Top News

ပရီးမီးယားလိဂ် သို့မဟုတ် ချန်ပီယံလိဂ်ပွဲများကို အမေရိကတွင် လာရောက်ကစားသင့်ကြောင်း နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူး ဖိတ်ခေါ်
24htopnews | September 19, 2024 7:12 PM CST

ပရီးမီးယားလိဂ် သို့မဟုတ် ချန်ပီယံလိဂ်ပွဲများကို အမေရိကတွင် လာျရာက်ကစားစေချင်ကြောင်း နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး ဖီးလ်မာဖီက ဖိတ်ခေါ်ခဲ့သည်။

ဇူလိုင်လ(၂၂) ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အာဆင်နယ်-မန်ယူ ရာသီကြိုခြေစမ်းပွဲကို ပရိသတ် (၈၂၀၀၀)ဦး လာရောက် ကြည့်ရှုခဲ့ပြီး ယင်းပွဲပြီးနောက် မာဖီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အင်္ဂလိပ်ဘောလုံးအနေဖြင့် ရွေးချယ်ခွင့်ရှိသည့်အနေအထားတစ်ခုကို စဉ်းစားသင့်ကြောင်း မာဖီက မှတ်ချက်ပြုသွားခဲ့သည်။

''စစ်မှန်တဲ့ ပြိုင်ပွဲ ပွဲစဉ်တစ်ပွဲ အမေရိကရဲ့ ဘယ်နေရာမှာ ကစားတာဖြစ်ဖြစ် ရှိလာခဲ့ရင်တော့ ကျွန်တော်တို့ သေမတတ်ဖြစ်သွားနိုင်တယ်။ နယူးယောက်/နယူးဂျာစီမှာ ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲ ကစားတာမျိုးပေါ့။ ဒါက အရာရာကို လွှမ်းမိုးသွားနိုင်တယ်။ ဥရောပမှာရှိတဲ့ ဘောလုံးကလပ်တွေဟာ ဖြစ်ကတတ်ဆန်း မလုပ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ယူနိုက်တက်နဲ့ အာဆင်နယ်ပွဲက ကောင်းမွန်တဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် ကျွန်တော် ယူဆပါတယ်။ သူတို့ရဲ့ အကောင်းဆုံးကစားသမားတွေကို ထည့်သွင်းကစားခဲ့ကြတယ်။ နယူးယောက်/နယူးဂျာစီမှာ ပရိသတ် (၈၂၀၀၀)လောက် လာကြည့်တယ်။ ဘာစီလိုနာက ရီးယဲလ်မက်ဒရစ်နဲ့ ပုံမှန်ရာသီပွဲစဉ်ကို နယူးဂျာစီမှာ ကစားတာမျိုး ဒါမှမဟုတ် ချန်ပီယံလိဂ်ပွဲတစ်ပွဲကိုပေါ့။ ဒီလိုဖြစ်လာမယ်လို့ ကျွန်တော် တွေးထားပါတယ်''ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး မာဖီက ပြောကြားခဲ့သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သည် မကြာသေးမီနှစ်များက ပရီးမီးယားလိဂ် ပွဲစဉ် ၃၉ ကို ပြည်ပတွင် ကစားမည့်အစီအစဉ် ဖြစ်မြောက်လာရန် ကြိုးပမ်းခဲ့သော်လည်း အကောင်အထည်မပေါ်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK