Top News

အင်တာမီလန်တွင် ပျော်ရွှင်နေသော်လည်း အနာဂတ်ကို ကြိုမသိနိုင်ကြောင်း လော်တာရိုမာတီနက်ဇ် ပြောကြား
24htopnews | September 19, 2024 12:12 AM CST

အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်က မိမိအနေဖြင့် အသင်းတွင် ပျော်ရွှင်နေသော်လည်း အနာဂတ်ကို ကြိုမသိနိုင်ကြောင်း ပြောကြားခဲ့သည်။ 

လော်တာရိုမာတီနက်ဇ်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်ခဲ့သူ ဖြစ်သည်။ 

အင်တာမီလန်အတွက် ယခုရာသီ စီးရီးအေ (၅)ပွဲတွင် (၃)ဂိုး သွင်းယူထားသူ လော်တာရိုမာတီနက်ဇ်က လက်ရှိတွင် မိမိအနေဖြင့် အသင်းအတွက် အပြည့်အဝအာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။ 

လော်တာရိုမာတီနက်ဇ်က "ခြေစွမ်းပိုမိုတိုးတက်ဖို့အတွက် ကျွန်တော် ကြိုးစားနေပါတယ်။ ကျွန်တော်ဟာ အင်တာမီလန်အသင်းရဲ့ ကစားသမားဖြစ်ပြီး အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးချင်ပါတယ်။ အခု အင်တာမီလန်မှာ ကျွန်တော် ပျော်ရွှင်နေပြီး ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာကို ကျွန်တော် မသိပါဘူး"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၃)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူ ဖြစ်ပြီး ၎င်းကို ခေါ်ယူရန် ဘာစီလိုနာနှင့် ဥရောပထိပ်တန်းအသင်းအချို့က စိတ်ဝင်စားနေကြကြောင်း သိရသည်။


READ NEXT
Cancel OK