Top News

ဂျာမန်လိဂ်ပွဲစဉ်များကိုကွင်းပိတ်ကစားရန် အစိုးရညွှန်ကြား
24htopnews | September 19, 2024 8:12 PM CST

ဂျာမန်အစိုးရသည် ဂျာမန်ပြည်တွင်းလိဂ်ပွဲစဉ်များကို ကွင်းပိတ်ကစားရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလလယ်ပိုင်းတွင် စတင်ခဲ့သည့် ၂၀၂၀-၂၁ ရာသီ ဘွန်ဒစ်လီဂါနှင့် ဘွန်ဒစ်လီဂါ-၂ ပြိုင်ပွဲများတွင် ဂျာမန်အစိုးရက ပြည်နယ်အလိုက် အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ပရိသတ်များကို အကန့်အသတ်ဖြင့် ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့သည်။

သို့သော် ယခုရက်ပိုင်းတွင် ဂျာမနီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုမှာ ပြန်လည်မြင့်တက်လာကြောင်း သိရသည်။

ထို့ကြောင့် ဂျာမန်အစိုးရက ဂျာမန်လိဂ်ပွဲစဉ်များကို  ကွင်းပိတ်ကစားရန် အောက်တိုဘာ (၂၈)ရက်က ညွှန်ကြားခဲ့သည်။ 


READ NEXT
Cancel OK