မွန်ပြည်နယ် ရေးမြို့နယ် ကျောက်မိချောင်း (တောင်ပိုင်း) ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းမြင့် မှာ ဇူလိုင်လ (၂၂) ရက်၊ မွန်းလွဲပိုင်းအချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဦးဝင်းမြင့်မှာ ကျောက်မိချောင်း (တောင်ပိုင်း) ကျေးရွာအဝင်လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“သေနတ်သံကအချက်အများကြီးပဲကြားလိုက်ရတယ်။ ပြီးတော့မှ အုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရတယ်ဆိုတာ သိရတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ကျောက်မိချောင်း (တောင်ပိုင်း) ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းမြင့် အား သတိပေးစာအကြိမ်ကြိမ်ပေးပို့ပေမယ့်၊ လိုက်နာခြင်းမရှိသည့်အတွက် ဇူလိုင်လ (၂၂) ရက်၊ မွန်းလွဲ (၂) နာရီခွဲအချိန်က ကျေးရွာလမ်းတွင် သေနတ်ဖြင့် (၁၄) ချက် ပစ်ခတ်ပြီး ရှင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့မှ ၎င်းတို့အသုံးပြုနေသည့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်ကလည်း ရေးမြို့နယ်၊ လမိုင်းမြို့၊ ကော့ဒွတ်ကျေးရွာရှိ သုဿာန်တွင် ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်စန်းဝင်း နှင့် မော့ကနင်ကျေးရွာသား ကိုဇော် ဆိုသူတို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အတူ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂) ရက်ကလည်း ရေးမြို့နယ် အစင်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်မြင့်မှာ ရေးမြို့ ၎င်းနေထိုင်ရာ အစင်ကျေးရွာသို့ မော်တော်ကားဖြင့် ပြန်လာစဉ် ရေးမြို့နယ် အဘော်ကျေးရွာအဝင်လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်များအရ သိရသည်။
-
သထုံမြို့နယ် မြေနီကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းနံဘေးရှိ Puma Power စက်သုံးဆီအရောင်းဆိုင်မှ မန်နေဂျာအမျိုးသမီးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား
-
မန်စီးတီးအသင်းအား (၅)မှတ်ဖြတ်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို မိမိတို့ မျှော်မှန်းနိုင်ပြီဟု လီဗာပူးလ်ကွင်းလယ်ကစားသမား အယ်လစ္စတာ ပြောကြား
-
ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင်ခေါ်ယူရန် မန်စီးတီးအသင်းစီစဉ်
-
ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်လွှတ်ရဖွယ်ရှိကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဝန်ခံပြောကြား
-
ရီးယဲလ်အသင်း၏ ဒဏ်ရာစာရင်းတွင် သုံးဦးထပ်တိုးလာပြီး ဒူးအရွတ် ဒဏ်ရာကြောင့် ရာသီကုန်အထိ မီလီတို အနားယူရဖွယ်ရှိ