Top News

ရေဘေးသင့်ပြည်သူများအား လှူဒါန်းရန် ရည်ရွယ်ပြီး ဖူဆယ်ဘောလုံးပြိုင်ပွဲ စတင် ကျင်းပ
24htopnews | September 25, 2024 1:12 AM CST

ရေဘေးသင့်ပြည်သူများအား လှူဒါန်းရန်  ရည်ရွယ်ပြီး  ဖူဆယ်ဘောလုံးပြိုင်ပွဲ အား စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏ ဖူဆယ်ရုံတွင် စတင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် YW FC ၊  Music FC ၊  Friends FC နှင့် Movie FC တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်းပတ်လည်စနစ်ဖြစ်ကြောင်း သိရသည်။

ပထမဆုံးယှဉ်ပြိုင်မှုအနေဖြင့် စက်တင်ဘာ ၂၄ ရက်တွင် အမျိုးသမီးအသင်းဖြစ်သည့် YW FC နှင့် အဆိုတော် ယုန်လေး၊ ရာဝန၊ မင်းသန့် ၊ ရော်ရွက်နှင့် အဆိုတော်များ ပါဝင်သည့် Music FC တို့ ယှဉ်ပြိုင်ကစားခဲ့ပြီး YW FC ၂ ဂိုး - ၆ ဂိုး Music FC ရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ဒုတိယပွဲစဉ်အဖြစ်  မာန်ဟိန်း ဦးဆောင်လာသည့်  Friends FC နှင့်  ပိုင်ဇေရဲထွန်း၊ သူထူးစံ၊ ထွန်းထွန်း၊ မိုးယံဇွန်နှင့် အခြားသရုပ်ဆောင်များ ပါဝင်သည့် Movie FC တို့ ယှဉ်ပြိုင်ကစားခဲ့ပြီး အကြိတ်အနယ်ရှိခဲ့ကာ ပရိသတ်အားပေးမှုများပြားခဲ့သည်။အဆိုပါပွဲတွင် Friends FC မှ ၈ ဂိုး -  ၃  ဂိုးMovie FC ရလဒ်ထွက်ပေါ်ခဲ့သည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် ရည်ရွယ်ပြီး ပြုလုပ်ကျင်းပသည့် ရန်ပုံငွေပွဲအား စက်တင်ဘာ ၂၄ ရက်မှ စတင်ကာ စက်တင်ဘာ ၂၇ ရက်အထိ ပြုလုပ်ကျင်းပမည်ဖြစ်ပြီး ရရှိလာသည့် အလှူငွေများအား ရေဘေးသင့်ပြည်သူများထံသို့ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK