Top News

မန္တလေး တံတားဦးလေဆိပ်တွင် ပြည်ပမှ ပြန်ရောက်လာသူများအနက် ကိုဗစ် ပိုးတွေ့သူ  ၁၇ ဦး ရှိခဲ့
24htopnews | September 18, 2024 8:13 PM CST

ဓာတ်ပုံ။ ။ - ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့

မန္တလေးတံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယနေ့ဇူလိုင် ၂၃ ရက်အတွင်း ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်ပိုးတွေ့(COVID -19 positive)သူ ၁၇ ဦးအား မန္တလေးမြို့ရှိ လူမှုကယ်ဆယ်ရေးအသင်း သုံးသင်းမှ သွားရောက်ခေါ်ယူကာ သတ်မှတ်နေရာများသို့ပို့ဆောင်မှုပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

လေဆိပ်တွင် ကိုဗစ်ရောဂါပိုး စောင့်ကြည့်စစ်ဆေးမှုအရ စစ်ဆေးသည့်အခါ ကိုဗစ်ပိုးကူးစက်ခံရမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် ရောဂါပိုးတွေ့ရှိသူများ၏ရွေးချယ်မှုအရ ဆေးရုံအပါအဝင် ကွာရန်တင်းဝင်ရန်ဟိုတယ်အချို့သို့ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

"ပိုးတွေ့တဲ့သူတွေကဘန်ကောက်ကနေ ပြန်လာတဲ့သူတွေလို့သိရတယ်။ နေမကောင်းတာနဲ့အခြား ကူးစက်ခံရတဲ့ ရောဂါလက္ခဏာတွေ မဖြစ်ဘူး သာမာန်လူတွေလိုပဲ ဖျားနာမှုမရှိပါဘူ။ Test kit နဲ့စစ်ဆေးတဲ့အခါ Positive အဖြေထွက်တာကြောင့် ပိုးတွေ့အဖြစ်သတ်မှတ်လို့ တံတားဦးလေဆိပ်ကနေ ခေါ်ယူပို့ဆောင်ပေးခဲ့ရတာပါ။ သူတို့ရဲ့ရွေးချယ်မှုအရ ကွာရန်တင်းဝင်တဲ့သဘောမျိုးနဲ့ ဟိုတယ် တစ်ခုနဲ့ ကုတင် ၅၅၀ ဆေးရုံကိုတစ်ယောက်ပို့ပေးခဲ့ရတယ်"ဟု သွားရောက်ခေါ်ယူပို့ဆောင်ပေးခဲ့ရသည့် ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်ရောဂါစောင့်ကြပ်ကြည့်ရှူမှုနှင့်ပတ်သတ်၍ ဇူလိုင်၂၂ ရက်နေ့ ည၈ နာရီ သတင်းထုတ်ပြန်ချက်အရ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၄၉၇၁ ခု စစ်ဆေးခဲ့ရာ ပိုးတွေလူနာသစ် ၁၀ ဦးရှိခဲ့ကြောင်းသိရသည်။

 


READ NEXT
Cancel OK