews | September 30, 2024 7:12 PM CST

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက်နှင့်အလတ်ချောင်းရပ်ကွက်တို့ရှိ ရပ်ကျေးရုံးများတွင် ယနေ့ စက်တင်ဘာ ၃၀ ရက်မွန်းတည့် ၁၂ နာရီကျော်ခန့်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

စက်ဆန်းရပ်ကွက်နှင့်အလတ်ချောင်းရပ်ကွက်တို့ရှိ ရပ်ကျေးရုံးများတွင် Smart Card များပြုလုပ်ပေးနေစဉ် ရေဘေးသင့်ဒေသများသို့ပို့ဆောင်ရန် အလှူခံရရှိထားသည့် ဆန်အိတ်တစ်လုံးနှင့်စက္ကူပုံးတစ်လုံးအတွင်းတို့မှ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” စုံစမ်းသိရသလောက်ဆိုရင် ရေဘေးအတွက်ဆိုပြီးလာလှူထားတဲ့ ဆန်အိတ်နဲ့စက္ကူပုံးထဲမှာ မိုင်းထောင်ထားပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတဲ့လူများတယ်။ ဒီဖြစ်စဉ်ကိုသုံးသပ်ရမယ်ဆိုရင် ရေဘေးဒုက္ခကြုံနေရတာကိုအခွင့်ကောင်းယူပြီး လှူမယ့်ပစ္စည်းတွေထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေထည့်ပြီးတိုက်ခိုက်တာက လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ပေါက်ကွဲမှုကြောင့် Smart Card ပြုလုပ်နေသည့် ယင်း ရပ်ကွက်များအတွင်းနေထိုင်သူ ၁၀ ဦးကျော်ခန့်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းကားများဖြင့် အမှတ်(၂)တပ်မတော်ဆေးရုံ(ခုတင် ၅၀၀)သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK