မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ သည် နည်းပြဘဝ ပထမဆုံးအကြိမ် လေးပွဲဆက်ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်လွှတ်ရဖွယ်ရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အဖြစ် နိုဝင်ဘာ ၉ ရက်က ဘရိုက်တန်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၂၃ မိနစ်တွင် ဟာလန်းသွင်းယူသည့်ဂိုးဖြင့် ဦးဆောင်ထားနိုင်သော်လည်း ၇၈၊ ၈၃ မိနစ်တွင် နှစ်ဂိုး ပြန်ပေးရကာ ရှုံးပွဲကြုံတွေ့ခဲ့သည်။
မန်စီးတီး အသင်းအနေဖြင့် လိဂ်ဖလား၊ ပရီးမီးယားလိဂ် (နှစ်ပွဲ)၊ ချန်ပီယံလိဂ် လေးပွဲဆက်ရှုံးပွဲကြုံတွေ့ထားပြီး ဂွါဒီယိုလာအတွက် နည်းပြဘဝတစ်လျှောက် ယင်းကဲ့သို့ ပထမဆုံးအကြိမ် ရှုံးနိမ့်ခြင်းဖြစ်သလို မန်စီးတီးအသင်းမှာလည်း ၂၀၀၆ ခုနှစ် သြဂုတ်နောက်ပိုင်း လေးပွဲဆက် ရှုံးနိမ့်မှု ပြန်လည်ရင်ဆိုင်ခဲ့ရသည်။
ယခုပွဲရလဒ်ကြောင့် ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် ငါးမှတ်ပြတ်သွားပြီဖြစ်ရာ ဂွါဒီယိုလာက ပရီးမီးယားလိဂ်ချန်ပီယံဆုကို တခြားအသင်းတစ်သင်းရရှိနိုင်ကြောင်း ဝန်ခံပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ နိုင်ပွဲတွေထပ်ရဖို့ ကြိုးစားရပါမယ်။ လေးပွဲဆက် ရှုံးထားလို့ ကျွန်တော်တို့ ပြောင်းလဲမှုတွေ မြန်မြန်ဆန်ဆန် လုပ်ရပါမယ်။ ပွဲစဉ်ဇယားတွေက ခက်ခဲလာတော့မှာပါ။ ဒါပေမဲ့ ကစားသမားတွေပြန်ရောက်လာတဲ့အခါ နိုင်ပွဲတွေရလာမှာပါ။ ခုနစ်နှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ခြောက်ကြိမ်ရထားပြီဖြစ်လို့ တခြားအသင်းတစ်သင်းက တစ်နှစ်လောက်ရဖို့ ထိုက်တန်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါက အားကစားပါ။ အားကစားဆိုတာ အမြဲတမ်း နေရောင်ခြည်လို တောက်ပနေတာမဟုတ် ပါဘူး။ ကောင်းမွန်တဲ့အခိုက်အတန့်တွေပဲ အမြဲတမ်းမဖြစ်နိုင်ဘူး။ ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ခေတ်ကုန်သွားပြီလားဆိုပြီး ကျွန်တော့်ကို မေးကြတယ်။ လူတွေဘာလိုချင်လဲဆိုတာကို ကျွန်တော်သိပါတယ်" ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
-
ဗြိတိန်တွင် mpox ရောဂါ ကူးစက်မှုဖြစ်စဉ်အသစ် လေးခုတွေ့ရှိ
-
Ballon d'Or ဆုကို ယမားလ် အကြိမ်များစွာ ရယူနိုင်လိမ့်မည်ဟု ဖခင်ဖြစ်သူ ပြောကြား
-
ဆာကာနှင့် ဒက်ကလန်ရိုက်စ်တို့ ဒဏ်ရာထပ်မံရရှိခဲ့ပြီး နိုင်ငံတကာပွဲများအပြီးတွင် ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝရန် ဆုတောင်းနေရဟု အာတီတာ ဝန်ခံ
-
အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ကစားသမား(၈)ဦး နုတ်ထွက်
-
ဖိလစ်ပိုင်တွင် တစ်လအတွင်း စတုတ္ထမြောက် တိုင်ဖွန်းဝင်ရောက်မှုကြောင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း