Top News

လီလီယန်သူရမ်၏ သားဖြစ်သူ မားကပ်စ်သူရမ်အား လီဗာပူးလ် ဆက်သွယ်ခဲ့
24htopnews | September 19, 2024 8:12 PM CST

ဂျာမန်ကလပ် မိုချန်ဂလာဘတ်အသင်းတွင် ခြေစွမ်းပြနေသော ပြင်သစ်တိုက်စစ်မှူး မားကပ်စ်သူရမ် (၂၃ နှစ်)အား ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း လီဗာပူးလ်အသင်းက ဆက်သွယ်ခဲ့ကြောင်း ဘော လုံးဝေဖန်သူ ဗယ်လ်နီဂရီက ပြင်သစ်သတင်းစာ El Pais သို့ ထုတ်ဖော်ပြောကြားခဲ့သည်။

၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းတွင် ခြေစွမ်းပြခဲ့သည့်နောက်ခံလူဟောင်း လီလီယန်သူရမ်၏ သားဖြစ်သူ မားကပ်စ်သူရမ်သည် ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေပြီး မန်ယူ၊ လီဗာပူးလ်အသင်းများက စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်ခဲ့သူဖြစ်သည်။

မားကပ်စ်သူရမ်သည် ပြီးခဲ့သည့် အင်္ဂါနေ့က ရီးယဲလ်နှင့်ကစားခဲ့သော ချန်ပီယံလိဂ်ပွဲတွင် အသင်းအတွက် ဦးဆောင်ဂိုး(၂)ဂိုး သွင်းယူပေးခဲ့သည်။


READ NEXT
Cancel OK