Top News

လီဝန်ဒေါစကီးကို ငွေညှစ်သည့်အေးဂျင့်ဟောင်း အဖမ်းခံရ
24htopnews | September 19, 2024 8:12 PM CST

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ငွေညှစ်ခဲ့သည့် ၎င်း၏အေးဂျင့်ဟောင်းဖြစ်သူ ကူချာစကီးသည် အောက်တိုဘာ (၂၇)ရက်နေ့ တွင် ပိုလန်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။

ပိုလန်မီဒီယာများ၏ဖော်ပြချက်အရ ကူချာစကီးသည် အတိတ်က လီဝန်ဒေါစကီးနှင့် အကျိုးတူ စီးပွားရေးလုပ်ငန်းတစ်ခု ပြုလုပ်ခဲ့ပြီး ယင်းအတွက် ယူရိုသန်း (၂၀) ရရှိရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် လီဝန်ဒေါစကီးကမူ ကူချာစကီးကို ငွေကြေးပေးချေရန်မရှိကြောင်း ငြင်းဆိုခဲ့သည်။

ပိုလန်လက်ရွေးစင်ဟောင်း ကူချာစကီးသည် လီဝန်ဒေါစကီး၏အေးဂျင့်အဖြစ် (၁၀) နှစ်ကြာဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လမ်းခွဲခဲ့သည်။

၎င်းတို့နှစ်ဦးသည် ၂၀၁၄ တွင် စာချုပ်ကိစ္စများကိုဆောင်ရွက်ရန် ကုမ္ပဏီထူထောင်ခဲ့ပြီး ယင်းနှစ်မှာပင် ဖျက်သိမ်းခဲ့ရသည်။

ယခုအခါ လီဝန်ဒေါစကီး၏တိုင်ကြားမှုကြောင့် ပိုလန်ရဲများက ကူချာစကီးကို ဖမ်ဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


READ NEXT
Cancel OK