Top News

ကာဂလီယာရီမှာ ၎င်းအတွက် နောက်ဆုံးကလပ်ဖြစ်နိုင်သည်ဟု ရာနီရေးရီ ဝန်ခံ
24htopnews | September 19, 2024 7:12 PM CST

ကာဂလီယာရီနည်းပြ ရာနီရေးရီက ကာဂလီယာရီအသင်းမှာ ၎င်းကိုင်တွယ်သည့် နောက်ဆုံးကလပ်ဖြစ်နိုင်ကြောင်း  ဝန်ခံပြောကြားခဲ့သည်။

အသက် (၇၁) နှစ်အရွယ်ရှိ ရာနီရေးရီသည် နည်းပြဘဝတွင် ကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၅-၁၆ ရာသီတွင် လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။

ရာနီရေးရီက ''ကျွန်တော့်ရဲ့နည်းပြဘဝကို ကာဂလီယာရီမှာပဲ အဆုံးသတ်မယ်ထင်ပါတယ်။ ခြွင်းချက်အနေနဲ့ နိုင်ငံအသင်းကောင်းတစ်သင်းက ကမ်းလှမ်းလာရင်တော့ နည်းပြအလုပ်ကို ဆက်လုပ်ဖြစ်လောက်ပါတယ်။ ဂရိနည်းပြရာထူးက ထွက်ခွာခဲ့ရတုန်းက ကျွန်တော် ဝမ်းနည်းခဲ့ရပါတယ်''ဟုဆိုခဲ့သည်။

ရာနီရေးရီသည် ကာဂလီယာရီနှင့် ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုထားသည်။ 


READ NEXT
Cancel OK